၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်
![]()
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးချီးမြှင့် နေပြည်တော် မတ် ၂၉ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ဘောလုံးပြိုင်ပွဲ (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ အားကစားအသင်းများအလိုက် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲသို့တက်ရောက်သည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲသို့တက်ရောက်သည့်သတင်း
နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
![]()
နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ်(၂၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဝဏ္ဏသိဒ္ဓိရေကူးကန် နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈) နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော်ကြီးဖြစ်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များချမှတ်၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာလာစေရေးတို့အပြင် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေးကိုလည်း အဓိကဦးတည်ချက်ထားပြီး ဆောင်ရွက်လျက်ရှိသည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားလာစေရေး၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကိုစိတ်ပါဝင်စားလာစေရေး၊ မြန်မာ့အားကစားအဆင့်အတန်းမြင့်မားလာစေရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးတို့အတွက် အားကစားကို တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်များတွင် အားကစားနည်းအခြေခံများကို […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား/အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၈)။ ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁၊ ၂၊ ၃နှင့် ၄)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ် အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရလဒ်(၂)ဦးအသာဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရလဒ်(၁၁၇)မှတ်အသာဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ရလဒ်(၆၃)မှတ်အသာဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၄၈)မှတ်အသာဖြင့်လည်းကောင်း၊ ခရစ်ကက်(အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅) နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ် ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅) နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ် ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၇)။ ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁၊ ၂၊ ၃နှင့် ၄)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရလဒ်(၅၂)မှတ်အသာဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရလဒ်(၆)ဦးအသာဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်နေမြေ နေပြည်တော်အသင်းက ကရင်ပြည်နယ်အသင်းကို ရလဒ်(၆)ဦးအသာဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရလဒ်(၃၆)မှတ်အသာဖြင့်လည်းကောင်း၊ ခရစ်ကက်(အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းက […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅) နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ် ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ် ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၇)။ မျိုးဆက်သစ် ဘောလုံးအားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ကျင်းပခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား)အကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၃)ဂိုး၊ (ဂိုး)မရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များလာရောက်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မတ်(၂၈) ရက်နေ့တွင် ပြိုင်ပွဲ တစ်ရက်နားမည်ဖြစ်ပြီး မတ်(၂၉)ရက်နေ့ နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)အုပ်စုပတ် လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)အုပ်စုပတ် လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၆)။ ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁၊၂၊၃ နှင့် ၄)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရလဒ်(၂၀)မှတ်အသာဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၉)ဦးအသာဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၉)ဦးအသာဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ရလဒ်(၈)ဦးအသာဖြင့်လည်းကောင်း၊ ခရစ်ကက်(အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ရလဒ်(၈၃)မှတ်အသာဖြင့်လည်းကောင်း၊ […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅) နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၆)။ မျိုးဆက်သစ် ဘောလုံးအားကစားသမာများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ကျင်းပခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား)အကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အသင်းကို (၁)ဂိုး (ဂိုး)မရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များလာရောက် ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ […]
အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် မြားပစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
![]()
အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် မြားပစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ နေပြည်တော်၊ မတ်(၂၅)။ ၂၀၂၄ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့အထိ နေပြည်တော် ဇမ္မူသီရိမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အာကစားနှင့်ကာယပညာဦးစီးဌာတို့ ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်သင်တန်းတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင်နည်းပြဆရာများဖြစ်ကြသည့် ဦးအောင်သူရ၊ ဦးနေမျိုးအောင်နှင့် ဦးအောင်မျိုးသူတို့က သင်ကြားပြသပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီခွဲတွင် ပဏာမ မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများဖြစ်ကြသည့် မပြည့်စုံနှင်းနှင့် မောင်အောင်ကိုဦးတို့၏ မြားပစ် သရုပ်ပြသနေမှုများကို အာကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အာကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)အုပ်စုပတ် လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)အုပ်စုပတ် လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ မတ်(၂၅)။ ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁၊၂၊၃၊၄)တို့တွင် ကျင်းပခဲ့သည်။ ယနေ့ ခရစ်ကက်(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကိုရလဒ်(၆၅)မှတ်အသာဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရလဒ် (၃)ဦးအသာဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရလဒ် (၆၇)မှတ်အသာဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရလဒ် (၁)ဦးအသာဖြင့်လည်းကောင်း၊(အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ရလဒ်(၉၅)မှတ်အသာဖြင့်လည်း ကောင်း၊ ရခိုင်ပြည်နယ်အသင်းက […]