အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ၊ စာသင်ကျောင်း၊ အားကစားကွင်း/အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှု

မော်လမြိုင်၊ စက်တင်ဘာလ (၂၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၈:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)သို့ရောက်ရှိပြီး အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသော ကျောင်းသား/ကျောင်းသူများ စာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်းဝင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၊ ကျောင်းအုပ်ကြီး ဦးနေမျိုးလွင်မှ နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးသည့်ခရီးစဉ်များတွင် အကြီးအကဲထံသို့ တင်ပြမည့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၏ ကျောင်းမြေနေရာ (Google Map)၊ ကျောင်းမြေနေရာ(Layout Plan)၊ အားကစားကွင်း/ရုံရေကူးကန်များ၏ ရာဇဝင်တင်ပြချက်၊ အားကစားနှင့်ကာယပညာသိပ္ပံများ၏ အားကစားနည်းအလိုက် သင်တန်းသားအင်အားနှင့် နည်းပြအင်အားစာရင်း၊ ပညာသင်နှစ်အလိုက်အောင်မြင်မှုများနှင့် ပတ်သက်သည့်ကားချပ်များအား ကောင်းမွန်ပြည့်စုံစွာ တင်ပြနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးထံသို့ ရှင်းလင်းတင်ပြလမ်းညွှန်မှုခံယူခဲ့ပါကြောင်း သိရှိရပါသည်။