အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၃၀)ရက်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်နေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့်အတူ အဖွဲ့ဝင်(၁)ဦးတို့သည် ယနေ့ နံနက်(၀၈: ၂၀) နာရီ အချိန်တွင် လေယာဉ်အမှတ် 8M-231 ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို ရန်ကုန်၊ စက်တင်ဘာလ(၂၉)ရက်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာ လ(၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်အတူ မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၅:၁၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် MU-2031 ဖြင့် ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဘောလုံး(အမျိုးသား)ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဘောလုံး(အမျိုးသား)ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ စက်တင်ဘာလ(၂၈)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ ညနေ ဒေသစံတော်ချိန်(၇)နာရီခွဲတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Sports Center Stadium ၌ ကျင်းပလျက်ရှိသည့် အမျိုးသား U-24 ဘောလုံးပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ (၂၈.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား U-24 ဘောလုံးပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် ဂျပန်အသင်းက မြန်မာအသင်းကို (၇)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ Wenzhou Sport Center Stadium […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်မွန်ပြည်နယ် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်မွန်ပြည်နယ် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ မော်လမြိုင် စက်တင်ဘာလ(၂၈)ရက်။ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ ကျင်းပသည်။ ဦးစွာ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်ခြင်း၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ကဏ္ဍ(၁၆)ရပ်ကို ပြည်နယ်အဆင့်သာမက ခရိုင်၊ မြို့နယ်အဆင့်ထိပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ် လူငယ်ကော်မတီများဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့“ ဆိုတဲ့ ပညာရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ရာ ကလေးတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးဖို့ […]

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ၊ စာသင်ကျောင်း၊ အားကစားကွင်း/အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှု

Loading

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ၊ စာသင်ကျောင်း၊ အားကစားကွင်း/အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှု မော်လမြိုင်၊ စက်တင်ဘာလ (၂၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၈:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)သို့ရောက်ရှိပြီး အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသော ကျောင်းသား/ကျောင်းသူများ စာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်းဝင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၊ ကျောင်းအုပ်ကြီး ဦးနေမျိုးလွင်မှ နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးသည့်ခရီးစဉ်များတွင် အကြီးအကဲထံသို့ တင်ပြမည့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၏ ကျောင်းမြေနေရာ (Google Map)၊ ကျောင်းမြေနေရာ(Layout Plan)၊ အားကစားကွင်း/ရုံရေကူးကန်များ၏ ရာဇဝင်တင်ပြချက်၊ အားကစားနှင့်ကာယပညာသိပ္ပံများ၏ အားကစားနည်းအလိုက် သင်တန်းသားအင်အားနှင့် နည်းပြအင်အားစာရင်း၊ ပညာသင်နှစ်အလိုက်အောင်မြင်မှုများနှင့် ပတ်သက်သည့်ကားချပ်များအား ကောင်းမွန်ပြည့်စုံစွာ တင်ပြနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ […]

မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ စက်တင်ဘာလ(၂၇)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မွန်ပြည်နယ် လူငယ်ရေးရာ ကော်မတီဝင်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှု အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောသည်။ ယင်းနောက် […]

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ ဘားအံ၊ စက်တင်ဘာ ၂၆။ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကိုကရင်ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ(၂)တွင် (၂၆.၉.၂၀၂၃)ရက်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ လူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ပြီး လူငယ်ရေးရာဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။ အစည်းအဝေးအပြီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် လူငယ်ရေးရာရုံးနှင့် ဇွဲကပင်အားကစားကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ စက်တင်ဘာ(၂၇)။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံဝူးရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ၊ ဒုတိယဥက္ကဋ္ဌ ဦး‌‌အောင်နိုင်နှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၁၀)နာရီအချိန်က ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ စန္ဒီဦးက ကျန့်စု(ခေါ်) နှစ်ဖက်သွားဓါးနှင့် ချန်းစု(ခေါ်) လှံရှည်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်းတွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်(၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ နိုင်ငံအလိုက် မြတ်နိုးအိမ်က အဆင့်(၁၁)၊ စွမ်းရည်ထက်နိုင်က အဆင့်(၁၇)၊ အေးသစ္စာမြင့်က […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ ၂၆.၉.၂၀၂၃ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ကရင်ပြည်နယ် ဇွဲကပင်ခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့မှ ပူးပေါင်းကျင်းပသည့် “ လူငယ်စကားဝိုင်း” အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ကရင်ပြည်နယ်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝင် ပြည်နယ်ဝန်ကြီးများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်မှ လူငယ်စကားဝိုင်းဆွေးနွေးခဲ့သူများ၊ ဖျော်ဖြေတင်ဆက်အားကစားသရုပ်ပြသူများအား ဂုဏ်ပြုငွေချီးမြှင့်ခြင်း ဒုတိယဝန်ကြီးမှ ပညာရေးဌာနနှင့်အခြေခံပညာအထက်တန်းကျောင်းများသို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ Park Trainers Association မှ ဂျပန်နည်းပြဆရာများက Trainers နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့် Taping & Therapy နှင့်သက်ဆိုင်သည့်သင်ခန်းစာများအား သင်ကြားပို့နေမှုကို လာရောက်ကြည့်ရှု

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ Park Trainers Association မှ ဂျပန်နည်းပြဆရာများက Trainers နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့် Taping & Therapy နှင့်သက်ဆိုင်သည့်သင်ခန်းစာများအား သင်ကြားပို့နေမှုကို လာရောက်ကြည့်ရှု နေပြည်တော်၊ စက်တင်ဘာ(၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၊ မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Cluster (3)ရှိ Judo Training Hall ၌ Park Trainers Association မှ ဂျပန်နည်းပြဆရာများဖြစ်ကြသည့် NAKAJIMA YOSHIKAZU, NAKAJIMA YOSUKE, HOSHINO SEIYA, OTAKE REN, ABE YAMATO တို့က မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အုပ်ချုပ်/နည်းပြများ၊ […]