အားကစားရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းက ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဆုဖလားကို ဆွတ်ခူးရရှိ

Loading

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းက ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဆုဖလားကို ဆွတ်ခူးရရှိ ဇန်နဝါရီ ၃၁ ရက် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ ရာသီပိတ်ပွဲစဉ်အဖြစ် ISPE FC အသင်းနှင့် ဧရာဝတီအက်ဖ်စီအသင်းတို့ သည် ၊ သုဝဏ္ဏကွင်း ၊ လူငယ်လေ့ကျင့်ရေးစခန်း (YTC) တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ရာ ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းက ရမှတ် (၄၀) ရရှိပြီး ဒုတိယနေရာမှ ISPE FC အမျိုးသမီးအသင်းကို သုံးမှတ်ဖြတ်ကာ ချန်ပီယံဆုကို ရရှိသွားခဲ့သည်။ ယင်းပွဲစဉ်အပြီးတွင် ချန်ပီယံဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ၂၀၂၅-၂၆ မြန်မာအမျိုးသမီးလိဂ်အမှတ်ပေးပြိုင်ပွဲတွင် ရဂိုး (၂၂) ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားဆု […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားယူ-၁၇ အသင်းနှင့် အမျိုးသမီးယူ-၁၇အသင်းများကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားယူ-၁၇ အသင်းနှင့် အမျိုးသမီးယူ-၁၇အသင်းများကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ဇန်နဝါရီ၃၁ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသား ယူ-၁၇အသင်းနှင့်အမျိုးသမီး ယူ-၁၇အသင်းများကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ၊ ပြည်လမ်း၊ Novotel Hotel Max ရှိ ပုသိမ်ခန်းမ(မြေညီထပ်)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၊ မီတာ ၄၀၀ Synthetic ရာဘာပြေးလမ်း ခင်းကျင်းနေမှု၊ အားကစားရုံ (A , B) နှင့် ရေကူးကန် ပြန်လည်ပြုပြင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၊ မီတာ ၄၀၀ Synthetic ရာဘာပြေးလမ်း ခင်းကျင်းနေမှု၊ အားကစားရုံ (A , B) နှင့် ရေကူးကန် ပြန်လည်ပြုပြင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ ၃၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၊ မီတာ ၄၀၀ Synthetic ရာဘာပြေးလမ်းခင်းကျင်းနေမှု၊ အားကစားရုံ (A, B) နှင့် ရေကူးကန် ပြန်လည် ပြုပြင်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးသည် ငလျင်အပြီး မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစား VIP အထူးတန်းပွဲကြည့်စင် မှန်အကာနံရံများနှင့် မျက်နှာကြက် ပြန်လည်တပ်ဆင် ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း (၄၆)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း (၄၆)ကြိမ်မြောက်အာရှ အိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ ရန်ကုန်၊ ဇန်နဝါရီ ၂၈ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အတူ မြန်မာနိုင်ငံအိုလံကော်မတီ တွဲဖက်အတွင်းရေးမှူး(၄) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာရှ်ကင့်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၄၆)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေ (၁၆:၃၀) နာရီအချိန်၌ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူတို့က ကြိုဆိုခဲ့ကြကြောင်းသိရသည်။

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၂၀)ခု၊ ငွေတံဆိပ်ဆု(၁၉)ခု၊ ကြေးတံဆိပ်ဆု(၂၀)ခုဖြင့် နိုင်ငံ့ဂုဏ်‌ဆောင်နိုင်ခဲ့ကြသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

