အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းများပြုလုပ်
နေပြည်တော်၊ မတ် ၁၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A နှင့် B) တို့၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများ ဖြစ်သည့် လက်ထောက်ညွှန်ကြားရေးမှူးရာထူး (လစာနှုန်းကျပ် ၃၀၈၀၀၀-၄၀၀၀-၃၁၈၀၀၀)၊ ဦးစီးအရာရှိနှင့်အဆင့်တူရာထူး (လစာနှုန်းကျပ် ၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀)၊ ရုံးအုပ်နှင့်အဆင့်တူ ရာထူး (လစာနှုန်းကျပ် ၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀)၊ ဌာနခွဲစာရေးနှင့်အဆင့်တူရာထူး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)၊ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပြီး အဆိုပါရာထူးနေရာများသို့ လျှောက်ထားသူများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရေးဖြေစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် ရေးဖြေအောင်မြင်သူများကို လူတွေ့အရည်အချင်းစစ်ဆေးခြင်းများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။





