အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် ရေကူးကန် ပျက်စီးနေမှုများအား ပြုပြင်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် ရေကူးကန် ပျက်စီးနေမှုများအား ပြုပြင်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၆ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းပျက်စီးမှုများအား ပြုပြင်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ အပြင်ဘက် လေ့ကျင့်ရေးရေကူးကန် ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Max Myanmar Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အုတ်ရိုးပြို၍ ဖြိုဖျက်ပြီး အသစ် […]

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများအား တတိယအကြိမ်မြောက် အပြီးသတ် လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ဂျူဒိုပြိုင်ပွဲကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒိုအားကစားနည်းမှ အားကစားသမားများအား တတိယအကြိမ်မြောက် အပြီးသတ် လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ်ဂျူဒိုပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဇူလိုင် ၁၅ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဂျူဒို အားကစားနည်းမှ အားကစားသမားများအား တတိယအကြိမ်မြောက် အပြီးသတ်လူရွေးချယ်ခြင်းနှင့် လက်ရည်ဆန်းစစ် ဂျူဒိုပြိုင်ပွဲကို ယနေနံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ ဂျူဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား Nage- no- Kata(နာဂေနိုခတ) ပြိုင်ပွဲများ၊ အမျိုးသမီး Ju- no- Kata(ဂျူးနိုခတ) ပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး တစ်ဦးချင်းဝိတ်တန်း အလိုက် အတိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ […]

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင် ၁၄ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ Bangkok , Chonburi နှင့် Songkhla မြို့များတွင် အားကစားနည်း(၅၃)နည်းအားခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း (၄၀)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိစခန်းဝင် လေ့ကျင့်လျက် ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် […]

၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစေ့စိုက်ထည့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၅ ခုနှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစေ့စိုက်ထည့်ပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၁၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ငါးမျိုးစေ့စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်းရှိ အမှတ်(၁)ရေကန်၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးမျိုးကျော်သူ၊ ဦးကျော်စိုးမိုးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က ငါးမြစ်ချင်းသားပေါက်၊ ငါးကြင်းရွှေဝါသားပေါက်နှင့် ထိုင်းငါးခုံးမသားပေါက် များကို စိုက်ထည့်ခဲ့ကြပြီးနောက် အရာထမ်း/အမှုထမ်းများက ငါးသားပေါက်မျိုးစိတ်များကို ဆက်လက် စိုက်ထည့်ခဲ့ကြသည်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပေါများလာစေရေးနှင့် ငါးမျိုးစေ့များစွာ ပိုမိုပေါက်ပွားလာစေရေးတို့အတွက် ရည်ရွယ်၍ နှစ်စဉ်ငါးမျိုးစေ့ စိုက်ထည့်ခြင်းများကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ငါးမြစ်ချင်းသားပေါက်အကောင်ရေ (၁၀၀၀)၊ ငါးကြင်းရွှေဝါသားပေါက်အကောင်ရေ […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပ နေပြည်တော်၊ ဇူလိုင် ၁၂ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်-၁၈ အခြေခံ ပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်သည်။ ဦးစွာ အမှတ်-၁၈ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ အမှာစကားပြော ကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော ယဉ်ကျေးလိမ္မာပြီး […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ပြန်လည်ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ပြန်လည်ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် ၁၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်ဒဏ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာ အဆောက်အဦများကို သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးအတည်ပြုပြီး အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ပြန်လည်ပြောင်းရွှေ့နေထိုင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ အဆောက်အဦများဖြစ်သည့် […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊ ဇူလိုင်လ(၇)ရက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၀၈ :၀၀)နာရီ အချိန်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် အမှုဆောင်များကကြိုဆိုကြပြီး ပြည်ထောင်စုဝန်ကြီး က နည်းပြများ၊ ပဏာမလက်ရွေးစင်အမျိုးသားဘော်လီဘောအားကစား သမားများနှင့်ဘော်လီဘောအားကစားလေ့ကျင့်ရေးရုံ၌ လေ့ကျင့်နေသော ပဏာမလက်ရွေးစင် အမျိုးသမီးဘော်လီဘော အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျဝင်ရောက် ယှဉ်ပြိုင် အောင်မြင်မှုများ ရရှိအောင်ကြိုးစားကြရန် ၊ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများအားကြည့်ရှုစစ်ဆေး

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများအားကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဇူလိုင်လ (၆)ရက် ။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့က ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဘောလုံးကွင်းသို့ရောက်ရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး U-18 ဘောလုံး ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရန် ဂိုးတိုင် ၊ ဂိုးပိုက်များနှင့် အားကစားသမားအရံထိုင်ခုံများ ကောင်းမွန် စေရေး၊ ပွဲကြည့်စင်များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်း သပ်ရပ်မှုရှိစေရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး တိုက်ကွမ်ဒိုအားကစားသမား များလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်များအား စစ်ဆေး၍ ၂၀၂၆ခုနှစ်၊ အာရှဖလားအမျိုးသမီး ဘောလုံးခြေစစ်ပွဲအားကြည့်ရှုအားပေး

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့ချုပ်များအား စစ်ဆေး၍ ၂၀၂၆ခုနှစ်၊ အာရှဖလားအမျိုးသမီး ဘောလုံးခြေစစ်ပွဲအားကြည့်ရှုအားပေး ရန်ကုန်၊ ဇူလိုင်လ (၅)ရက် ။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်( ၀၈:၀၀ )အချိန်တွင် ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအတွင်းရှိ ဘောလုံးကွင်းအမှတ်(၁)၌ I.S.P.E FC အမျိုးသား ဘောလုံးအသင်း နှင့် I.S.P.E FCအမျိုးသမီးဘောလုံးအသင်း အခြေခံကိုယ်လက်ကြံ့ခိုင်စွမ်းရည် ရှိစေရန် မီတာ(၈၀၀)အပြေး Training လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အားကစားသမား များအခြေခံနည်းစနစ်များ ကျွမ်းကျင်ကောင်းမွန်ရန်၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရန်၊ နည်းပြဆရာ များ၏ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) သို့တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) သို့တက်ရောက် နေပြည်တော်၊ ဇူလိုင် ၄ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဌာနဆိုင်ရာများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ လူငယ်ရေးရာ လုပ်ငန်းကော်မတီအစည်းအဝေးကို ၂၀၂၂ ခုနှစ်မှစတင်၍ ၁ နှစ်လျှင် (၂)ကြိမ်စီ ကျင်းပပြုလုပ်ခဲ့ပြီး […]