အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား နေပြည်တော်၊ အောက်တိုဘာ(၃)။ လူငယ်များအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား ကိုကျင်းပသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖော်ဆောင်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသည့် လိုအပ်ချက်ဖြစ်သည့်အတွက် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီမြင့်မားလာအောင် တိုးတက်မြှင့်တင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် မျိုးဆက်သစ် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်၍ အသိဉာဏ်ပညာဖွံ့ဖြိုးသူများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂)။ လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Gold Medal Hall) ၌ ကျင်းပသည်။ အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြား ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ လက်ဝှေ့အားကစားသမားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ထူးချွန်ထက်မြက်သည့်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ လက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပြိုင်ပွဲဝင်ကစားသမားများ တည်းခိုနေထိုင်သည့် အားကစားရွာအတွင်းသို့ လိုက်လံကြည့်ရှု

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပြိုင်ပွဲဝင်ကစားသမားများ တည်းခိုနေထိုင်သည့် အားကစားရွာအတွင်းသို့ လိုက်လံကြည့်ရှု ဟန်ကျိုး၊ အောက်တိုဘာ(၃)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် ဒေသစံတော်ချိန် (၆)နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ အားကစားရွာရှိ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နဂါးလှေလှော်(Dragon Boat) မြန်မာအသင်းအား သွားရောက် တွေ့ဆုံအားပေးစကားပြောကြား၍ ဝမ်းကျိုးမြို့သို့ ဆက်လက်ထွက်ခွာမည့် မြန်မာလှေလှော်အသင်းအား ပို့ဆောင်နှုတ်ဆက်ခဲ့သည်။ ထို့နောက် အားကစားရွာအတွင်းရှိ နိုင်ငံတကာ အားကစားသမားများ နေထိုင်ရန်စီစဉ်ထားသည့် အဆောက်အဦးများ၊ Fitness Center များအား လိုက်လံကြည့်ရှူ၍ မြန်မာအားကစားသမားများ နေထိုင်သည့်နေရာနှင့် မြန်မာနိုင်ငံအိုလံပစ် ကော်မတီရုံးခန်းတွင်ပြင်ဆင်ဖွဲ့စည်းထားသောအခန်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရ သည်။ (၃.၁၀.၂၀၂၃)ရက်နေ့ ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား(၄)ယောက်တွဲ အကြိုဗိုလ်လုပွဲ ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် […]

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်း‌ရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်း‌ရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ အောက်တိုဘာ(၂)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်းပြိုင်ပွဲကို ဟန်းကျိုးမြို့မှ ကျည်ဆံရထားဖြင့်သွားရောက်၍ ပြိုင်ပွဲမကျင်းပမီ အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အား‌ပေးစကား‌ပြောကြား၍ ပြိုင်ပွဲအားကြည့်ရှုအားပေးခဲ့ပြီး အာရှပိုက်ကျော်ခြင်းဥက္ကဋ္ဌ Mr.Dato Abdul Halim Kader နဲ့တွေ့ဆုံ၍ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားနည်း ပိုမိုတိုးတက်စေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်ပိုင်း […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးသည့်သတင်း

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးသည့်သတင်း

ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက် နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံခြင်းနှင့် စားသောက်ကုန် ထောက်ပံ့ပေးခြင်း အခမ်းအနားကျင်းပ

Loading

ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံခြင်းနှင့် စားသောက်ကုန် ထောက်ပံ့ပေးခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက် နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံခြင်းနှင့် စားသောက်ကုန် ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နေ့လယ် (၁:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲ(၄)ခုမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဌာနအတွက်လိုအပ်သော ရုံးသုံးပစ္စည်းကိရိယာများကို ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ယခုလတွင် ဘဲဥ(၁၀)လုံး ထောက်ပံ့ပေးသကဲ့သို့ လစဉ် […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးသည့်သတင်း

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးသည့်သတင်း

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၂၉)ရက်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အဖွဲ့ချုပ်ဥက္ကဌ ဦးရဲဝင့်ထွဋ်တင်၊ ဒုတိယဥက္ကဌနှင့် နည်းပြ(၂)ဦး၊ အမျိုးသား အားကစားသမား(၈)ဦး၊ အမျိုးသမီးအားကစားသမား(၆)ဦး၊ မြန်မာမြားပစ်အားကစားအဖွဲ့မှ နည်းပြ(၁)ဦး၊ အမျိုးသား အားကစားသမား(၁)ဦး၊ အမျိုးသမီးအားကစားသမား(၁)ဦးတို့သည် ယနေ့ နေ့လယ်(၁၁)နာရီတွင် လေယာဉ်အမှတ် CZ-3056 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်း‌ရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်း‌ရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ဟန်ကျိုး၊ အောက်တိုဘာ(၁)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ဟန်ကျိုးမြို့ရှိ Fuyang Yinhu Sports Center ကွင်း၌ ကျင်းပသည့် မြားပစ်အားကစားနည်းပြိုင်ပွဲကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ သီဟထက်ဇော်က မြားပစ်(အမျိုးသား) Recurve အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ကစားသမား(၈၄)ဦးအနက် စုစုပေါင်းရမှတ်(၆၃၉)မှတ်၊ အဆင့်(၃၀)ဖြင့်လည်းကောင်း၊ ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီတွင် ပြည့်စုံနှင်းက မြားပစ်(အမျိုးသမီး) Recurve အားကစားနည်းတွင် ဆက်လက်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် […]

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၃၀)ရက်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်နေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့်အတူ အဖွဲ့ဝင်(၁)ဦးတို့သည် ယနေ့ နံနက်(၀၈: ၂၀) နာရီ အချိန်တွင် လေယာဉ်အမှတ် 8M-231 ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။