လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ
![]()
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၇ ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် ဒုတိယအချက်ဖြစ်သည့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အား ကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” အချက်အား အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ အနာဂတ် ကို ဖန်တီးတည်ဆောက်ကြမည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များအား ကုန်ထုတ်လုပ်မှု အတတ်ပညာတစ်ခုကို တတ်မြောက်ပြီး ဆင့်ကဲဆင့်ကဲ ပြန်လည်မျှဝေခြင်းဖြင့် ကုန်ထုတ်လုပ်မှုအတတ်ပညာတစ်ခု […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ မတ်လ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်း တွင် လှည်းကူးမြို့နယ် ၊ လှည်းကူးအားကစားကွင်းသို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြိုဆို ကြပြီး နွေရာသီဘောလုံး ၊ ပြေးခုန်ပစ် ၊ သိုင်းနှင့် ဘတ်စကက်ဘော အားကစားသင်တန်း တက်ရောက် နေသော သင်တန်းသား/သင်တန်းသူများ၊လှည်းကူးမြို့နယ် U-18 ဘောလုံးအသင်း လေ့ကျင့်နေမှု များကို ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကောင်းမွန်စေရန် ၊ နည်းစနစ် မှန်ကန်စေရန် ၊ ကြံ့ခိုင်မှုနှင့် သက်လုံကောင်းမွန်စေရန် မှာကြား၍ ဘောလုံးကွင်း၊ ပြေးခုန်ပစ် ပြေးလမ်း မိုးလုံလေလုံအားကစားရုံတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ မတ်လ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မိုးလုံလေလုံအားကစားရုံအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ မအူပင်ခရိုင် အားကစားကွင်း၌ (၅.၃.၂၀၂၅)ရက်နေ့ နံနက်က လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အုတ်တံတိုင်း ၊ ပွဲကြည့်စင်မျက်နှာကြက်များ ၊ အလေးမ အားကစားရုံအတွင်းရှိ မျက်နှာကြက်များ ၊ အုတ်နံရံများ ပျက်စီးသွားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အမြန်ဆုံးပြင်ဆင်နိုင်ရေး မှာကြားခဲ့ကြောင်း သိရှိရသည်။
“ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း
![]()
“ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း နေပြည်တော်၊ မတ်လ ၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေကြသည့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်းများအား လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး အသိပညာများ ဆွေးနွေးနိုင်စေရန် ရည်ရွယ်၍ “ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ဖို့ ဘက်ပေါင်းစုံက ကြိုးစားစို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအား ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (Media Press Room)၌ ကျင်းပခဲ့သည်။ ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းလူငယ်များ အသိပညာဗဟုသုတများ တိုးပွားလာပြီး မိမိအလုပ် ကို တန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ လူငယ်စကားဝိုင်းအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များအတိုင်း […]
ဒုတိယဝန်ကြီး ဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
![]()
ဒုတိယဝန်ကြီး ဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၌ အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှု ကြည့်ရှုအားပေးသည့်သတင်း
![]()
ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၌ အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှု ကြည့်ရှုအားပေးသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ မတ်လ (၆)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည် နှင့်အတူတာဝန်ရှိသူ များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ အားကစား ကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး နွေရာသီအခြေခံအားကစား သင်တန်းတွင် ပါဝင်တက်ရောက်လျက်ရှိသော သင်တန်းသား/သင်တန်းသူများ အား ဂုဏ်ပြု ချီးမြှင့်ငွေများချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ရှိ အားကစားကွင်း/ အားကစားရုံ များအား လိုက်လံကြည့်ရှုစစ်ဆေး၍ လေ့ကျင့်လျက်ရှိသော ကြက်တောင်အားကစားသမား များကို တွေ့ဆုံအားပေးခဲ့ပြီး အမိုးပါရေကူးကန်ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲမြို့သို့ သွားရောက်ပြီး အားကစား ကွင်း/ အားကစားရုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း၊ အားကစားရုံ များအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း၊ အားကစားရုံ များအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အမျိုးသားရေကူးကန်အား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အမျိုးသားရေကူးကန်အား ကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံအစည်းအဝေးကျင်းပ ရန်ကုန်၊ မတ်လ (၆)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့နယ် ၊ ဦးဝိစာရ လမ်းရှိအမျိုးသားရေကူးကန်သို့ရောက်ရှိရာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ကြိုဆိုကြပြီး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြ၍ ရေကူးကန်အတွင်းရှိ ဆေးခန်း၊ အမျိုးသား/ အမျိုးသမီး အဝတ်လဲခန်း၊သန့်စင်ခန်း နှင့် ကလေးရေကူးကန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ၊ ဘဏ္ဍာရေးနှစ် အားကစားနှင့်ကာယပညာဦးစီးဌာန ရန်ပုံငွေကျပ်(၂၄၁)သန်းဖြင့် ဆောင်ရွက်နေသော အမျိုးသားရေကူးကန် ရေသန့်စင် စက်ခန်းနံရံ ပြုပြင်နေမှု ၊ ရေသန့်စင်စနစ် Filter ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီးရေသန့်စင်နေအောင် ဆောင်ရွက်ရန်၊ […]
ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်နေမှုနှင့်ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်နေမှုနှင့်ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ မတ်လ (၅)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဆန်း နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့သို့ ရောက်ရှိ၍ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည် များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ်ရှိ အားကစားကွင်း/ အားကစားရုံသို့ လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံသို့ လည်းကောင်း ရောက်ရှိ၍ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ရုံးလုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ရုံးလုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်၊ အချင်းချင်းအထက်အောက်အပြန်အလှန် လေးစားကြရန် ၊ […]