အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ခြင်းလုံးအားကစားရုံတွင် ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားသမားများနှင့် မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားများ၏ ပူးတွဲလေ့ကျင့်နေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် (၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး အ.ထ.က (၁၈) အောင်မြေသာစံ မြို့နယ်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ လူငယ်ဘဝတွင် ရယ်မောပျော်ရွှင်စွာနေထိုင်ကြရန်၊ လူငယ်များ အားကစားလိုက်စားခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးတွင် ထူးချွန်သူများ ဖြစ်လာနိုင်ကြောင်း၊ အားကစားလုပ်လို့ ပညာရေးညံ့တယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ဖို့လိုကြောင်း၊ အားကစားလိုက်စားသူတိုင်း ကျန်းမာကြံ့ခိုင်ကြောင်း၊ အခြေခံပညာကို တတ်ဖို့လိုကြောင်း၊ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူလေ့လာရန်လိုကြောင်း၊ မူးယစ်ဆေးများကိုမသုံးစွဲကြရန်နှင့် မိတ်ဆွေအပေါင်းအသင်းများများထားရှိရန်လိုကြောင်း၊ ခေါင်းဆောင်မှုအရည်အသွေးတွင် အကျင့်စာရိတ္တ ကောင်းမွန်ဖို့သည် […]

အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

Loading

အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဇန်နဝါရီ(၁၇)။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများအား လာရောက်ကြည့်ရှုလေ့လာခဲ့သည်ကို လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ ပြခန်းတာဝန်ရှိသူတစ်ဦးက လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားများကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၅)။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကလပ်ပေါင်းစုံ တိုက်ကွမ်ဒို အတိုက်၊ ကကွက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို (၁၄-၁-၂၀၂၃ မှ ၁၅-၁-၂၀၂၃)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံတွင် ကလပ် ၁၀ ခုမှ ပြိုင်ပွဲဝင်ကစားသမားများ ၃၈၀ ဦးခန့် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကကွက်ပြိုင်ပွဲများတွင် ဆုရရှိသောအားကစားသမားများအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင်၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေလင်းဦးနှင့်ကလပ်ပေါင်းစုံမှတာဝန်ရှိပုဂ္ဂိုလ်များမှ လည်းကောင်း အတိုက်ပြိုင်ပွဲများတွင် ဆုရရှိသော ကစားသမားများ၊အတန်းလိုက် တံခွန်စိုက်ဆုဖလားများ၊ကကွက်တံခွန်စိုက်ဆုဖလားများ၊အကောင်းဆုံးအားကစားသမားဆုများဆုရရှိသော အားကစားသမားများအား မြန်မာ့နိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်မြို့နယ်အားကစားမှူးများမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး အတိုက်ပြိုင်ပွဲတွင်တံခွန်စိုက်ဆုဖလားရရှိသော Wisdom Hill ကလပ်အသင်းအား ပြည်ထောင်စုနယ်မြေ၊နေပြည်တော် […]

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၃)။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်း ကဏ္ဍအသီးသီးမှ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် (၁၄.၁၂.၂၀၂၂) ရက်နေ့မှ (၄.၁.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအားလုံးကို ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ အလားတူ (၂၉.၁၁.၂၀၂၂)ရက်နေ့မှစတင်လေ့ကျင့်ခဲ့ပြီး (၄.၁.၂၀၂၃)ရက်နေ့အထိ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင်ပါဝင်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ ချီတက်စစ်ကြောင်းနှင့် ထိုင်ကြည့်စစ်ကြောင်းများတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ဒါ့အပြင် (၇၅) […]

