၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် နေပြည်တော် ဒီဇင်ဘာ ၁၁ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အမျိုးသား ကြိုးတပ်သံလုံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဇင်မင်းခန့်က ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဘိုဘိုရှိုင်းက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထက်လင်းဦးက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ကြိုးတပ်သံလုံပစ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးတိုင်းဒေသကြီးမှ သဲအိထွေးက ပထမ၊ မကွေး တိုင်းဒေသကြီးမှ ဝင်းအိဖြိုးက ဒုတိယ၊ ချင်းပြည်နယ်မှ ထန်ဒိမ့်ခိုင်က တတိယဆုကိုလည်း ကောင်း […]
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အသက် (၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော် ဒီဇင်ဘာ ၁၀ ၂၀၂၄ ခုနှစ် ပဉ္မမအကြိမ်အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပသည်။ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ လူမှုရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြ များနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အမှုဆောင်မြန်မာ့ လက်ရွေးစင်အားကစား သမားဟောင်း ဒေါ်သန်းသန်းက အမျိုးသမီးအလျားခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဗိုဗီနမ်အားကစားနည်း အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)၌ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဗီုဗီနမ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၂) သင်း၊ မ(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ ရွှေကြာပင်အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အိုလံပစ်ကော်မတီဝင်များ၊ […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်နှင့် ဝန်ကြီးဌာနပေါင်းစုံအဆင့် အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်နှင့် ဝန်ကြီးဌာနပေါင်းစုံအဆင့် အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၈ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများအဖြစ် မြန်မာ့သိုင်း၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်အားကစားနည်းများနှင့် ဝန်ကြီးဌာနပေါင်းစုံအဆင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲများ၏ အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)နှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တို့၌ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်း များနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မြန်မာ့သိုင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၃)သင်း၊ မ(၁၃)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ရွှေကြာပင်အားကစားရုံ၌ ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၁)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၅)သင်း၊ မ(၁၅)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် နေပြည်တော် ဒီဇင်ဘာ ၇ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကက် ဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည် နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ်(၁၀၆-၇၂) မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရမှတ်(၇၀-၆၇)မှတ်ဖြင့် အနိုင်ရရှိ ခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက်ဘော်လီဘော ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်း က ရခိုင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဖူဆယ်(အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၇ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ဝန်ကြီးဌာနအဆင့် (အမျိုးသား) ဖူဆယ်အားကစားနည်း အသင်းမန်နေဂျာများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမား များသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာနပေါင်းစုံအဆင့် ဖူဆယ်ပြိုင်ပွဲတွင် အသင်း(၂၅)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၉)ရက်နေ့အထိ နံနက် ၈ နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် နေပြည်တော် ဒီဇင်ဘာ ၇ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ် ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကက် ဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ်(၁၀၁-၆၀) မှတ်၊ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ်(၆၅-၄၄) မှတ်၊ ရန်ကုန် တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကိုရမှတ် (၈၂-၅၇)မှတ်၊ မန္တလေး တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ရမှတ် (၈၁-၄၂) မှတ်ဖြင့် အနိုင်ရရှိ ခဲ့ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက်ဘော်လီဘော ပြိုင်ပွဲ များကို […]
မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဒီဇင်ဘာ ၇ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲတွင် မီးရှူးတိုင်သယ်ယူရေးအပါအဝင် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ကြမည့် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌအပါအဝင် စုစုပေါင်း အဖွဲ့ဝင်(၉)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone အတွင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ) တို့ကို လာရောက်ကြည့်ရှုလေ့လာရင်း ပြခန်းအတွင်းပြင်ဆင်ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးခဲ့ပြီးနောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သတင်းထောက်ချုပ် ဒေါ်ခင်ရတနာက အားကစားပွဲတော်ကာလအတွင်း ထုတ်ဝေမည့်သတင်းလွှာတွင်ထည့်သွင်း ဖော်ပြရန်အတွက် မေးမြန်းသည့်အချက် အလက်များကို ဖြေကြားခဲ့ပါကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ ဒီဇင်ဘာလ(၅)ရက်။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်နှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး ကြပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။ ဦးစွာ မသန်စွမ်းရေကူး(အမျိုးသား/အမျိုးသမီး) မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲနှင့် ရင်ပေါင် တန်းကူးပြိုင်ပွဲတို့၏ ဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ပေးအပ်ချီးမြှင့် ပြိုင်ပွဲယှဉ်ပြိုင်မှုများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ […]