အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ ဝန်ထမ်းများသက်သာချောင်ချိစေရေးအတွက် သီးပင်စားပင် စိုက်ပျိုးရန်ဆောင်ရွက်ထားသည့် စိုက်ခင်းမြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ ဝန်ထမ်းများသက်သာချောင်ချိစေရေးအတွက် သီးပင်စားပင် စိုက်ပျိုးရန်ဆောင်ရွက်ထားသည့် စိုက်ခင်းမြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၂၅ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီသည် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကစားကွင်း အတွင်းရှိ မြေနေလွတ်များတွင် ဝန်ထမ်းများသက်သာချောင်ချိစေရေးအတွက် ရာသီအလိုက် သီးပင် စားပင်များစိုက်ပျိုးရန် ရှင်းလင်းဆောင်ရွက်ထားသည့် စိုက်ခင်းမြေနေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအတိုင်း မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ယခုစိုက်ခင်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် ရာသီပေါ်သီးနှံများကို အမျိုးအစား စုံလင်စွာ စိုက်ပျိုးသွားရန်လိုကြောင်း၊ မြေဆွခြင်းများ၊ အပင်စတင်စိုက်ပျိုးခြင်းများတွင် အမြစ်ပွားမှု နှုန်းများမှသာ သီးနှံထွက်နှုန်းများ […]
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၂၅ အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ အိတ်ဖွင့်တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် ကြမ်းခင်းဈေးအောင်မြင်သူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ရွေးချယ်ပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်ပြည့်မီစေရေးအတွက် တင်ဒါခေါ်ယူရာတွင် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး Lot များအလိုက် ကုမ္ပဏီများမှ တင်ဒါတင်သွင်းထားသည့် စာရွက်စာတမ်းများနှင့် အချက်အလက်များ ပြည့်စုံမှု ရှိ/မရှိအား တာဝန်ရှိသူများ၏ ဖွင့်ဖောက်စစ်ဆေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ […]
အားကစားရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ အတွင်း စီမံချက်ဖြစ်သည့် Football For School ဆိုင်ရာ လုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
အားကစားရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ အတွင်း စီမံချက်ဖြစ်သည့် Football For School ဆိုင်ရာ လုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ မေ ၂၂ အားကစားရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ အတွင်း စီမံချက်ဖြစ်သည့် Football For School ဆိုင်ရာလုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ တာဝန်ခံညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက […]
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ရက်(၁၀၀)စီမံချက်အဖြစ် Smart School နှင့် Football For School ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ရက်(၁၀၀)စီမံချက်အဖြစ် Smart School နှင့် Football For School ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၂၀ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ ရက်(၁၀၀)စီမံချက်အဖြစ် Smart School နှင့် Football For School ဆိုင်ရာ လုပ်ငန်းများကို Pilot Project တစ်ခုအဖြစ် ဆောင်ရွက်နေမှုများ၊ ခရိုင်အားကစားကွင်းအတွင်း Synthetic ပြေးလမ်းခင်းကျင်း ပြီးစီးမှုအခြေအနေနှင့် အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် […]
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၁၉ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မင်းဘူးမြို့သို့ သွားရောက်၍ မင်းဘူးခရိုင်ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုလုပ်ငန်းများဖြစ်သည့် ဘောလုံးကွင်းအား မြေဖို့ခြင်း၊ မြေညှိ မြေကြိတ်ခြင်း၊ ငါးရိုးပုံ ရေစိမ့်မြောင်း ပြုလုပ်ခြင်း ဘောလုံးကွင်းအား ကျောက်၊ နုန်း၊ သဲ၊ ဖွဲပြာခင်းခြင်းနှင့် ရေမြောင်းအား ၁ […]
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ခြင်းလုံးဒိုင်လူကြီးနှင့်နည်းပြသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ခြင်းလုံးဒိုင်လူကြီးနှင့်နည်းပြသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ ၁၈ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးနှင့် နည်းပြသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်၊ ဒုတိယဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့သည်။ ဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက […]
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်၁၀ ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၁ ရရှိ
![]()
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်၁၀ ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၁ ရရှိ ရန်ကုန်၊ မေ ၁၇ (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကွန်ဗင်းရှင်းစင်တာ MCC ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Datuk Paul Chua၊ အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလ […]
(၂၀)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ
![]()
(၂၀)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ ရန်ကုန်၊ မေ ၁၆ (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၁၄: ၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကွန်ဗင်းရှင်းစင်တာတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Datuk Paul Chua ၊ အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်(၈)နိုင်ငံမှ အုပ်ချုပ်၊ နည်းပြများနှင့်အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာပြိုင်ပွဲဝင်နိုင်ငံများမှအသင်းများက စင်မြင့်ထက်တွင် နေရာယူပြီးနောက် အခမ်းအနားအား ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်အလံကို အလေးပြုကြပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ […]
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့နှင့်အတူ ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ အကောင် အထည်ဖော်မှုအခြေအနေများနှင့် မိုးလုံလေလုံအားကစားရုံတည်ဆောက်မည့် မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့နှင့်အတူ ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ အကောင် အထည်ဖော်မှုအခြေအနေများနှင့် မိုးလုံလေလုံအားကစားရုံတည်ဆောက်မည့် မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၁၃ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကျောင်းကုန်းမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့်မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ […]
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မိုးလုံလေလုံအားကစားရုံတည်ဆောက်မည့် မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မိုးလုံလေလုံအားကစားရုံတည်ဆောက်မည့် မြေနေရာတို့အား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ ၁၂ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန် ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီးအတွင်း နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်အရ Football For School Program ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် […]