၂၀၂၃ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော်ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော်ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇန်နဝါရီလ (၁၀)ရက်။ ဘတ်စကက်ဘောအားကစားနည်းအား မြန်မာနိုင်ငံတစ်ဝှမ်းကျယ်ပြန့်စွာလှုပ်ရှားကစားစေခြင်းဖြင့် ဘတ်စကက်ဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက်လည်း ကောင်း၊ ပြိုင်ပွဲများစဉ်ဆက်မပြတ်ကျင်းပပေးခြင်းဖြင့်မျိုးဆက်သစ်အားကစားသမားများဘတ်စကက်ဘောအားကစားစွမ်းရည်တိုးတက်မြင့်မားပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်အဆင့်အထိရောက်ရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော်ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဌ ဦးအိုင်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြား၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr.ChenHai က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးမြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နာယက၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဌ ၊ ယူနန်အသင်းဥက္ကဌ၊ ဖူကျန့်အသင်းဥက္ကဌ၊ ကွမ်တုန်းအသင်းဥက္ကဌ၊ ကုသိုလ်ဖြစ်အသင်းဥက္ကဌ၊ CECCM အသင်းဥက္ကဌ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများကပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများသို့ ခန့်ထားနိုင်ရေး ရေးဖြေစာမေးပွဲကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများသို့ ခန့်ထားနိုင်ရေး ရေးဖြေစာမေးပွဲကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၁၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန(ရုံးချုပ်)တွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀ -၂၂၆၀၀၀)ရာထူးနေရာများသို့ ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများအား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို  နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ Media Room ၌ ကျင်းပပြုလုပ်ခဲ့ရာ (၁၀.၁.၂၀၂၃)ရက်နေ့တွင်  မြန်မာစာနှင့်အင်္ဂလိပ်စာဘာသာရပ်များအားလည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် အထွေထွေဗဟုသုတဘာသာရပ်အားလည်းကောင်း လာရောက်ဖြေဆိုခဲ့ကြသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် အငယ်တန်းစာရေး၊ ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး နှင့် စာရင်းကိုင်-၄ ရာထူးနေရာများသို့  သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ(၃၃)ဦးတို့မှ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များကို လာရောက်ဖြေဆိုခဲ့ကြသည်။ အဆိုပါ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ လူငယ်ရေးရာဦးစီးဌာနမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲ ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲ ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ (၁1)။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အလေးမအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများကို ဝိတ်တန်းအလိုက် ပြိုင်ပွဲအသွင်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးကျော်စိုးမိုးနှင့် မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။  အဆိုပါ အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၄၅)ကီလိုတန်းတွင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲသွားရောက်လေ့ကျင့်နေသည့် မြန်မာအားကစားအဖွဲ့များနှင့် တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲသွားရောက်လေ့ကျင့်နေသည့် မြန်မာအားကစားအဖွဲ့များနှင့် တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဇန်နဝါရီ(၁၁)။ ၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံအားကစားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ Joint Training ပူးတွဲလေ့ကျင့်မှုပြုလုပ်နေသည့် ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘော်လီဘော၊ ဝူရှူးအားကစားနည်းများမှ လက်ရွေးစင်အားကစားသမားများနှင့်လည်းကောင်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ပြေးခုန်ပစ်၊ ကနူး/ကယက်လှေ၊ အလေးမ ၊ လက်ဝှေ့၊ ဝူရှူးအားကစားနည်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို ယနေ့နံနက်(၁၁)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ မြန်မာ နိုင်ငံအိုလံပစ်ကော်မတီရုံးခန်း၌ Online စနစ်ဖြင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ဦးစွာ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ (၁၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်(၉)နာရီမှ စတင်၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားနစ်အားကစားနည်းမှ အားကစားသမားများ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ဘောလုံးအားကစားသမားများ GYM ကစားနေမှုများကိုလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ပူးတွဲလေ့ကျင့်မှုများပြုလုပ်နေသည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အားကစားသမားများ၏ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားရုံတွင် ဗိုဗီနမ်အားကစားနည်းမှ အားကစားသမားများကို  ဗီယက်နမ်နည်းပြမှ လေ့ကျင့်သင်ကြားပြသပေးနေမှုများကိုလည်းကောင်း၊ ရိုးရာခြင်းလုံး အားကစားရုံတွင် ရိုးရာခြင်းလုံးအားကစားနည်းမှ ခြင်းလုံးအားကစားသမားများ၏ လေ့ကျင့်ကစားနေမှု များကိုလည်းကောင်း၊ Training Hall No.(3)၌ ပိုက်ကျော်ခြင်းအားကစားနည်း၊ ဂွင်းသွင်းခြင်းခတ် အားကစားနည်း (Hoop Takraw)၊ တိုက်ကွမ်ဒို အားကစားနည်းတို့မှ […]