![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း (၄၆) ကြိမ်မြောက်အာရှ အိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ
ရန်ကုန်၊ ဇန်နဝါရီ ၂၅
၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာရှ်ကင့်မြို့၌ ကျင်းပပြုလုပ်မည့် (၄၆)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီအထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အတူ မြန်မာနိုင်ငံအိုလံကော်မတီ တွဲဖက်အတွင်းရေးမှူး (၄) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယမန်နေ့ည (၁၉:၄၅) နာရီအချိန်၌ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာရှ်ကင့်မြို့သို့ ထွက်ခွာသွားရာ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

