(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပသည့်သတင်း

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပသည့်သတင်း
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော် ၊ ဇွန်လ(၁၇)ရက်။ ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ […]
ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဆေးတက္ကသိုလ်တောင်ကြီးတို့ ပူးပေါင်းကျင်းပသော ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဆေးတက္ကသိုလ်တောင်ကြီးတို့ ပူးပေါင်းကျင်းပသော ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲကျင်းပ တောင်ကြီး၊ ဇွန်(၁၅)ရက်။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲကိုဇွန်(၁၅)ရက်မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး ကဆေးတက္ကသိုလ်ကျောင်းသားများသည်ကျောင်းစာကိုအမြဲလေ့လာဖတ်ရှုနေကြပြီး မအားလပ်သည့်ကြားက ယခုလိုအားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဥ်ပြိုင်ကြသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ စာပေပညာထူးချွန်ရုံသာမက အားကစားတွင် ထူးချွန်အောင်ကြိုးစားလိုစိတ် ရှိသည်ကို ဝမ်းမြောက်မိပါကြောင်း၊ ယနေ့ပြိုင်ပွဲတွင် ကစားကြသည့် ကျောင်းသားများသည်မိမိကိုယ်ကို ကိုယ်စားပြုရုံသာမက တက္ကသိုလ်တစ်ခုလုံး၏ ကိုယ်စားဖြစ်၍ အားကစားသမားများအနေဖြင့် တက္ကသိုလ်၏ ဂုဏ်နှင့်စိတ်ဓါတ်ကို ဖော်ညွှန်းပြပါကြောင်း၊ ကစားသည့်အခါစိတ်အားထန်သန်မှု၊ ပြိုင်ဘက်ကို လေးစားမှု၊တက္ကသိုလ်ဘောလုံးသမိုင်းကို ထူးခြားစစ်မှန်သည့်အားကစားစွမ်းရည်များနှင့် ဖော်ကျူးပြီး အားကစားစွမ်းရည်မျှတသည့် ကစားနည်းလမ်းများဖြင့် ကစားကြရန် ပြောကြားသည်။ ဆက်လက်၍ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာလှမြင့်ဝင်းက ပြိုင်ပွဲကျင်းပရခြင်းအကြောင်းအရင်းကို ရှင်းလင်းတင်ပြပြီး ပြိုပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။ ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဆေးတက္ကသိုလ် -တောင်ကြီးပါမောက္ခချုပ်နှင့် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဇွန်လ(၁၄)ရက်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ခြင်းကို ဇွန် (၁၄)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ နိုင်ငံ့ကိုယ်စားပြု အားကစားသမား (၃၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခွန်ဘိုကာတာ အားကစားနည်းတွင် ရွှေ(၁)ခု၊ ကြေး(၁)ခု၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ရွှေ(၂)ခု၊ ကြေး (၁)ခု၊ လှေလှော်ပြိုင်ပွဲတွင် ရွှေ(၁)ခု၊ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မွန်ပြည်နယ်မှ ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မွန်ပြည်နယ်မှ ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ မော်လမြိုင် ဇွန်လ(၁၃)ရက်။ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မွန်ပြည်နယ်မှ ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ (၁၃)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ SunShine Hotel ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နိုင်ငံဂုဏ်ဆောင် ဆုရရှိကြသည့် နည်းပြနှင့် အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်ဂါဝရပြုပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အားကစားသည် နိုင်ငံသူ ၊ နိုင်ငံသားများရဲ့ စိတ်နှလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်ခြင်း ၊ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်းအား ဂုဏ်ပြုပွဲကျင်းပ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်းအား ဂုဏ်ပြုပွဲကျင်းပ ရန်ကုန်၊ဇွန်လ(၁၃)ရက်။ ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်နိုင်ဆုရရှိခဲ့သော မြန်မာ့လက်ရွေးစင် ရိုးရာလှေအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ည (၆)နာရီအချိန်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ Dragon Golf City ၌ ကျင်းပရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် ဒုတိယ ဥက္ကဌများ၊အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ ၊ စေတနာရှင်/အလှူရှင်များ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ/နည်းပြများ ၊ ဆုရအားကစားသမားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ဦးကျော်ဝေ (Jewellery Luck Group Of Companies)မှ […]
၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်အသက်(၂၅)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်အသက်(၂၅)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဇွန်လ(၁၃)ရက်။ ၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၁၅:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ(၂)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဗိုလ်လုပြိုင်ပွဲအဖြစ် မရမ်းကုန်းခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်းနှင့် ဗိုလ်တထောင်ခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မရမ်းကုန်းခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်းက (၁:၀)ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသော […]
(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် အောင်ပွဲရမြန်မာကာယဗလအားကစားအဖွဲ့အားရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို

(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် အောင်ပွဲရမြန်မာကာယဗလအားကစားအဖွဲ့အားရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ကြိုဆို ရန်ကုန်၊ ဇွန်လ(၁၂)ရက်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန် (Batam) မြို့၌ ဇွန်လ(၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပပြီးစီးခဲ့သည့် (၁၇)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ (17th Southeast Asia Bodybuilding & Physique Sports Championships )တွင် အောင်ပွဲရ မြန်မာ့ကာယဗလအားကစားအဖွဲ့ ယနေ့ညနေ(၃)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဌ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုး ဦးညွန့်ဖေ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ပြည်သူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။ မြန်မာကာယဗလအားကစားအဖွဲ့တွင် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်သန်း(အုပ်ချုပ်သူ) ဦးမင်းဇော်ဦး(နည်းပြ) အားကစားသမားများဖြစ်သည့် ပြည့်ဖြိုး(၅၅ကီလိုတန်း) […]
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ ဇွန်(၁၂)။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲဆုချီးမြှင့်ပွဲကို ဇွန်(၁၂) ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးရုံ၌ကျင်းပသည်။ ဆုချီးမြှင့်ပွဲတွင်နောက်ဆုံး အမျိုးသမီးဗိုလ်လုပွဲအဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် တောင်ကြီးခရိုင်အသင်းတို့ယှဥ်ပြိုင်ကစားနေမှု၊ အမျိုးသားဗိုလ်လုပွဲအဖြစ် တာချီလိတ်ခရိုင်အသင်းနှင့် တောင်ကြီးခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် နည်းပြများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားကစားဝါသနာရှင်များကကြည့်ရှုအားပေးကြပြီး အမျိုးသမီးအသင်းမှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အားကစားကွင်းအားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အားကစားကွင်းအားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် (၁၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ အားကစားဥယျာဉ်စီမံကိန်းအတွင်း တည်ဆောက်လျက်ရှိသည့် အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံ အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်အညီ အချိန်မီဆောက်လုပ်ပြီးစီးစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။ ထိုနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဦးဝိစာရလမ်း၊ အမျိုးသားရေကူးကန်အတွင်းရှိ ပွဲကြည့်စင်အားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းရှိ ပွဲကြည့်စင်နှင့် အားကစားသမားအိပ်ဆောင်တို့အားလည်းကောင်း၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအတွင်းရှိ (၄)ထပ် သင်တန်းသား/သင်တန်းသူ အိပ်ဆောင် တည်ဆောက်နေမှု အခြေအနေတို့အား […]