အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ဇွန် ၃ ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲအား (၃.၆.၂၀၂၄)ရက်နေ့ ညနေ (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားရုံအတွင်း၌ နေရာယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဖူဆယ် အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း လူငယ်များအနေဖြင့် ဖူဆယ်အားကစားနည်းအပေါ် ပိုမိုစိတ်ဝင်လာစေရေးနှင့် ပြန့်ပွားလာစေရေး၊ ပြည်နယ်မှ အားထားရတဲ့ ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေရေးတို့အတွက် ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ဤပြိုင်ပွဲကနေပြီး တော့ အလားအလာရှိတဲ့အားကစားသမားများကို စိစစ်ရွေးချယ်ပြီး နေပြည်တော်မှာ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီဇင်ဘာလအတွင်းကျင်းပပြုလုပ်မည့် ပဉ္စမ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အတွက်လည်း ယခုဖူဆယ်အသင်းက အခြေခံပြီး ဆက်လက်လေ့ကျင့်ပြင်ဆင်ဆောင်ရွက်သွားမှာဘဲဖြစ်ပါကြောင်း၊ ဖူဆယ်အားကစားနည်းဩာ အခြားအားကစားနည်းတွေလို ကိုယ်ခန္ဒာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့က အဓိကမကျဘဲ သွက်က်ဖတ်လက်မှု၊ ခံနိုင်ရည်နှင့် သက်လုံကောင်းမွန်မှု နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျှင်မြန်မှု ကြံ့ခိုင်မှုတို့ကိုပါ ပြည့်ဝဖို့လိုအပ်တဲ့အပြင် အသင်းလိုက် အပေးအယူမျှမျှနဲ့ ကစားရတဲ့ အားကစားနည်းဖြစ်ပါကြောင်း၊ ယနေ့အားကစားကဏ္ဍကို ကြည့်မယ်ဆိုရင် လေ့ကျင့်ရေးစွမ်းရည်ကောင်းမွန်သူတွေသာ အောင်ပွဲဆင်နိုင်တာတွေ့ရပါကြောင်း၊ ယခုပြိုင်ပွဲကနေ ထူးချွန်ထက်မြတ်တဲ့ မျိုးဆက်သစ် လူငယ်ဖူဆယ်အားကစားသမားအမြောက်အမြားပေါ်ထွက်လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါကြောင်း၊ ခရိုင်အဆင့်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်နယ်မှသည် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်ဖူဆယ်အားကစားသမားဖြစ်လာအောင် ကြိုးစားသွားကြဖို့တိုက်တွန်းမှာကြားသွားကာ ဆက်လက်ပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော အ.ထ.က(၁)ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ဖွင့်ပွဲ ပွဲစဥ်အဖြစ် ကျိုင်းတုံခရိုင်အသင်း နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ဘောလုံးပြိုင်ပွဲကို (၃.၆.၂၀၂၄)ရက်နေ့မှ (၉.၆.၂၀၂၄)ရက်နေ့ထိ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၂)သင်း ၊ အမျိုးသမီးအသင်း (၆)သင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၂၅၂)ဦးဖြင့် အုပ်စုများခွဲကာ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဖူဆယ်အားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။