၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၂၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို […]
အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သော ထုပ်ဆီးတိုးဒိုင်/နည်းပြသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သော ထုပ်ဆီးတိုးဒိုင်/နည်းပြသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ နိုဝင်ဘာလ(၂၄)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သော ထုပ်ဆီးတိုးဒိုင်/နည်းပြသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်း သင်တန်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းလင်းသောင်း၊ ဒုတိယဥက္ကဌများ ၊ အတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များ၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းလင်းသောင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှ သင်ကြားပို့ချပေးလိုက်သော ထုပ်ဆီးတိုးဥပဒေသများ ၊ ဒိုင်များ၏ တာဝန်များ၊ ပြစ်ဒဏ်များ၊ ကွင်းအတိုင်းအတာနှင့် စာတွေ့လက်တွေ့သင်ကြားပြသမှုများကို အာရုံစိုက်လေ့လာသင်ယူပြီး ရိုးရာအားကစားနည်းများကို ပျော်ရွှင်စရာ၊ ငြင်းခုန်စရာပြိုင်ပွဲများအဖြစ် မဟုတ်ဘဲ အားကစားနည်းတစ်ခုခုအဖြစ် […]
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၃)ရက်။ လူငယ်များအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၀၉:၃၀)နာရီ အချိန်တွင် အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း (လယ်ဝေးမြို့နယ်)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့လူငယ်ရေးရာဦးစီးဌာနကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ခဲ့သည့် (၁)နှစ်ကျော်ကာလအတွင်း လူငယ်တွေ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်ရေးရာကော်မတီတွေရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ အသက်မွေးဝမ်းကြောင်းသင်တန်းများ၊ ပြည်တွင်း/ပြည်ပ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၂၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲ၊(၁)ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲ၊ […]
နေပြည်တော် ဒက္ခိသီရိမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒက္ခိသီရိမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ နေပြည်တော် နိုဝင်ဘာ ၂၂ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိသီရိမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာနေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြာရေးမှူး ဦးကြည်စိုးလင်း၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံက ကြိုးစားနေပြီး လူငယ်ကဏ္ဍကို အထူးအလေးထားဆောင်ရွက်နေလျက်ရှိကြောင်း၊ မိမိတိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား နိုင်ငံကိုချစ်သည့်စိတ် ၊ တိုင်းပြည်ကိုချစ်သည့်စိတ်၊ အမျိုးဘာသာ သာသနာကို ချစ်သည့်စိတ်၊ […]
(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲနှင့်တရုတ်နိုင်ငံ ကျင်ဒါမြို့တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် လှေလှော်အားကစားသမားများအားဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲနှင့်တရုတ်နိုင်ငံ ကျင်ဒါမြို့တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် လှေလှော်အားကစားသမားများအားဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊နိုဝင်ဘာလ(၂၂)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲနှင့် တရုတ်နိုင်ငံကျင်ဒါမြို့တွင်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်လှေလှော်အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ည(၆)နာရီအချိန်က ရန်ကုန်မြို့ အင်ယားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် အားကစား နှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း နှင့်ဒုတိယဥက္ကဌများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နည်းပြဆရာများနှင့် ဆုရအားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး […]
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသွေးစည်းညီညွတ်ရေးအစီအစဉ်အရ စက်ဘီးနည်းပြသင်တန်း(အဆင့်-၂)ဖွင့်ပွဲအခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသွေးစည်းညီညွတ်ရေးအစီအစဉ်အရ စက်ဘီးနည်းပြသင်တန်း(အဆင့်-၂)ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၂)။ မြန်မာ့စက်ဘီးအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် စက်ဘီးနည်းပြသင်တန်း(အဆင့်-၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ နည်းပြဆရာ Dr. Chester Alexander Hill နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်(UCI)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ယခုစက်ဘီးအားကစားနည်းပြသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ စက်ဘီးအားကစားနည်းသည် အိုလံပစ်အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ […]
အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ

အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၁)။ အာဆီယံနှင့် နိုင်ငံတကာအစည်းအဝေးများ၊ စကားဝိုင်းများနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများအတွက် ယခုလို အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၅)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ တက်ရောက်လာသည့် အရာထမ်း/ အမှုထမ်းများမှလည်း စိတ်ပါဝင်စားစွာ နားထောင်၍ အားလုံးအတွက် […]
၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာဗိုဗီနမ်အားကစားအဖွဲ့ထွက်ခွာ

၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာဗိုဗီနမ်အားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ နိုဝင်ဘာလ(၂၁)ရက်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့ အထိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ (7th WVVF World Vovinam Championships 2023) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးရဲမြင့်၊ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းနိုင်၊ နည်းပြ(၂)ဦးနှင့် အားကစားသမား(၅)ဦးတို့ပါဝင်သည့် မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့ ညနေ (၄:၄၀)နာရီအချိန်၌ လေယာဉ်အမှတ် 8M -452 ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့ကြောင်းသတင်းရရှိသည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၁)။ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 (စားရိပ်သာ)၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ပိုက်ကျော်ခြင်း အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုး ဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုး သမီး)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းသည် လူကြိုက်များသည့် အားကစားနည်းများထဲက တစ်ခုဖြစ်သည့်အပြင် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲများတွင် […]