အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဩဂုတ်(၃၀)ရက်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များမှ အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစား ဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ အားကစားနည်းအလိုက် တာဝန်ခံအုပ်ချုပ်/ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်ဖြစ်သော (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရရှိခဲ့သည့် ရွှေတံဆိပ်ထက် နှစ်ဆပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် နိုင်ငံအလိုက်အဆင့်မလျော့ကျစေရန်အတွက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားလုံး အထူးကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ […]

ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ ၂၀၂၂ခုနှစ်၊ ဗိုဗီနမ်နည်းပြသင်တန်း သင်တန်းဆင်းပွဲအခမ်း အနားတက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ ၂၀၂၂ခုနှစ်၊ ဗိုဗီနမ်နည်းပြသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဩဂုတ်(၃၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့်” ၂၀၂၂ခုနှစ်၊ ဗိုဗီနမ်နည်းပြသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား” ကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ခင်လေးမွန်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဆုတံဆိပ်များရရှိခဲ့ပြီး […]

၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဖိုရမ်တက်ရောက်၍ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဆုရသူတို့အားကြိုဆို

Loading

၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဖိုရမ်တက်ရောက်၍ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်း ဆုရသူတို့အားကြိုဆို ရန်ကုန်၊ ဩဂုတ်(၂၈)ရက်နေ့။ ဗီယက်နမ်နိုင်ငံQuangBinhစီရင်စု၌ (၂၃.၈.၂၀၂၂)ရက်နေ့မှ (၂၇.၈.၂၀၂၂)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ အာဆီယံအပေါင်း လူငယ်စေတနာ့ဝန်ထမ်းဖိုရမ်နှင့် အာဆီယံအပေါင်းလူငယ်စေတနာ့ဝန်ထမ်းဆုချီးမြှင့်ပွဲအခမ်းအနား (ASEAN PLUS Youth Volunteer Forum And ASEAN PLUS Youth Volunteer Award 2022 ) ကျင်းပပြုလုပ်ခဲ့ရာမြန်မာနိုင်ငံမှ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပပထွန်းနှင့် ရှင်သန်ရေးလူမှုကူညီရေးအသင်း အတွင်းရေးမှူး ဒေါ်နိုင်နိုင်ဝင်းထိန်တို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် တစ်ဦးချင်းလူငယ်စေတနာ့ဝန်ထမ်းဆုကို မောင်ဇွဲရန်နိုင် (ရွှေရောင် သမိုင်းလူမှုကူညီရေးအသင်း)နှင့် အသင်းအဖွဲ့ဆုကို ဒေါ်နိုင်နိုင်ဝင်းထိန် (ရှင်သန်ရေးလူမှု ကူညီရေးအသင်း)တို့ကရရှိခဲ့ပါသည်။ တစ်ဦးချင်းလူငယ်စေတနာ့ဝန်ထမ်းဆုကို မောင်ဇွဲရန်နိုင်(ကိုယ်စား) လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ပပထွန်းမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေးသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား တက်ရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ်(၂၉)ရက်။ မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေးနှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ […]

၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား၊   အမျိုးသား တံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား၊   အမျိုးသား တံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ်(၂၉)ရက်။ လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင် ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသည့် “ ၂၀၂၂ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား” ကို ယမန်နေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဆက်လက်ကျင်းပ လားရှိုးမြို့၊ သြဂုတ် ၂၈ ရက်။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ဘတ်စကက်ဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်မှ စတင်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ၊ (၁၂)ရပ်ကွက်ရှိလေ့ကျင့်ရေးအားကစားရုံ၌ အမျိုးသား/အမျိုးသမီး 5×5 ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ အမျိုးသား 5×5 ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို ၁၀၃ မှတ် / ၆၄ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၈၁ မှတ် / ၆၈ မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ […]

မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အသက်(၁၂)နှစ်အောက်နှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အသက်(၁၂)နှစ်အောက်နှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ လဲချားမြို့ ၊ သြဂုတ် ၂၈ ရက် ။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လဲချားမြို့နယ်မှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား အသက်(၁၂)နှစ်အောက်နှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၆.၈.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အတွင်း တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ဖူဆယ်ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးဖြိုးမြင့်ဝေ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လဲချားမြို့နယ် အားကစားမှူး ဦးထိန်လင်း ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြများနှင့် အားကစားသမားများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ အကအဖွဲ့များတက်ရောက်ခဲ့ကြပြီး အဆိုပါဖွင့်ပွဲတွင် အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး […]

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ်(၂၇)ရက်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ” ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များကို ယနေ့ ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ဗိုလ်ချုပ်ဖြိုးသန့်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအောင်ကျော်ထွန်းနှင့် ဦးအောင်မြိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ယနေ့ ကွာတားဖိုင်နယ်ပြိုင်ပွဲ […]