အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ သက်ဆိုင်ရာဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက Imperson စနစ်ဖြင့်လည်းကောင်း၊ ဆက်စပ်ဝန်ကြီး ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက Video Conference စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့် အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့် […]

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ် (၃)ခု ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ် (၃)ခု ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၁၀ ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဂျုဒိုအားကစားအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ဒုတိယဥက္ကဋ္ဌများ၊ အလှူရှင်များနှင့်တာဝန်ရှိသူများ၊ နိုင်ငံ့ဂုဏ်ဆောင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား စည်းကားသိုက်မြိုက်စွာကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား စည်းကားသိုက်မြိုက်စွာကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား မြန်မာရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများနှင့်အညီ ဘာသာရေးပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများ တွင် တက်ညီလက်ညီ အတူတကွ ပူးပေါင်းပါဝင်လာစေရေး၊ မြန်မာတို့၏ ဓလေ့၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို မြတ်နိုးထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြန်အလှန် ညီညွတ်စွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ စုပေါင်းဆောင်ရွက်ရသည့် စည်းလုံးညီညွတ်မှုစွမ်းအား ကို ပြသနိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ အိုးစည်၊ ဒိုးပတ်၊ သံချပ်၊ အကများနှင့် စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး […]

ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၇ ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ ထိုင်းနိုင်ငံ၌ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစားသမားမောင်မယ်များအား နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ […]

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ”အား ပြည်တက္ကသိုလ်တွင် ကျင်းပ

Loading

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ”အား ပြည်တက္ကသိုလ်တွင် ကျင်းပ ၂၀၂၆ ဖေဖော်ဝါရီလ ၄ ရက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပသည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲ” အား ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်တက္ကသိုလ်တွင် ၂၀၂၆ ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က လူငယ်မောင်မယ်များအား လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ငြိမ်းချမ်းရေးနှင့်နိုင်ငံတော်တည်ဆောက်ရေး လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယခု ဖိုရမ် ဟာ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် နဝရတ် အားကစားခန်းမဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် နဝရတ် အားကစားခန်းမဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရောက်ရှိလာသည့် ယဉ်ကျေးမှုအဖွဲ့များအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရောက်ရှိလာသည့် ယဉ်ကျေးမှုအဖွဲ့များအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက် နေပြည်တော်၊ ဖေဖော်ဝါရီ ၂ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနေ့အခမ်းအနား သို့ တက်ရောက်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုရောက်ရှိလာသည့် ယဉ်ကျေးမှုအဖွဲ့များအား နွေးထွေး လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုရောက်ရှိလာသည့် အုပ်ချုပ်သူ(၁)ဦး၊ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၂၁)ဦး၊ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နဝမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းသားစုံညီတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နဝမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းသားစုံညီတွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက် ရန်ကုန်၊ ဖေဖော်ဝါရီ ၁ နဝမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းသားစုံညီတွေ့ဆုံပွဲ အခမ်းအနားကိုယမန်နေ့နံနက်(၁၀ :၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအေးမြင့်ကြူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း နာယက မြန်မာ့ရေကူးလက်ရွေးစင်ဟောင်း ဝဏ္ဏကျော်ထင် […]

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းက ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဆုဖလားကို ဆွတ်ခူးရရှိ

Loading

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းက ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဆုဖလားကို ဆွတ်ခူးရရှိ ဇန်နဝါရီ ၃၁ ရက် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ ရာသီပိတ်ပွဲစဉ်အဖြစ် ISPE FC အသင်းနှင့် ဧရာဝတီအက်ဖ်စီအသင်းတို့ သည် ၊ သုဝဏ္ဏကွင်း ၊ လူငယ်လေ့ကျင့်ရေးစခန်း (YTC) တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ရာ ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်းက ရမှတ် (၄၀) ရရှိပြီး ဒုတိယနေရာမှ ISPE FC အမျိုးသမီးအသင်းကို သုံးမှတ်ဖြတ်ကာ ချန်ပီယံဆုကို ရရှိသွားခဲ့သည်။ ယင်းပွဲစဉ်အပြီးတွင် ချန်ပီယံဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ၂၀၂၅-၂၆ မြန်မာအမျိုးသမီးလိဂ်အမှတ်ပေးပြိုင်ပွဲတွင် ရဂိုး (၂၂) ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားဆု […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားယူ-၁၇ အသင်းနှင့် အမျိုးသမီးယူ-၁၇အသင်းများကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားယူ-၁၇ အသင်းနှင့် အမျိုးသမီးယူ-၁၇အသင်းများကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ဇန်နဝါရီ၃၁ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် အာရှယူ-၁၇ ခြေစစ်ပွဲများတွင် အောင်မြင်ခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသား ယူ-၁၇အသင်းနှင့်အမျိုးသမီး ယူ-၁၇အသင်းများကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ၊ ပြည်လမ်း၊ Novotel Hotel Max ရှိ ပုသိမ်ခန်းမ(မြေညီထပ်)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ […]