ယူအေဘီဘဏ်ကြက်တောင်ဂျူနီယာချန်ပီယံရှစ်အမျိုးသား၊အမျိုးသမီးကြက်တောင်ပြိုင်ပွဲဆုချီးမြှင့် ပွဲကျင်းပ
![]()
ယူအေဘီဘဏ်ကြက်တောင်ဂျူနီယာချန်ပီယံရှစ်အမျိုးသား၊အမျိုးသမီးကြက်တောင်ပြိုင်ပွဲဆုချီးမြှင့် ပွဲကျင်းပ ရန်ကုန်၊မေ(၄)ရက်။ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ UAB Bank Badminton Junior Championship 2024 ကြက်တောင်ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့မွန်းလွဲက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊ မြန်မာနိင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်၊ UAB Bank မှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပရိသတ်များမှာတက် ရောက်ကြည့်ရှုအားပေးကြသည်။ အဆိုပါ ဗိုလ်လုပွဲပြိုင်ပွဲတွင် အသက်(၉)နှစ်အောက်၊ (၁၁)နှစ်အောက်၊ (၁၃)နှစ်အောက်၊ (၁၅)နှစ်အောက်၊ (၁၇)နှစ်အောက်၊အသက်(၁၉)နှစ်အောက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများ၊ အသက်(၁၅)နှစ်အောက်၊ အသက်(၁၇)နှစ်အောက်၊ အသက်(၁၉)နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိင်ကစားပြီးပထမ၊ဒုတိယနှင့် ပူးတွဲတတိယရရှိကြသော အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူး၊မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့် UAB Bank မှ တာဝန်ရှိသူများက […]
FIFA-MFF TDS Scouting Program ဖြင့် မြန်မာဘောလုံးအကယ်ဒမီ(အထက်မြန်မာပြည်) ကျောင်းသားသစ်များ လူရွေးချယ်ခေါ်ယူ
![]()
FIFA-MFF TDS Scouting Program ဖြင့် မြန်မာဘောလုံးအကယ်ဒမီ(အထက်မြန်မာပြည်) ကျောင်းသားသစ်များ လူရွေးချယ်ခေါ်ယူ တောင်ကြီး၊ မေလ(၄)ရက်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄ ပညာသင်နှစ်၊ မြန်မာဘောလုံးအကယ်ဒမီ အထက်မြန်မာပြည် (မန္တလေး) အတွက် ကျောင်းသားသစ်များကို FIFA- MFF TDS Scouting Program ဖြင့်ကျင်းပကာ ရှမ်းပြည်နယ်ဘောလုံးအားကစားလောကတိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် အားကစားဖြင့်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်စေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထက်မြန်မာပြည် (မန္တလေး) မြန်မာဘောလုံးအကယ်ဒမီ လူရွေးချယ်ပွဲကို ယနေ့ နံနက် (၀၇:၃၀)နာရီအချိန် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလူရွေးချယ်ပွဲသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ၊ နည်းပြချုပ် ဦးကြည်နိုင်နှင့် နည်းပြအဖွဲ့ဝင်များ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အရွေးချယ်ခံ အားကစားသမားများ ၊ နည်းပြများနှင့် မိဘအုပ်ထိန်းသူများ […]
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် အားကစားကွင်း/ရုံ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများနှင့် ပွဲကြည့်စင်တွင် ပလပ်စတစ်ထိုင်ခုံများတပ်ဆင်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
![]()
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် အားကစားကွင်း/ရုံ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများနှင့် ပွဲကြည့်စင်တွင် ပလပ်စတစ်ထိုင်ခုံများတပ်ဆင်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ရှမ်းပြည်နယ်လက်ရွေးစင် ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဧပြီလ(၃၀)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၃၀-၄-၂၀၂၄ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန […]
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
![]()
၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်နိုင်ရန်အတွက် ၂၉-၄-၂၀၂၄ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်၌ လူစစ်ဆေးခြင်းနှင့် နံနက် ၁၀:၀၀ နာရီအချိန်တွင် အဆိုပါပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကို ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးသို့ ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ၊ မြို့နယ်အလိုက်အားကစားမှူးများနှင့် တာဝန်ခံများ ၊ နည်းပြ/အုပ်ချုပ်အဖွဲ့ဝင်များ ၊ အသင်းကိုယ်စားလှယ်များ ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြကြောင်းသိရှိခဲ့ရပြီး အဆိုပါပြိုင်ပွဲကို ၃၀-၄-၂၀၂၄ ရက်နေ့မှ ၇-၅-၂၀၂၄ ရက်နေ့ထိ ပြည်နယ်အားကစားရုံတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားသူ […]
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
![]()
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တောင်ကြီးမြို့၊ ဧပြီလ(၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၉-၄-၂၀၂၄ ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်နော်မေရီမိုးနှင့် ပြိုင်ပွဲဝင်အားကစားသမား ၂၄၀ ဦးတို့က တက်ရောက်ခဲ့ကြပြီး လူငယ်များအထွေထွေဗဟုသုတနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းနိုင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ဒေါက်တာ မေမင်းသိမ့်က အဟာရအကြောင်းသိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ပြည်နယ်ပတ်ဝန်းကျင်နှင့်သဘာဝထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးကျော်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်အောင်က မြန်မာနိုင်ငံရှိတိုင်းရင်းသားမျိုးနွယ်စုများအကြောင်းသိကောင်းစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများအား […]
“လူ့အခွင့်အရေးဆိုင်ရာ အညွှန်းကိန်းများနှင့်စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR)”၏ ဆွေးနွေးပွဲသို့ လူငယ်ရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့က Virtual စနစ်ဖြင့်တက်ရောက်
![]()
“လူ့အခွင့်အရေးဆိုင်ရာ အညွှန်းကိန်းများနှင့်စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR)”၏ ဆွေးနွေးပွဲသို့ လူငယ်ရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့က Virtual စနစ်ဖြင့်တက်ရောက် နေပြည်တော်၊ ဧပြီလ (၂၉)။ အင်ဒိုနီးရှားနိုင်ငံ၊ အာဆီယံအစိုးရများဆိုင်ရာလူ့အခွင့်အရေးကော်မရှင်(Indonesia AICHR) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့နှင့် (၃၀)ရက်နေ့များတွင် အင်ဒိုနီးရှားနိုင်ငံ၊ Tangerang မြို့တွင်လည်းကောင်း၊ virtual စနစ်ဖြင့်လည်းကောင်း Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “လူ့အခွင့်အရေးဆိုင်ရာ အညွှန်းကိန်းများနှင့်စပ်လျဉ်း၍ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR)”၏ ဆွေးနွေးပွဲသို့ လက်ရှိအာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌ (SOMY Chair)ဖြစ်သူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပထမနေ့ ဆွေးနွေးပွဲကို ယနေ့နံနက် (၀၈:၀၀)နာရီမှ […]
(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဧပြီ (၂၉)။ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည် တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇွန်(၁)ရက်မှ (၉)ရက်အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဗိုဗီနမ်နှင့်ရေကူး အားကစားနည်း(၂)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အဆင့်အတန်းမီမီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်သည့်အတွက် အားကစားသမားများ ထိခိုက်ဒဏ်ရာ မရရှိစေရန် နည်းပြများမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ […]
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဧပြီ ၃၀။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၂၉.၄.၂၀၂၄)ရက်နေ့၊ ညနေ (၁၅း၀၀) နာရီအချိန်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများနှင့် အကောင်းဆုံးဆုရရှိသော အားကစားသမားများအား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။
၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
![]()
၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ မော်လမြိုင်၊ ဧပြီ ၃၀။ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁ဝ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ၂၉.၄.၂၀၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။ ဆုပေးပွဲအခမ်းအနားတွင် အမျိုးသား ၃ယောက်တွဲ […]