အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံး နည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲသို့တက်ရောက်သည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံး နည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲသို့တက်ရောက်သည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဖေဖော်ဝါရီ(၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တောင်ကြီးမြို့သို့ရောက်ရှိ၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှ စစ်ဘေးရှောင် အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အတွက် မျိုးဆက်သစ်လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနေသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသည် အရေးကြီးသကဲ့သို့ ပြည်နယ်/ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ အရာထမ်း/အမှုထမ်းများအနေဖြင့် အားကစားဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆောင်ရွက်နေသကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း နှစ်သက်ရာအားကစားနည်းတစ်ခုခုကို လေ့လာလိုက်စား ကြရန်လိုကြောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည့်သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်ရှိ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည့်သတင်း
မကွေးတက္ကသိုလ်၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ကျင်းပသည့်သတင်း
![]()
မကွေးတက္ကသိုလ်၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ကျင်းပသည့်သတင်း
ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိ လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်
![]()
ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိ လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက် နေပြည်တော်၊ ဖေဖော်ဝါရီ(၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျင်းပမည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအား ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ (Gold Medal Hall)၌ တွေ့ဆုံနှုတ်ဆက်ပွဲအခမ်းအနားကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် တည်းခိုနေထိုင်မည့် အိပ်ဆောင်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဖျော်ဖြေရေးအကအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မကွေးမြို့၊ မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သော လူငယ်များ ဗလငါးတန် ပြည့်စုံရေး စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မကွေးမြို့၊ မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သော လူငယ်များ ဗလငါးတန် ပြည့်စုံရေး စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် မကွေး၊ ဖေဖော်ဝါရီ ၃။ လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။ ရှေးဦးစွာ လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ဖေဖော်ဝါရီလ(၂)ရက်။ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ ကြည့်ရှုအားပေး အဆိုပါဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ […]
လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
![]()
လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ (၂)။ လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရွှေနံ့သာဓမ္မရိပ်သာ ကျောင်းတိုက်မှ သံဃာတော် (၅)ပါးအား ပင့်ဖိတ်၍ အလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်နာကြားခြင်းနှင့် အာရုဏ် ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၀၆:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေနံသာဓမ္မရိပ်သာကျောင်းတိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒသာရထံက ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူပြီး ဆရာ တော်၊ သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်တရားနာကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများမှ သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချအနုမောဓနာ ခေါ်ဆိုကာ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်း အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစား တိုးတက်မြင့်မားလာစေရေး နှင့်အဆင့်အတန်းမီ နည်းပြနှင့်ဒိုင်လူကြီးများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသည် ကမ္ဘာမှာ မြန်မာလူမျိုးများသာ ကျွမ်းကျင်စွာကစားတတ်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာတိုးတက်မြင့်မားလာပြီး ကမ္ဘာတစ်ဝှမ်းသို့ ပြန့်နှံ့စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာကို စနစ်တကျသင်ကြားရေးနှင့် စည်းမျဉ်း/စည်းကမ်းများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချရေးသည် အဓိကအခန်းကဏ္ဍတွင် […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည့်သတင်း