အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၅)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၆)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် တစ်ဖက် (၃)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၆)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ဂိုးပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်လ(၂၄)ရက်။ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယအောင်သိန်း၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲမှထူးချွန်ထက်မြက်သည့် သွေးသစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမှတစ်ဆင့် သွေးသစ်လူငယ်ဘောလုံးသမားများကို ရွေးချယ်လေ့ကျင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါကြောင်း၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းနှင့်လမ်းညွှန်အမှာစကားခံယူခြင်း အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းနှင့်လမ်းညွှန်အမှာစကားခံယူခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် (၂၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းနှင့် လမ်းညွှန်အမှာစကားခံယူခြင်း အခမ်း အနားကို ယနေ့နံနက်(၁၀:၀၀) အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍများ၊ လူငယ်အသိပညာပေးဟောပြောပွဲများ၊အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် အစီအစဉ်များကို ဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံတွင် တာဝန်ယူဆောင်ရွက်နေသည့် လူငယ်ရေးရာလုပ်ငန်းစဉ်များ၊ အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုအခြေအနေများနှင့် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ […]

(၄၇) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

(၄၇) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဇူလိုင်၂၃။ အားကစားနှင့်လူငယ့်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့မှ ကြီးမှုးကျင်းပသော (၄၇) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကိုယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့မရမ်းကုန်းြမို့နယ် မင်းဓမ္မလမ်ရှိမြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ကျင်းပသည်။ အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဇော်ဟိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ဥက္ကဌ ဒေါ်မာလာဝင်းနှင့် ဆပ်ကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်သန်းနှင့် တာဝန်ရှိသူများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ရန်ကုန်မြို့ရှိ အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ရန်ကုန်မြို့ရှိ အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇွန် (၂၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သို့သွားရောက်၍ အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုများနှင့် နေထိုင်စားသောက်ရေး၊လေ့ကျင့်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် လှေလှော်အဖွဲ့ချုပ်တွင် လာရောက်လေ့ကျင့်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် ရွက်လှေအဖွဲ့ချုပ်တွင် ရွက်လှေအားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်တွင် ကျင်းပလျက်ရှိသည့် APOLLO AGE GROUP 2023 SWIMMING CHAMPIONSHIP ရေကူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ASEAN […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်းအားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်းအားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင် (၂၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ အားကစားဥယျာဥ်စီမံကိန်းအတွင်း တည်ဆောက်လျက်ရှိ သည့် အနောက်ဘက်အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပွဲကြည့်စင်အမိုးတပ်ဆင်ခြင်းလုပ်ငန်းအား ယခုလတွင်အပြီးသတ်ဆောင်ရွက်ရန်၊ မိုးရေယိုသည့် နေရာအား ပြန်လည်ပြုပြင်သွားရန်နှင့် အားကစားခန်းမကြမ်းခင်း ခင်းကျင်းရာတွင် ညီညာမှုရှိစေရန်၊ အတက်/အဆင်းပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် mobile လှေခါးပါ တပါတည်းတပ်ဆင် ပေးသွားရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ဆောက်လုပ်ပြီးစီးစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာခဲ့ပြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအတွင်းရှိ (၄)ထပ် အမျိုးသမီးအိပ်ဆောင် တည်ဆောက် နေမှု အခြေအနေအား […]

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်

Loading

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက် နေပြည်တော် ဇူလိုင် ၂၀ ၂၀၂၃ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသည်။ ယနေ့ကျင်းပသည့် ဗိုဗီနမ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ /နည်းပြများ၊ အားကစားသမားများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ရှေးဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး […]

၂၀၂၃ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ဝန်ကြီးဌာနနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ဝန်ကြီးဌာနနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ဝန်ကြီးဌာန (၂)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ်(၁)၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများက ငါးကြင်းသားပေါက်များကို ဦးစွာ ငါးမျိုးစိုက်ထည့်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများမှ  ကန်အတွင်းသို့ ငါးကြင်းသားပေါက်ကောင်ရေ(၁၅၀၀၀)ခန့်ကို ငါးမျိုးစိုက်ထည့်ခဲ့ ကြပါသည်။ ၎င်းနောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ဝဏ္ဏသိဒ္ဓိအားကစားကွင်းပရိဝုဏ်အတွင်း၌ ဆက်လက် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် အရာထမ်း/အမှုထမ်းများမှ စိန်တစ်လုံးသရက်ပျိုးပင် ပေါင်း(၁၃၀၀)ခန့်ကို သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးပေးခဲ့ကြသည်။ ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင်(၁၈)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဗိုဗီနမ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဗိုဗီနမ်အားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် ဗိုဗီနမ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီတွင် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဗိုဗီနမ်အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၆၅)ကီလို အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး(၆၀)ကီလို အတိုက် ပြိုင်ပွဲ၊ အမျိုးသမီး တစ်ကိုယ်တော်လက်သိုင်းစွမ်းရည်ပြပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲဓါးအတိုက်ပြိုင်ပွဲ၊ အမျိုးသမီးဓါးရှည်စွမ်းရည်ပြပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား(၆၅)ကီလိုအတိုက်ပြိုင်ပွဲတွင် ဟိန်းမင်းဦး(နေပြည်တော်)က ပထမ၊ စောအောင်ဟိန်း(ကရင်)က ဒုတိယ၊ ထွန်းလင်း(မန္တလေး)နှင့်သားငယ် (မွန်)တို့က […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် […]