မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွန်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွန် ရန်ကုန်၊ သြဂုတ်လ (၅)ရက်။ မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွှန်ဆွေးနွေးသည့် အခမ်းအနားကို ယနေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်း ( YECC )ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြင်းစီးကလပ် အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ပထမဦးစွာအစည်းအဝေးတက်ရောက်လာသူများက တစ်ဦးချင်းစီ ပြည်ထောင်စုဝန်ကြီးအား မိတ်ဆက်ဂါရဝပြုပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အားကစားလောကတိုးတက်အောင်မြင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်တဲ့အတွက် အားကစားနည်းပေါင်းစုံ […]
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ဘားအံ၊ ဩဂုတ် (၄)။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ၄.၈၂၀၂၃ ၊ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် ဘားအံမြို့၊ (လှာကမြင်)ဇွဲကပင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်မှလည်းကောင်း၊ဆက်လက်၍ အားကစားနည်းအလိုက် ဆုရအားကစားသမားများအား ဆုချီးမြှင့်ကြရာ အမျိုးသမီး မီတာ (၁၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ပြေးခုန်ပစ်ဆပ်ကော်မတီဝင် ဒေါ်ကြည်ကြည်ဦးမှလည်ကောင်း၊ အမျိုးသမီး မီတာ (၄၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော […]
အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ရာဇဂြိုလ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦး၊ လူငယ်ရေးရာဦးစီးဌာန ရန်ကုန်တိုင်းတာဝန်ခံ ဦးအေးချိုတူး အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးစည်သူဇော်၊ နည်းပြ ဦးမောင်မောင်ခင်တို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲကျော်သူမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်မှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအေးချိုတူး နှင့် […]
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ မော်လမြိုင် သြဂုတ်လ(၃)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ်(၃)ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မွန်ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ၏ အနီးကပ်ကြီးကြပ်မှု အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ၏ တက်ကြွစွာပူးပေါင်းလုပ်ဆောင်မှု၊ စေတနာရှင်၊ အလှူရှင်များ၏ ထောက်ပံ့ကူညီမှုများနှင့် […]
ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ ဩဂုတ်လ(၂)ရက်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ဩဂုတ် ၂ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် ဖူဆယ်ဘောလုံးအသင်း အောင်မြင်မှု အသီးအပွင့်ခံစားလာရသည်မှာ ရှမ်းပြည်နယ်အတွင်း ဖူဆယ်အားကစားကွင်းများ များပြားလာခြင်း၊ ပြိုင်ပွဲများစွာ ကျင်းပပေးနိုင်ခြင်း၊ အားကစားသမားများနှင့် နည်းပြများမှ အားသွင်ခွန်စိုက် အရည်အချင်းများကို ကြိုးစားဖော်ထုတ်ပြသ ကစားနိုင်ခဲ့သောကြောင့် ရှမ်းပြည်နယ်ဖူဆယ်သမိုင်းတွင် ပထမဆုံး တံခွန်စိုက်ဒိုင်း ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်အားကစားနည်းသည် အခြားအားကစားနည်းများလို ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့ အဓိကမကျဘဲ သွက်လက်ဖျတ်လက်မှု၊ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင်အောင်ပွဲရ ရှမ်းပြည်နယ် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အသင်းအားကြိုဆို

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲတွင် အောင်ပွဲရ ရှမ်းပြည်နယ် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အသင်းအားကြိုဆို တောင်ကြီး၊ ဇူလိုင်လ(၁)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ရှမ်းပြည်နယ်မှ အမျိုးသမီး ပထမ၊ အမျိုးသား ဒုတိယဆုဆုရရှိသဖြင့် သြဂုတ်လ(၁)ရက်နေ့၊ နေ့လည် (၁၄:၀၀) အချိန်တွင် ပြည်နယ်ရုံးရှေ့၌ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ဇူလိုင်(၂၄)ရက်နေ့မှ စတင်၍ ဇူလိုင်(၃၁)ရက်နေ့ထိ အမျိုးသား ပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အမျိုးသမီး ပြိုင်ပွဲဝင်အသင်း (၁၁)သင်းဖြင့် ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အမျိုးသမီးဖူဆယ်အသင်းက ဗိုလ်လုပွဲတွင် ပဲခူးတိုင်းဒေသကြီးဖူဆယ်အမျိုးသမီးအသင်းကို (၆) ဂိုး၊ (၂) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိ ဗိုလ်စွဲခဲ့ပြီး၊ ရှမ်းပြည်နယ် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပသည့်သတင်း

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပသည့်သတင်း
အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
အားကစားနှင့်ကာယကညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်အားပေး နေပြည်တော် ဇူလိုင် ၃၁။ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့တွင် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင်(၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အားကစားကွင်းပတ်လည် အုတ်တံတိုင်းကာရံမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ ရွှေမန်းတောင်အားကစားကွင်း ပတ်လည် Inner Fencing ပေ (၁၆၀၀) ကာရံခြင်း၊ ကွင်းပတ်လည် အကျယ် ပေ(၇၀) အရှည် ပေ(၁၂၀၀) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများ သန့်ရှင်းသာယာမှုရှိစေရေး၊ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများလာရောက် လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် […]