(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အားကစားအဖွဲ့ ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၄)ခုဖြင့် စုစုပေါင်းဆုတံဆိပ် (၇)ခု ဆွတ်ခူးရရှိ
နေပြည်တော်၊ ဇွန်(၅)။
၁-၆-၂၀၂၄ ရက်နေ့မှ ၉-၆-၂၀၂၄ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပလျက်ရှိသည့်(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အားကစားအဖွဲ့မှ အားကစားသမားအင်အား စုစုပေါင်း (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ(အမျိုးသမီး) တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်းလဝန်းအိမ်ရွှေ က ရွှေတံဆိပ် (၁)ခု၊ အမျိုးသမီး (၁ )ဦးနှင့် အမျိုးသား(၃)ဦး လက်နက်ဖြင့်အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည်စုံအောင်တို့အတွဲက ရွှေတံဆိပ် (၁)ခု၊ (အမျိုးသား) 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံကျော်က ငွေတံဆိပ် (၁)ခု၊ (အမျိုးသမီး)45.0- 50.9 kgပြိင်ပွဲတွင် မယွန်းပန်းသဇင်အောင်ကကြေးတံဆိပ် (၁)ခု၊ (အမျိုးသား)တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေက ကြေးတံဆိပ် (၁)ခု၊ (အမျိုးသမီးနှစ်ယောက်တွဲ)ဓါးအတိုက်အပြပြိုင်ပွဲတွင် မဇင်လဲ့ဖြူနှင့် ကြယ်စင်လွင်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ (အမျိုးသားလေးယောက်တွဲ)လက်နက်မဲ့အပြပြိုင်ပွဲတွင် မင်းခန့်နိုင်၊ နိုင်အောင်ရွှေ၊ ပြည်စုံအောင်နှင့် ကျော်ဇောရှင်တို့အတွဲက ကြေးတံဆိပ် (၁)ခုရရှိခဲ့ပြီး မြန်မာဗိုဗီနမ်းအားကစားအဖွဲ့အနေဖြင့် စုစုပေါင်း ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၄)ခုဖြင့် စုစုပေါင်းဆုတံဆိပ် (၇)ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။