ဗိုဗီနမ် (ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ

ဗိုဗီနမ် (ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ ကမ္ဘောဒီးယား၊ မေ(၄)။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံရှိ မြို့ကြီး(၅)မြို့တို့တွင် ကျင်းပလျက်ရှိရာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (C)၌ ကျင်းပသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) အားကစားနည်း (အမျိုးသား/အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲ၊ ဝါးညှပ်အကပြိုင်ပွဲ၊ လက်သိုင်းအပြပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့မှ အားကစားသမားများ အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ (အမျိုးသမီး)အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆုအားလည်းကောင်း၊ မောင်လှိုင်ချစ်ဦးက (အမျိုးသား) အခြေခံ ပြကွက် (လက်) ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ကြေးတံဆိပ်ဆုအားလည်းကောင်း၊ မမြတ်နိုးဝေက (အမျိုးသမီး) ဝါးညှပ်အက ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုအားလည်းကောင်း၊ မောင်ခန့်လွန်းဇော် က (အမျိုးသား)လက်သိုင်းအကပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုအားလည်းကောင်း […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၅) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက် (၁၁:၂၀)နာရီအချိန်၌ လေယာဉ်အမှတ် WE-302 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့တွင် ဘိလိယက်အားကစားနည်းမှ ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌ ဦးကျော်နိုင်ဦးနှင့် အုပ်ချုပ်/ နည်းပြ (၃)ဦး၊အမျိုးသား အားကစားသမား(၇)ဦး တို့ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF Council Meeting နှင့် SEAGF Executive Committee Meeting သို့တက်ရောက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF Council Meeting နှင့် SEAGF Executive Committee Meeting သို့တက်ရောက် ကမ္ဘောဒီးယား၊ မေ (၅)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာအားကစားအသင်းခေါင်းဆောင် Chief DE Mission(CDM) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Garden City Hotel ၌ ဒေသစံတော်ချိန် နံနက်(၉)နာရီမှ (၁၂)နာရီအထိ ကျင်းပပြုလုပ် သည့် SEAGF Medical and […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မေလ(၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ) ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့မွန်းလွဲ (၄)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသားတစ်ဦးချင်း (အခြေခံပြကွက်-လက်)ပြိုင်ပွဲ၌ မောင်လှိုင်ချစ်ဦး၊ အမျိုးသားတစ်ဦးချင်း (လက်သိုင်းအပြ) ပြိုင်ပွဲတွင် မောင်ခန့်လွန်းဇော်တို့မှ ကြေးတံဆိပ် ဆုစီရရှိပြီး အမျိုးသမီးတစ်ဦးချင်း (အခြေခံပြကွက်-လက်)ပြိုင်ပွဲ၌ မနီလာစိုးဦးမှ ငွေတံဆိပ်ဆု၊ အမျိုးသမီး တစ်ဦးချင်း (ဝါးညှပ်အက)ပြိုင်ပွဲတွင် မမြတ်နိုးဝေမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ တောင်ကြီး၊ မေ(၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နေ့လယ်(၁)နာရီအချိန် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ ပညာရေးဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့သည်။ ရှေးဦးစွာ ကျောင်းအုပ်ချုပ်မှု ရုံးအစည်းအဝေးခန်းမ၌ အားကစားနည်းအလိုက် တာဝန်ပေးအပ်ထားသည့် တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ကြီးက အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ ပညာရေးဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတကာအားကစားပြိုင်ပွဲ များတွင် ဆုတံဆိပ်အများဆုံးချီးမြှင့်သည့် ပြေးခုန်ပစ်အားကစားနည်း ပိုမိုတိုးတက်အောင် တာဝန်ခံ နည်းပြများက ကြိုးစားဆောင်ရွက်ရန်နှင့် ပညာသင်နှစ်အလိုက် အောင်ချက်မြင့်မားရေး ကြပ်မတ် ဆောင်ရွက်ရေး ဒုတိယဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဘက်စုံသုံးခန်းမ၌ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် တိုင်းပြည်အနာဂတ်ဟာ လူငယ်များလက်ထဲတွင်ရှိသဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံနှင့် မြန်မာနိုင်ငံ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဘော်လီဘော(အမျိုးသား)အသင်းလိုက် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဘော်လီဘော(အမျိုးသား)အသင်းလိုက် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက် (၁၁)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုသည့် အခမ်းအနားကျင်းပ

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုသည့် အခမ်းအနားကျင်းပ ကမ္ဘောဒီးယား၊ မေ(၃)။ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ယနေ့နံနက် မြန်မာစံတော်ချိန်(၇)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Morodok Techo National Sports Complex တွင် (Team Welcome Ceremony) ကြိုဆိုရေးအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။ ဦးစွာ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး The President of the National Olympic Committee of Cambodia and Minister of Tourism,His Excellency Dr. Thong Khon က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် NOCS ၊ CDMS နှင့် အိမ်ရှင်နိုင်ငံတို့အား […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး(အမျိုးးသမီး)ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး(အမျိုးးသမီး)ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး ကမ္ဘောဒီးယား၊ မေ(၃)။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာခဲ့ရာ မြန်မာစံတော်ချိန် ညနေ(၃)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်လေဆိပ်တို့ရောက်ရှိခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာအားကစားအဖွဲ့သည် PHNOM PENH Olympic City ရှိ ARMY STADIUM ၌ ကျင်းပလျက်ရှိသည့် ဘောလုံးအမျိုးသမီးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး ကမ္ဘောဒီးယား၊ မေ(၃)။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံ ပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ မြန်မာအမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခဲ့ရာ မြန်မာစံတော်ချိန် ညနေ(၃)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်လေဆိပ်တို့ရောက်ရှိခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာအားကစားအဖွဲ့သည် PHNOM PENH Olympic City ရှိ ARMY STADIUM […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ ရန်ကုန်၊ မေလ (၃) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၃:၀၀)နာရီ အချိန်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိဘပြည်သူများ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မြန်မာအားကစားအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ […]