အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး၊ ဧပြီ ၂၅။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ၂၄.၄.၂၀၂၄ ရက်နေ့ ညနေ(၁၅း၃၀)နာရီအချိန်တွင် ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ နှင့် အားကစားဆပ်ကော်မတီများအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက အားကစားနည်းအလိုက် ဖိတ်ခေါ်အားကစားပွဲများ ကျင်းပနိုင်ရေးနှင့်စပ်လျဥ်း၍ ပြောကြားခဲ့ရာတွင် ပြည်နယ်အတွင်း အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အဓိကကျသော မျိုးဆက်သစ်အားကစားသမားများ စဥ်ဆက်မပြတ်ပေါ်ထွက်လာစေရန်၊ အဆင့်အတန်းမြင့်မားပြီး ပြိုင်ဆိုင်မှုများပြင်းထန်သောပြိုင်ပွဲများ အဆက်မပြတ်ကျင်းပပေးခြင်းဖြင့် အတွေ့အကြုံကောင်းများရရှိပြီး အဆင့်မီသောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ဖိတ်ခေါ်အားကစားပြိုင်ပွဲများကိုကျင်းပနိုင်ရန် ရည်ရွယ်ခဲ့ပါကြောင်း၊ မိမိတို့ပြည်နယ်အတွင်း၌ ယခင်ကကျင်းပခဲ့သော ဖိတ်ခေါ်အားကစားပြိုင်ပွဲများ၊ အထိမ်းအမှတ်ပြိုင်ပွဲများအား အစဥ်အလာမပျက် […]

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ မုံရွာ၊ ဧပြီ ၂၅။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄-ခုနှစ်၊ နွေရာသီအခြေခံနှင့်အဆင့်မြင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသား/သူများနှင့်မိဘများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကို အမျိုးသားရေးတာဝန် […]

၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၂၅-၄-၂၀၂၄ ရက်နေ့ နံနက် ၀၈:၃၀ နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်မိန့်ခွန်း ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ မွန်ပြည်နယ်အစိုးအဖွဲ့ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဏာမမြန်မာ့လက်ရွေးစင်အားကစားသမားများနှင့်လူငယ်အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဏာမမြန်မာ့လက်ရွေးစင်အားကစားသမားများနှင့်လူငယ်အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဧပြီ (၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများအား တွေ့ဆုံအမှာစကား ပြောကြားသည့်အခမ်းအနားကို ယနေ့ နေ့လယ်(၁၂)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအနေဖြင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ကြိုးစားအားထုတ်လေ့ကျင့်သွားရန် အထူးမှာကြားလိုကြောင်း၊ လေ့ကျင့်မှုများမှသာ ပြီးပြည့်စုံလာမည်ဖြစ်သည့်အတွက် လေ့ကျင့်မှုများများပြုလုပ်သွားရန်လိုကြောင်း၊ ယခုလေ့ကျင့်ရရှိထားသည့် […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ ပဏာမ မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားများအား တွေ့ဆုံ အမှာစကားပြောကြားသည့်သတင်း

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ ပဏာမ မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားများအား တွေ့ဆုံ အမှာစကားပြောကြားသည့်သတင်း

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နွေရာသီ အဆင့်မြင့်အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Loading

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နွေရာသီ အဆင့်မြင့်အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားသင်တန်းများ ဖွင့်ပွဲသို့ တက်ရောက်

Loading

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားသင်တန်းများ ဖွင့်ပွဲသို့ တက်ရောက်

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များ အားကစားနှင့် ပညာရေးကို ပေါင်းစပ်သင်ကြားနိုင်ပြီး ဗလငါးတန်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည်

Loading

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များ အားကစားနှင့် ပညာရေးကို ပေါင်းစပ်သင်ကြားနိုင်ပြီး ဗလငါးတန်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည်

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားသင်တန်းများနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများဖွင့်လှစ်

Loading

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နွေရာသီအခြေခံနှင့် အဆင့်မြင့် အားကစားသင်တန်းများနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများဖွင့်လှစ်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် နေပြည်တော်၊ ဧပြီ (၂၅)။ ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များ တွင်  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရွှေကြာပင်အားကစားရုံ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာ စကားပြောကြားရာတွင် ကျောင်းသားလူငယ်များ အားကစားကိုစိတ်ပါဝင်စား လာစေရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသင်တန်းများမှ အလားအလာရှိသည့် သင်တန်းသား/သင်တန်းသူ လူငယ်မောင်မယ်များကို အားကစားနည်းအလိုက် နည်းစနစ် မှန်မှန်ကန်ကန် ဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာဆက်လက်လေ့ကျင့်နိုင်စေရန် ယခုနွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ကို […]