အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင် ကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့အခမ်းအနားအား ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျကြောင်း၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲတွင် ပါဝင်ဆင်နွှဲ

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲတွင် ပါဝင်ဆင်နွှဲ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်နှင့် ဝန်ထမ်းများအချင်းချင်း ရိုင်းပင်းကူညီစိတ်များထားရှိပြီး စည်းလုံးပျော်ရွှင်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအလေ့အထ များရရှိစေရန်အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Center-1 ရှေ့၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဌာနခွဲအလိုက် ပျော်ရွှင်စွာ ထမနဲထိုးနေကြသည့် ဝန်ထမ်းများအား ကြည့်ရှုအားပေးပြီး ၎င်းအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ဆေးပေးခန်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့် နေရာများအား လိုက်လံကြည့်ရှု

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ဆေးပေးခန်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့် နေရာများအား လိုက်လံကြည့်ရှု နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဆေးပေးခန်း နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့်နေရာများအား လိုက်လံကြည့်ရှု ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဆေးပေးခန်းတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း ပြုလုပ်ထားရှိမှုအခြေအနေများ၊ X Scan စက်နှင့် ကုသရေးအထောက် အကူပြုစက်ပစ္စည်းထားရှိမှုအခြေအနေများ၊ ဆေးဝါးသိုလှောင်ထားရှိမှု အခြေအနေများနှင့် အားကစားသမားများအား နေ့စဉ်အားဆေးတိုက်ကျွေးလျက်ရှိသည့်အခြေအနေများ၊ အားကစားသမားများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများမှ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများမှ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ ၈ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ကြီးဌာနအလိုက် နေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၅၃၅၀၊ ၅၃၅၁ နှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၃၃၁၂၂ နှင့် ၃၃၉၉ တို့အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်အဖွဲ့သည် ဇေယျသိဒ္ဓိ ရပ်ကွက် စံပယ်အိမ်ရာ တိုက်အမှတ် ၃၅ နှင့် ဘောဂသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၆၀၃၊ ၇၄၇၊ ၈၂၁ နှင့် ၈၂၂ တို့အားလည်းကောင်း အဖွဲ့များခွဲ၍ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေ၊ ရေ၊ မီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင် ရှမ်းပြည်နယ်အားကစားကွင်းတွင်ကျင်းပနေသည့် အလွတ်တန်းဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး၍ အားကစားကွင်း/ရုံများ၊ အားကစားလေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင် ရှမ်းပြည်နယ်အားကစားကွင်းတွင်ကျင်းပနေသည့် အလွတ်တန်းဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး၍ အားကစားကွင်း/ရုံများ၊ အားကစားလေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား တောင်ကြီး၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ရောက်ရှိနေသော အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်နည်းပြများ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ စီမံကိန်းပါလုပ်ငန်းဖြစ်သည့် ပြည်နယ်အားကစားကွင်းအတွင်း […]

မြားပစ်အားကစားနည်း အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Loading

မြားပစ်အားကစားနည်း အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၇ မြားပစ်အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေးအတွက်ရည်ရွယ၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပ သည့် မြားပစ်အားကစားနည်းအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြားပစ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးအတွက် ယနေ့အခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်ကို ၁၉၃၁ ခုနှစ်တွင် ပိုလန်နိုင်ငံ၊ ဝါဆောမြို့၌ အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်အထိ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၆၀ ကျော်ရှိပြီးဖြစ်ကြောင်း၊ ၁၉၀၀ ပြည့်နှစ် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် အိုလံပစ်အားကစားပြိုင်ပွဲတွင် အမျိုးသမီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ အားကစားကွင်း/ရုံများ၊ အားကစားလေ့ကျင့်နေမှုများအားကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ အားကစားကွင်း/ရုံများ၊ အားကစားလေ့ကျင့်နေမှုများအားကြည့်ရှုစစ်ဆေး တောင်ကြီး၊ ဖေဖော်ဝါရီ ၈ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ သွားရောက်ခဲ့ပြီး၊ သင်တန်းသားစားရိပ်သာရှိ စားချက်ဆောင်၌ သင်တန်းသား/ သင်တန်းသူများ စားသောက်ရန် ချက်ပြုတ်ပြင်ဆင်မှု၊ စတိုခန်းအတွင်းပစ္စည်းများ သိုလှောင်ထိန်းသိမ်းမှု၊ နေ့စဉ် Menu ဇယားရေးဆွဲ ၍ ချက်ပြုတ်ကျွေးမွေးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ သင်တန်းသားစားရိပ်သာတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန်၊ စားရိပ်သာအတွင်း/ အပြင်အမြဲ သန့်ရှင်းအောင်ထားရှိရန်နှင့်သတ်မှတ်ထားသော နှုန်းထားအတိုင်းပြည့်ဝစွာ ချက်ပြုတ် ကျွေးမွေးရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ကျွေးမွေးခြင်းရှိ/မရှိအား တာဝန်ခံဆရာဝန်နှင့် တာဝန်ရှိသူ များမှနေ့စဉ် အလှည့်ကျစစ်ဆေး၍ နေ့စဉ်စစ်ဆေးချက်မှတ်တမ်းထားရှိဆောင်ရွက် သွားရန်မှာကြားကာ […]

စခန်းဝင်လေ့ကျင့်နိုင်ရေးအတွက် ခြင်းလုံးအားကစားနည်း လူရွေးချယ်ဆန်းစစ်ပွဲကျင်းပ

Loading

စခန်းဝင်လေ့ကျင့်နိုင်ရေးအတွက် ခြင်းလုံးအားကစားနည်း လူရွေးချယ်ဆန်းစစ်ပွဲကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ခြင်းလုံးအားကစား နည်းမှ အားကစားသမားများ စခန်းဝင်လေ့ကျင့်နိုင်ရေးအတွက် လူရွေးချယ်ဆန်းစစ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ခြင်းလုံးအားကစား လေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း)၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲချုပ် နာယက ဦးစိုးတင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်းသောင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။ လူရွေးချယ်ဆန်းစစ်ပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ Event-3 […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနည်းအလိုက် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနည်းအလိုက် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ ၅ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် လူငယ်အားကစား လေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ အားကစားနည်းအလိုက် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း အားကစားနည်းများအလိုက် သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် လေ့ကျင့် လျက်ရှိသည့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အရာထမ်း/ အမှုထမ်းများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အရာထမ်း/ အမှုထမ်းများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၄ ဝန်းထမ်းများလုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရေး၊ အားကစားနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရုံးလုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် စည်းလုံး ညီညွတ်စွာဖြင့် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာဆောင်ရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အရာထမ်း/ အမှုထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့် လိုလားချက်များ၊ ဥပဒေ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည့်အချက်များ၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် ဆောင်ရွက် သွားရမည့်ကိစ္စရပ်များ၊ လေ့ကျင့်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး […]