ပဲခူးတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းများသို့ လာရောက်လေ့လာ
နေပြည်တော်၊ ဩဂုတ် ၂၆။
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများဖြစ်သည့် စိတ်ဓာတ်မြှင့်တင်ရေးခန်းမ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်
မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်တုများ၊ မြန်မာ့အားကစားမော်ကွန်းခန်းမ၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ဆုရရှိခဲ့သူများ၏ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့မှုများနှင့် ဆုတံဆိပ်ရရှိခဲ့မှုမှတ်တမ်းဓာတ်ပုံများပြခန်းတို့ကို လာရောက်ကြည့်ရှု လေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြခန်းတာဝန်ရှိသူများက လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။