Loading

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၂၀)ခု၊ ငွေတံဆိပ်ဆု(၁၉)ခု၊ ကြေးတံဆိပ်ဆု(၂၀)ခုဖြင့် နိုင်ငံ့ဂုဏ်‌ဆောင်နိုင်ခဲ့ကြသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ရန်ကုန်၊ ဇန်နဝါရီ ၂၇ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမားမြို့တို့၌ အားကစားနည်း (၁၉) နည်းအား ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အားကစားနည်း (၁၁)နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်ဆု(၁၁)ခု၊ ငွေတံဆိပ်ဆု(၁၅)ခု၊ ကြေးတံဆိပ်ဆု(၁၁)ခု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်ဆု(၈)ခု၊ ငွေတံဆိပ်ဆု(၃)ခု၊ ကြေးတံဆိပ်ဆု(၃)ခု၊ ဘော်လီဘော အားကစားနည်းမှ ရွှေတံဆိပ်ဆု(၁)ခု၊ ဘောလုံးအားကစားနည်းမှ ငွေတံဆိပ်ဆု(၁)ခု၊ စစ်တုရင် (မျက်မမြင်)အားကစားနည်းမှ ကြေးတံဆိပ်ဆု(၃)ခု၊ စားပွဲတင်တင်းနစ်အားကစားနည်းမှ ကြေးတံဆိပ် […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း (၄၆) ကြိမ်မြောက်အာရှ အိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း (၄၆) ကြိမ်မြောက်အာရှ အိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန်၊ ဇန်နဝါရီ ၂၅ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာရှ်ကင့်မြို့၌ ကျင်းပပြုလုပ်မည့် (၄၆)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီအထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အတူ မြန်မာနိုင်ငံအိုလံကော်မတီ တွဲဖက်အတွင်းရေးမှူး (၄) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယမန်နေ့ည (၁၉:၄၅) နာရီအချိန်၌ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာရှ်ကင့်မြို့သို့ ထွက်ခွာသွားရာ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စုပေါင်းကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် Zumba Festival နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ တက်ရောက်အားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် စုပေါင်းကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် Zumba Festival နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ တက်ရောက်အားပေး မြစ်ကြီးနားမြို့ ၊ ဇန်နဝါရီ ၂၄ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်၍ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများလိုက်ပါ၍ စုပေါင်းကိုယ်လက်လှုပ်ရှားအစီအစဉ် ဇွန်ဘာပွဲတော် (Zumba Festival) နှင့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာသိုင်းစွမ်းရည်ပြပွဲသို့ တက်ရောက်အားပေးခဲ့ပါသည်။ စုပေါင်းကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်အရ ကျင်းပပြုလုပ်သည့် Zumba Festival တွင် ပြည်ထောင်စုဝန်ကြီးက Zumba Festival အကသည် […]

(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်အားပေး

Loading

(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်အားပေး မြစ်ကြီးနားမြို့၊ ဇန်နဝါရီ ၂၃ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲတော်အဖြစ် ကျင်းပပြုလုပ် သည့် အားကစားပြိုင်ပွဲအသီးသီးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်ကာ ပြိုင်ပွဲဝင် အားကစားသမားများအား အားပေးဂုဏ်ပြုခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီတွင် မနောမြေအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် တိုက်ကွမ်ဒို အတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များနှင့် တိုက်ကွမ်ဒိုဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေး ကြည့်ရှုခဲ့ပြီး […]

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းများမှ အားကစားထူးချွန်သူလူငယ်များ ထွက်ပေါ်လာစေရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းများမှ အားကစားထူးချွန်သူလူငယ်များ ထွက်ပေါ်လာစေရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၂၂ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းများမှ အားကစားထူးချွန်သူ မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ် လာစေရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားထူးချွန်သူ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် လူငယ်သင်တန်းကျောင်းများတွင် အားကစားနည်းအလိုက် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းတက်ရောက်မည့် ခန့်မှန်းအားကစားသမား အင်အားစာရင်းနှင့် လူအရေအတွက် သိရှိစေရန်အတွက် ကွင်းဆင်း၍ သင်ကြားလေ့ကျင့်ပေးမည့် အားကစားနည်းများ ရွေးချယ်၍ ကြံ့ခိုင်မှုများစစ်ဆေးခြင်းများကို ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်များမှလည်း နည်းပြအင်အား ခွဲဝေတာဝန်ပေးအပ်နိုင်ရန်အတွက် အမည်စာရင်းနှင့် […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပွဲတော်များနှင့် ခရီးသွားကဏ္ဍနှင့်ဟိုတယ်ဝန်ဆောင်မှုကဏ္ဍများ ဖွံဖြိုးရေး၊ တိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပွဲတော်များနှင့် ခရီးသွားကဏ္ဍနှင့်ဟိုတယ်ဝန်ဆောင်မှုကဏ္ဍများ ဖွံဖြိုးရေး၊ တိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး မြစ်ကြီးနား၊ ဇန်နဝါရီ ၂၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီ ၂၁ ရက်က မြစ်ကြီးနားမြို့ Shwe Hee Hotel နှင့် Jade Garden Hotel သို့ သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်များ၏ ဂုဏ်အင်္ဂါအဆင့်နှင့် လျော်ညီစွာ ပြင်ဆင်တည်ဆောက်ထားရှိမှု အခြေအနေများ၊ အိပ်ခန်းဆောင်၊ စားသောက်ခန်းမများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ […]