အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့်တွေ့ဆုံ
![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့်တွေ့ဆုံ နေပြည်တော်၊ ဧပြီ ၂၆ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်းအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ခြင်းနှင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့် Smart School နှင့် Football For School Program ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်းသို့ သွားရောက်၍ ၉.၅၆၄ ဧကရှိ အားကစားကွင်း တည်နေရာပြမြေပုံပါအတိုင်း ၂၂၅၆ […]
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲအား ကြည့်ရှု အားပေး
![]()
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲအား ကြည့်ရှု အားပေး ရန်ကုန်၊ ဧပြီ ၂၆ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင် တည်ဆောက်နိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးသည် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အရှေ့ဘက်ပွဲကြည့်စင် ၊ မြောက်ဘက်ပွဲကြည့်စင် ၊ အနောက်ဘက်ပွဲကြည့်စင် ၊ အထူးတန်းပွဲကြည့်စင်နှင့် တောင်ဘက်ပွဲကြည့်စင်များရှိ ပျက်စီးနေသော အဆောက်အဦအနေအထားများ၏ လက်ရှိအခြေအနေများ ၊ ဘော်လီဘော အားကစားရုံ၊ အမျိုးသား/အမျိုးသမီးအားကစားသမားအိပ်ဆောင်များနှင့် စားရိပ်သာတို့အား […]
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညီညီ (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညီညီ (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဧပြီ ၂၅ (၂၀)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညီညီ က အဖွင့်အမှာစကားပြောကြားရာတွင် (၂၀)ကြိမ်မြောက် အရှေ့တောင် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)ခန်းမ၌ […]
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ
![]()
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၂၃ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်း အင်အား ၈၀၀ ကျော် တက်ရောက်ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခု အခမ်းအနား၌ ဝန်ထမ်းအင်အား များများတက်ရောက်သည်ကိုတွေ့ရှိရပြီး လုပ်ငန်းအတွေ့အကြုံများသည့် ဝန်ထမ်းများဖြင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်သည့်အတွက် ဝမ်းသာအားရဖြစ်မိပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်တွင် […]
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများ မန္တလေးငလျင်အပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများ မန္တလေးငလျင်အပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ ၂၂ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း/အားကစားရုံများ မန္တလေးငလျင်အပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်၍ ဧည့်ခန်းမ၌ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ Synthetic ပြေးလမ်း၊ Indoor Stadium (A , B , C) ရုံ၊ ရေကူးကန်၊ ဖူဆယ်အားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ […]
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများအား တွေ့ဆုံခြင်းအခမ်းအနားကျင်းပ
![]()
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အားကစားရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများအား တွေ့ဆုံခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၂၁ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အားကစားရေးရာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများအားတွေ့ဆုံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးကျော်သူ၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ဟားခါးနှင့် စစ်တွေ)တို့မှ ကျောင်းအုပ်ကြီးများက In person စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်၊ […]
အားကစားရေးရာဝန်ကြီးဌာန မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ အခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၁၇ အားကစားရေးရာဝန်ကြီးဌာန မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်းရှိ အမှတ်(၁)ရေကန်၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးညီညီက ငါးကြင်းရွှေဝါသားပေါက်လေးများကို စိုက်ထည့်ခဲ့ပြီးနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်ဇနီး၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှမင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဆန်းဦး၊ ဦးကျော်ဇင်မိုးနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများက ငါးကြင်းရွှေဝါသားပေါက် အကောင်ရေ ၉၀၀၀ ကို ဆက်လက်လွှတ်ပေးခဲ့ကြသည်။ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ငါး မျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပေါများလာစေရေးနှင့် ငါးမျိုးစေ့များစွာ ပိုမိုပေါက်ပွားလာစေရေးတို့အတွက် ရည်ရွယ်၍ […]
အားကစားရေးရာဝန်ကြီးဌာန၊ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပ နေပြည်တော်၊ ဧပြီ ၁၄ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီလ(၁၃)ရက် မဟာသင်္ကြန် အကြိုနေ့တွင် ကျင်းပသည့် အားကစားရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီး ဌာနများမှ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ပျော်ပျော်ရွှင်ရွှင် ရေပက်ကစားခြင်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားရေးရာဝန်ကြီးဌာန မဟာသင်္ကြန်ပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး မြူမှောင်ဝေကင်း တေးသီချင်း ဖြင့် ယိမ်းအဖွဲ့ဝင်များက စုပေါင်း၍ သံပြိုင်ညီညာ ကပြဖျော်ဖြေခြင်းများ၊ ဌာနအကြီးအကဲများက ယိမ်းအဖွဲ့ လှပျိုဖြူများနှင့် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား အောင်သပြေခက်ဖြင့် အတာရေ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသို့ တာဝန်ဝတ္တရားများ လွှဲပြောင်း/လက်ခံခြင်း အခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသို့ တာဝန်ဝတ္တရားများ လွှဲပြောင်း/လက်ခံခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ ၁၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီး ဌာနများတွင် လွှဲပြောင်းခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများထံသို့ တာဝန်ဝတ္တရားများ လွှဲပြောင်း/လက်ခံခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး(ငြိမ်း) များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များက လက်ရှိလုပ်ငန်းတာဝန်ထမ်းဆောင်နေမှု အခြေအနေများအား တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ခဲ့ကြပြီးနောက် ဒုတိယဝန်ကြီး(ငြိမ်း) ဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာန၏ ဖွဲ့စည်းပုံ၊ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး(ငြိမ်း) ဦးထိန်လင်းက […]
မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
![]()
မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ နေပြည်တော်၊ မတ် ၂၈ မြန်မာနိုင်ငံလူငယ်ရေးဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်း(First Aid)သည် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ရုတ်တရက်ဖျားနာခြင်းများ ကြုံလာရသည့်အခါတွင် ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်ဆီမရောက်ခင်ရရှိလာသည့် ပစ္စည်းကိရိယာများနှင့် အရေးပေါ်ကူညီစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း၊ အသက်အန္တရာယ်နှင့် နီးကပ်ချိန်တွင် ရှေးဦးပြုစုပေးခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ရှေးဦးပြုစုသူတစ်ယောက်အနေဖြင့် အရေးပေါ်ကြုံတွေ့ရသည့် အခြေအနေတွင် စိတ်တည်ငြိမ်မှုရှိစွာ လုပ်ဆောင်နိုင်ခြင်း၊ အချိန်နှင့်အမျှ အရေးကြီးနေသည့်အတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်ပြီး […]