အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာသိပွံ(ရန်ကုန်) ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာသိပွံ(ရန်ကုန်) ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ ၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပွံ(ရန်ကုန်) ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၀၈ : ၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ် ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များ […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း၊ အားကစားရုံများ လှည့်လည်ကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားကွင်း၊ အားကစားရုံများ လှည့်လည်ကြည့်ရှုစစ်ဆေး တောင်ကြီး ဇွန် ၂ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများအနက် အသက်(၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ရှမ်းပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့နှင့်အတူ လက်ခံကျင်းပမည့် အားကစားကွင်း၊ အားကစားရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများကျင်းပမည့် ပြည်နယ်အားကစားကွင်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲ ဖြစ်သည်နှင့်အညီ အားကစားကွင်းကို ပြိုင်ပွဲကွင်းအဆင့်နှင့် လျော်ညီအောင် ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ပြိုင်ပွဲကာလအတွင်း လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် နေပြည်တော်၊ မေ ၃၀ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာ စကား‌ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ခန္ဓာကိုယ်အလေးချိန် လျော့ချစေပြီး ကိုယ်အလေးချိန်နှင့် အရပ်ညီမျှမှုရှိစေလိုကြောင်း၊ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝ‌ရရှိစေရေးအတွက် ယခုလို အလုပ်ရုံဆွေး‌နွေးပွဲများ မဖြစ်မနေ ကျင်းပပေးရခြင်းဖြစ်ကြောင်း‌၊ ဝန်ထမ်းများအနေဖြင့် BMI ( Body Mass […]

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို၊ ဘောလုံးနှင့် ခြင်းလုံးအားကစားပြိုင်ပွဲများ ပဲခူးမြို့တွင်အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို၊ ဘောလုံးနှင့် ခြင်းလုံးအားကစားပြိုင်ပွဲများ ပဲခူးမြို့တွင်အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ ပဲခူး မေ ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မေလ(၃၀)ရက်နေ့၊နံနက်ပိုင်းက ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို၊ ဘောလုံးနှင့် ခြင်းလုံးအားကစားပြိုင်ပွဲများ ပဲခူးမြို့တွင်အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က အိမ်ရှင်အဖြစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြီး အုပ်ချုပ်မှုကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူမျက အသီးသီးဆွေးနွေးတင်ပြကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၍ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လှေလှော် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၍ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လှေလှော် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက် ရန်ကုန်၊ မေလ (၂၉)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ယနေ့နံနက် (၈ :၃၀) နာရီအချိန်တွင် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ Synthetic ပြေးလမ်းပါ ဘောလုံး လေ့ကျင့်ရေး ကွင်း(၁)၌ ပြေးခုန်ပစ်ပြေးလမ်းပြင်ဆင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး၍ ISPE FC ဘောလုံး အသင်းနှင့် Dagon Port FC ဘောလုံး အသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားနေမှုများကို ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝူရှူးအားကစားလေ့ကျင့်ရေးရုံတွင် ပဏာမ လက်ရွေးစင် ဝူရှူးအားကစားသမားများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ၍ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံ၍ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် ရန်ကုန်၊ မေလ (၂၈)ရက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ အားကစားသမားများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ တက်ရောက်ကြပါသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အားကစားနည်း (၄၀)ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ အရေအတွက်များကို ယနေ့အတည်ပြုပြီး (၂၉.၅.၂၀၂၅)ရက်နေ့တွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီသို့ […]

မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)ကျင်းပ

Loading

မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)ကျင်းပ နေပြည်တော်၊ မေ ၂၆ မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ နာယက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံ အားကစားနှင့်ကာယပညာကော်မတီ အဖွဲ့ဝင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဝန်ကြီးဌာန ကိုယ်စားပြုအဖွဲ့ဝင်များက In Person စနစ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် လူမှုရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးပြင်းထန်ငလျင်ဒဏ်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အဦများ၊ Synthetic ပြေးလမ်းနှင့် ယာဉ်ပတ်လမ်းများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးပြင်းထန်ငလျင်ဒဏ်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အဦများ၊ Synthetic ပြေးလမ်းနှင့် ယာဉ်ပတ်လမ်းများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၂၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မတ်လ(၂၈)ရက်နေ့၌ ဖြစ်ပွားခဲ့သည့် မန္တလေး ပြင်းထန်ငလျင်ဒဏ်နှင့် မေလတွင် ဖြစ်ပွားခဲ့သော နောက်ဆက်တွဲ ငလျင်များကြောင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ဘောလုံးအားကစားကွင်းပတ်လည် အဆောက်အဦ များနှင့် Synthetic ပြေးလမ်းများအား Max Myanmar Construction Co.Ltd မှ ပြည်လည်ရှင်းလင်း ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ အားကစားကွင်းအပြင်ဘက် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအတွက် လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများအား ပြန်လည်ခွဲဝေပေးခြင်း အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအတွက် လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများအား ပြန်လည်ခွဲဝေပေးခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၂၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များ နှင့် အားကစားအဖွဲ့များအတွက် စေတနာရှင် အလှူရှင်များမှ လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများအား ပြန်လည်ခွဲဝေပေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအတွက် စေတနာရှင် အလှူရှင်များက လှူဒါန်းထားသည့် ထောက်ပံ့ပစ္စည်းများကို (၇)ကြိမ်မြောက် အညီအမျှ ပြန်လည် ခွဲဝေပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်း […]

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅)ကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅)ကျင်းပ နေပြည်တော်၊ မေ ၂၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အောင်နိုင်ရေး၊ လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ရုံးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၅)ကို နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက ယခင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရေးအတွက် အောင်နိုင်ရေးကို ရှေ့ရှုပြီး လေ့ကျင့်ရေးပိုင်း၊ နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး […]