အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဇွန်(၃၀)။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာမြင်းစီးအားကစားနည်းမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ တတိယအဆင့် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် (၆၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲတို့ကို ယနေ့ နံနက်(၅)နာရီမှစတင်၍ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် (၆၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား စတင် တာလွှတ်ပေးခဲ့သည်။

ယနေ့ တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် (၆၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲတို့တွင် YECC RIDING CLUB, INNWA RIDING CLUB နှင့် MO RIDING CLUB တို့မှ ပြိုင်ပွဲဝင် မြင်းစီးအားကစားသမား စုစုပေါင်း(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် Steward သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် အောင်လက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က အမှာစကားပြောကြားခဲ့ပြီးနောက် Steward သင်တန်းတက်ရောက်ခဲ့သူများနှင့် တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲတွင် အောင်မြင်သူ (၈)ဦးနှင့် (၆၅)ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစားအရည်အချင်းစစ်ပြိုင်ပွဲတွင် အောင်မြင်ခဲ့သည့် မြင်းစီးအားကစားသမား(၅)ဦးတို့ကို မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် အရည်အချင်းစစ်အောင်လက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် စတုတ္ထအကြိမ် ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲများကို ဒီဇင်ဘာလတွင် ထပ်မံကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။