အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဇွန်(၂၇)။

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)ဝိတ်တန်းများအလိုက် အမြန်မနှင့် နှစ်ဆင့်မ ပြိုင်ပွဲများအား ယှဉ်ပြိုင်ခဲ့ရာ အလေးမအားကစားသမား အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁၁)ဦး၊ စုစုပေါင်းအားကစားသမား(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံခဲ့သည်။

အမျိုးသား(+၈၉)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းနိုင်ထွန်းက နှစ်ဆင့်မစံချိန်(၁၇၆)ကီလိုဖြင့် မြန်မာပြည် စံချိန်(၁၇၅)အား ကျော်လွန်၍ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။