အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရခိုင်ပြည်နယ်အတွင်းရှိသိပ္ပံကျောင်းနှင့် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရခိုင်ပြည်နယ်အတွင်းရှိသိပ္ပံကျောင်းနှင့် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး စစ်တွေ၊ စက်တင်ဘာ(၁၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့သည် ယနေ့ နံနက် (၀၆:၀၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားဝင်းမှ အပြည်ပြည်ဆိုင်ရာလေဆိပ်(ရန်ကုန်)သို့ ထွက်ခွာပြီး နံနက် (၀၇:၀၀)နာရီ လေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ထွက်ခွာခဲ့ရာ နံနက်(၀၈:၃၀)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ) ကျောင်းအုပ်ကြီး၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ကျောင်းနှင့် ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံ၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အားကစားနည်း(၅)နည်းဖြင့် စတင်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားရန်၊ ကျောင်းဖွင့်လှစ်ရာတွင် လိုအပ်သည့် အားကစားအထောက်အကူပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒများ၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအားကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအားကြည့်ရှုစစ်ဆေး ရန်ကုန်၊ စက်တင်ဘာလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး (၁၅၀ပေx၆၀ပေ)ရှိသော အထူးတန်းပွဲကြည့်စင် တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ဖောက်လုပ်ပြီးစီးသွားသော ပြေးခုန်ပစ်၊ Systhetic ပြေးလမ်းများအနက် ပြေးလမ်းတစ်လိုင်း၌ ချို့ယွင်းပျက်စီးနေမှုအပေါ် ပြန်လည်ပြုပြင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ တည်ဆောက်နေသော ဘောလုံးကွင်း ပြီးစီးမှုအခြေအနေနှင့် ဘောလုံးကွင်းအတွင်း မြေဖို့ရာ၌ လယ်မြေအမျိုးအစားသုံး၍ အမြန်ဆုံးဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီးနောက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ ရောက်ရှိလာရာ (၁၂၀ပေx ၄၀ပေ) ရှိ နှစ်ထပ်ပွဲကြည့်စင်တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ဆောက်လုပ်ရေးတာဝန်ခံများအားလမ်းညွှန်မှာကြားပြီး မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်ရှိ […]
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်လူသစ်တန်းနှင့်ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌဖလားပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်လူသစ်တန်းနှင့်ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌဖလားပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန် စက်တင်ဘာ (၁၈) ။ အားကစားနှင့်လူငယ့်ရေးရာဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် လူသစ်တန်းနှင့်မြန်မာနိုင်ငံကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချူပ်ဥက္ကဌဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကိုယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်မင်းဓမ္မလမ်းရှိမြန်မာကွန်ဗင်းရှင်းစင်တာ(MCC)ခန်းမ၌ကျင်းပသည်။ ရှေးဦးစွာအမျိူးသားအသက်(၂၁)နှစ်နှင့်အောက်အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ ၅၅ ၊၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၀နှင့်အထက်ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲများတွင် ကာယဗလမောင်များကကျစ်လစ်ခိုင်မာသော ကြွက်သားများကို သတ်မှတ်ကိုယ်ဟန်ခုနှစ်မျိူးဖြင့်ပြသကြရာပဏာမရွေးချယ်ခဲ့ကြသည်။ ဆက်လက်၍အမျိူးသား၊ အမျိုးသမီးAthlctic Physique ပြိုင်ပွဲ၊ အမျိူးသမီး Model Physique (၁၆၀စင်တီမီတာ) ပြိုင်ပွဲ၊ အမျိူးသမီး Model Physique (၁၆၀ စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ အမျိူးသား Sports Physique (၁၇၀ စင်တင်မီတာ) ပြိုင်ပွဲ၊ အမျိူးသား Sports Physicque (၁၇၀စင်တီမီတာ)နှင့်အထက်ပြိုင်ပွဲ အမျိူးသမီးFitness Physique ပြိုင်ပွဲများတွင်ကာယဗလမောင်မယ်များကသတ်မှတ်ကိုယ်ဟန်ခုနှစ်မျိူးဖြင့်ယှဉ်ပြိုင်ကြရာပဏမရွေးချယ်ခဲ့ကြသည်။ ထို့နောက်ဗိုလ်လုပွဲပြိုင်ပွဲများကျင်းပရာပဏမရွေးချယ်ခံရသောကာယဗလမောင်မယ်များကသတ်မှတ်ကိုယ်ဟန်ခုနှစ်မျိူးဖြင့်နောက်ခံတေးဂီတနှင့်အတူယှဥ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချူပ်ဦးစိုးသိန်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊တိုင်းဒေသကြီးဝန်ကြီးများ၊တိုင်းတရာသူကြီးချုပ်၊တိုင်းဥပဒေချုပ်၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချူပ်ဥက္ကဌနှင့် အမှုဆောင်များက […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၁၆)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် ဒုတိယအကြိမ် မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ (၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လူငယ်ရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပထမအကြိမ် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များအား ဆက်လက်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးမှ ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာမူဝါဒတွင်ပါရှိသည့် လူငယ်ကဏ္ဍ (၁၆) ရပ်အား ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လူငယ်ရေးရာကော်မတီများသည် အခြေခံကျသည့်အဖွဲ့အစည်းဖြစ်သည့်အတွက် ကော်မတီများ စနစ်တကျဖွဲ့စည်းရေး၊ ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များကို ထဲထဲဝင်ဝင်သိရှိနားလည်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့မှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား
