အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကြီးမြို့၊ မတ်လ(၂၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ၂၀.၃.၂၀၂၄ ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ တောင်ကြီးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း တို့ကတက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ (၄၀၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက ” လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး “ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဆူးညီညီသိန်းဝင်းက ” လူငယ်နှင့်အားကစား “ ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြကြောင်းသိရှိခဲ့ရကာ လူငယ်များအား ဥာဏ်စမ်းပဟေဠိမေးခွန်းများအားမေးခဲ့ကာ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။