အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဘတ်စကက်ဘောဒိုင်လူကြီးသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်၊ ဇွန်လ(၅)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဘတ်စကက်ဘောဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီအချိန်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အနောက်မျဉ်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံဘတ်စကက်ဘော အားကစားရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်နှင့်အမှုဆောင်များ၊ ဒိုင်လူကြီး နည်းပြ ဆရာ/ ဆရာမများ၊သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အခြေခံပညာ ဦးစီးဌာနအသီးသီးမှ ကာယ ဆရာ/ ဆရာမများ တစ်ဦးချင်းက မိတ်ဆက်ပေးခဲ့ကြပြီး မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌ(ကိုယ်စား) ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်က အဖွင့်အမှာစကားပြောကြား၍ အမှုဆောင် များ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ ကြသည်။

သင်တန်းကို ၂၀၂၄ ခုနှစ် ၊ ဇွန်လ(၃)ရက်မှ (၁၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ရာ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အခြေခံပညာဦးစီးဌာန အသီးသီးမှ သင်တန်းသား(၁၆)ဦး ၊ သင်တန်းသူ(၂၀)ဦး စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။