ရန်ကုန်၊ စက်တင်ဘာလ(၁၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၁၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တည်ဆောက်လျှက်ရှိသော အမျိုးသမီးအိပ်ဆောင်အား ကြည့်ရှုခဲ့ပြီး အဆောက်အဦးနောက်ရှိမြေထိန်းနံရံအား စနစ်တကျတည်ဆောက်သွားရန် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မှီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အား အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံရာတွင် ခရိုင်အလိုက် တာဝန်ရှိသူများမှ လိုအပ်ချက်များ၊ အားကစားကွင်းပြုပြင်ရန်ကိစ္စရပ်များ၊ ဝန်ထမ်းခန့်ထားရေးကိစ္စရပ်များ၊ အားကစားကွင်း/ ရုံများ၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ဆောင်ရွက်ပေးရန်ကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ် များအားတင်ပြရာတွင် ဒုတိယဝန်ကြီးမှ လိုအပ်ချက်များအားဖြည့်ဆည်းပေးပြီးနောက် အမှာစကားပြောကြားရာ၌ ဝန်ထမ်းများ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြင့် ရုံးလုပ်ငန်းတာဝန်များကိုကျေပွန်စွာ ဆောင်ရွက်ကြရန်၊ နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် မိမိတိုင်းပြည်၊ မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိစွာလုပ်ကိုင်ဆောင်ရွက်ကြရန်၊ […]
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာလ(၁၆)ရက်။ ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၂:၃၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ်/ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ၌ စားပွဲတင်တင်းနစ်အားကစားလောကကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော အားကစားသမားအများစုဟာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက ဖြစ်သည့်အတွက် ယခင်ကတည်းက ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာ စားပွဲတင် တင်းနစ် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် Training Hall N0(1)၌ အားကစားသမားများ၏ လေ့ကျင့်နေမှုအားလိုက်လံ ကြည့်ရှုအားပေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် Training Hall N0(1)၌ အားကစားသမားများ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ စက်တင်ဘာ(၁၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိသော အားကစားအဖွဲ့များအနက်မှ Training Hall N0(1)၌ လေ့ကျင့်လျက်ရှိသည့် ရိုးရာခြင်းလုံးအားကစားသမားများ၊ ဗိုဗီနမ်အားကစားသမားများနှင့် ဘော်လီဘော(အမျိုးသား) အားကစားသမားများ၏ ကြိုးစားလေ့ကျင့်နေမှုများကိုလည်းကောင်း၊ ဂျပန်နည်းပြဆရာမှ ဘော်လီဘော(အမျိုးသမီး) အားကစားသမားများအား နည်းစနစ်များမှန်ကန်စေရန်အတွက် စနစ်တကျ လေ့ကျင့်သင်ကြားပေးနေမှုများကိုလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားရုံတွင် ကိုရီးယားတိုက်ကွမ်ဒိုနည်းပြဆရာမှ တိုက်ကွမ်ဒို အားကစားသမားများအား စနစ်တကျ လေ့ကျင့်သင်ကြားပေးနေမှုများနှင့် ပိုက်ကျော်ခြင်းအားကစားရုံတွင် ပိုက်ကျော်ခြင်းအားကစားသမားများ၏ ကြိုးစားလေ့ကျင့်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားအဖွဲ့များအတွက် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများနှင့် အားကစားသမားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း မသန်စွမ်းလူငယ်ရေးရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားတက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း မသန်စွမ်းလူငယ်ရေးရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၈)ရက်။ မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်ပေးနိုင်ရန်နှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်၍ “ မသန်စွမ်းလူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲအခမ်း အနား” ကို ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြည်ထောင်စုယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ၊ ရည်မှန်းချက်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ကဏ္ဍပေါင်းစုံမှ ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနပေါင်းစုံပူးပေါင်းပါဝင်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူငယ်ရေးရာကော်မတီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မသန်စွမ်းသူများအတွက် ၂၀၁၅ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အလေးမနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အလေးမနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၅)ရက်။ အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရန်နှင့် အားကစားပြိုင်ပွဲများတွင် လက်ရှိကျင့်သုံးလျက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိလေ့လာ နိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလေးမအဖွဲ့ချုပ်ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၁၉၄၆ ခုနှစ်၊ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၂)ရက်။ မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြှင့်တင်နိုင်စေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ ညနေ (၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာများ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် […]