အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ပူတာအိုခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ပူတာအိုခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန်လ(၁၇)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ခရိုင်/မြို့နယ် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ပူတာအိုခရိုင် အားကစား ဆောင်ရွက်မှုအခြေအနေများအား လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပူတာအိုမြို့နယ် အားကစားမှူးတို့မှ power point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်ညွှန်ကြားရေးမှူးမှ လိုအပ်သည်များ ဖြည့်စွက် တင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းသားသမီးများထဲမှ တက္ကသိုလ်ဝင်စားမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုထောက်ပံ့ခြင်းနှင့် တက္ကသိုလ်/ကောလိပ် တက်ရောက်နေသော ဝန်ထမ်းများအား ပညာသင်ထောက်ပံ့ကြေးများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ Virtual စနစ်ဖြင့်တက်ရောက်သည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ Virtual စနစ်ဖြင့်တက်ရောက်သည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက် နေပြည်တော်၊ ဇွန်(၂၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ယနေ့ နံနက်(၇)နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ(အပေါ်ထပ်) ၌ Virtual  စနစ်ဖြင့် တက်ရောက်ခဲ့သည်။ အစီအစဉ်အရ (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတွင် မလေးရှားနိုင်ငံမှ Mr. YB ADAM ADLI ABD MALM က ဒေသတွင်းလူငယ်များ၏ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရန် “စိတ်ကျန်းမာရေး ပြဿနာများအားလုံးနှင့်အတူ ရင်ဆိုင်ကျော်လွှား” ဆောင်ပုဒ်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၀ ခုနှစ်တွင် […]

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

Loading

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော်၊ ဇွန်လ(၂၁)ရက်။ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံကာ နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံသားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူအင်အား (၁၅၀)ခန့် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ လူငယ်အသိပညာပေး အကြောင်းများဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အာကစားနှင့်ကာယပညာ ဦးစီးဌာနမှ စာသင်ကျောင်းအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့် ဒိုင်လူကြီး သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့် ဒိုင်လူကြီး သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန်လ(၂၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာပညာဦးစီးဌာန ရွှေကြာပင် အားကစားကွင်းသို့ရောက်ရှိပြီး အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၂၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့်ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ဂျူဒိုပညာရပ်သည် ဂျပန်လူမျိုးများ၏ ရိုးရာအားကစားနည်းဖြစ်ပြီး အပြန်အလှန်လေးစားမှုရှိရန်၊ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံနှုတ်ဆက်တိုင်း စနစ်တကျဦးညွတ်အလေးပြုနှုတ်ဆက်ရသည့်ဓလေ့ကို ရိုသေလေးစားသမှုနှင့် လေးနက်စွာ နှုတ်ဆက်အလေးပြုရန် လွန်စွာအရေးကြီးကြောင်း၊ ဂျူဒိုအစ အလေးပြုခြင်းကဆိုသည့်အတိုင်း ပထမဦးဆုံး ဂျူဒိုအားကစားနည်းကို သင်ကြားသည့်အခါ အလေးပြုခြင်းက စတင်သင်ကြားရခြင်းဖြစ်ပြီး မိမိပြိုင်ဖက်အား လေးစားခြင်း၊ မိမိကိုယ်ကို နှိမ့်ချရိုကျိုးခြင်းဖြစ်သည့်အတွက် အလေးပြုရခြင်း ရည်ရွယ်ချက်ကို သိရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့မသိသေးသည့် အချို့သော နည်းစနစ်များ၊ […]

(၁၁) ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th SOMY +3) အား Virtual စနစ်ဖြင့်တက်ရောက်

Loading

(၁၁) ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (11th SOMY +3) အား Virtual စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ ဇွန်(၂၀)။ မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်ဦးဆောင်ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (11th SOMY+3)အား မြန်မာစံတော်ချိန် ယနေ့ နံနက် (၇:၃၀) အချိန်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ခေါင်းဆောင်များ၊ အာဆီယံအပေါင်း(၃)နိုင်ငံများ (တရုတ်၊ ကိုရီးယား၊ ဂျပန်)မှ လူငယ်ဆိုင်ရာခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံအာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(SOMY) ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အာဆီယံအပေါင်း(၃)လူငယ်ဆိုင်ရာလုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၅) နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူငယ်ဆိုင်ရာအစီအစဉ်များ၏ တိုးတက်မှု […]

(၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY)အား Virtual စနစ်ဖြင့်တက်ရောက်

Loading

(၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY)အား Virtual စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ ဇွန်လ(၁၉)။ မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်ဦးဆောင်ကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY XII) အား မြန်မာစံတော်ချိန် ယနေ့နံနက် (၇:၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံအာဆီယံ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMY)၏ ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ (၁၂)ကြိမ်မြောက် အစည်းအဝေးတွင် အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူငယ်ဆိုင်ရာ အစီအစဉ်များ၊ အာဆီယံလူငယ်ဆိုင်ရာရန်ပုံငွေများကို သုံးစွဲမှုအခြေအနေများ၊ အာဆီယံလူငယ် ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအပေါ် နှစ်လယ်သုံးသပ်မှု အခြေအနေများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် […]

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ မုံရွာ၊ ဇွန်လ(၁၉)ရက်။ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၀၈:၃၀) အချိန်တွင် ကျောင်းလေ့ကျင့်ရေးခန်းမဆောင်(၁)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းအဆင့်ဌာနဆိုင်ရာ ဧည့်သည်တော်များ ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ ၊ အလှူရှင်များ ၊ ဝန်ထမ်းများ ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူ များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ အလှူငွေ (၁၀)သိန်းကျပ် ထောက်ပံ့လှူဒါန်းခြင်းနှင့် သီးခြားဖိတ်ကြားထားသော အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ လူမှုရေးရာဝန်ကြီး […]