အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်(၁၉.၂.၂၀၂၄)
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်(၁၉.၂.၂၀၂၄) နေပြည်တော်၊ ဖေဖော်ဝါရီ(၁၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ဝန်ထမ်းများ၊ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(Social Zone)အတွင်းရှိ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားကွင်း/ အားကစားရုံဌာနခွဲ၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးတို့မှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးချိန် ညနေ(၄)နာရီမှ (၄:၃၀)နာရီအထိ မိနစ်(၃၀)ခန့် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ မုံရွာ၊ ဖေဖော်ဝါရီလ(၁၉)ရက်။ ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၁၉.၂.၂၀၂၄)ရက်နေ့ညနေတွင် တိုင်းဒေသကြီးပြည်သူ့အားကစားကွင်းမုံရွာမြို့တွင်ကျင်းပြုလုပ်ခဲ့ရာစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့၀င်၀န်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ဟုမ္မလင်းခရိုင် အသင်းနှင့် မုံရွာခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ မုံရွာခရိုင်အသင်းက ဟုမ္မလင်းခရိုင်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး ဆုပေးပွဲအခမ်းအနားတွင် ပထမဆုရရှိသော မုံရွာခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းနှင့် တံခွန်စိုက်ဆုဖလားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဟုမ္မလင်းခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၇)သိန်းနှင့် ဆုဖလားအား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးကလည်းကောင်း၊ တတိယဆုရရှိသော […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား ကြည့်ရှုစစ်ဆေး၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်သို့ သွားရောက်သည့်သတင်း
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား ကြည့်ရှုစစ်ဆေး၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်သို့ သွားရောက်သည့်သတင်း
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်သို့သွားရောက်
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်သို့သွားရောက် ရန်ကုန်၊ဖေဖော်ဝါရီလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ လိုက်ပါ၍ ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ Multipurpose Stadium သို့ ရောက်ရှိလာရာ ဒဂုံမြို့သစ်တောင်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများက ကြိုဆိုကြပြီး အားကစားရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးရာ လေ့ကျင့်နေသော ဖူဆယ်အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံတော်အနေဖြင့် အားကစားကို ဝါသနာပါသော ပြည်သူများ လေ့ကျင့်လိုက်စားစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်စေရေးအတွက် ဘက်ဂျက်သန်းပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ပေးထားခြင်းဖြစ်သည့်အတွက် အခမဲ့ကစားခွင့်ပြုရန် ဖြစ်ပြီး အားကစားသမားများကလည်း စည်းကမ်းစနစ်ကျနစွာ ကစားပေးရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာအားကစားတာဝန်ခံများအနေဖြင့်လည်း လိုအပ်သည့်အားကစားအသုံးအဆောင်ပစ္စည်း များကို ထုတ်ပေးရန်နှင့် လိုအပ်ပါက ဌာနသို့ တင်ပြတောင်းခံနိုင်ကြောင်း၊ အားကစားရုံသန့်ရှင်းလှပ စေရေးနှင့် ရေရှည်တည်တံ့ […]
ဒုတိယဝန်ကြီး ဦးထိန်လင်း ပဏာမလက်ရွေးစင်မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲအား ကြည့်ရှုအားပေးခြင်းနှင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
ဒုတိယဝန်ကြီး ဦးထိန်လင်း ပဏာမလက်ရွေးစင်မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲအား ကြည့်ရှုအားပေးခြင်းနှင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၇)ရက်။ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်စစ်မြားပစ်ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ Recurve တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင် […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်(၁၆.၂.၂၀၂၄)
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်(၁၆.၂.၂၀၂၄) နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ဝန်ထမ်းများ၊ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone)အတွင်းရှိ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးတို့မှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးချိန် ညနေ(၄) နာရီမှ (၄:၃၀)နာရီအထိ မိနစ်(၃၀)ခန့် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကျင်းပ
![]()
မြားပစ်အားကစားသမားများ၏ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၆)ရက်။ မြားပစ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင်စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင် မြားပစ်အားကစားသမားများ၏ ၂၀၂၄ ခုနှစ်၊ လက်ရည်စစ်မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့သည်။ ယနေ့လက်ရည်စစ်မြားပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)Recurve မီတာ(၇၀)နှင့် Compound မီတာ(၅၀) မြား(၃၆)ချောင်း (၂)ကြိမ်၊ စုစုပေါင်း မြား (၇၂)ချောင်း အဆင့်သတ်မှတ်ခြင်း ပြိုင်ပွဲအား ပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်းတွင် (အမျိုးသား/အမျိုးသမီး)တစ်ဦးချင်း ရှုံး/ထွက် (ကွာတား ဖိုင်နယ်နှင့် အကြိုဗိုလ်လုပွဲ) ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၁၇)ရက်နေ့၊ နံနက် (၈)နာရီခွဲတွင် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း Recurve မီတာ(၇၀)နှင့် Compound မီတာ(၅၀) […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဖေဖော်ဝါရီ(၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)ရှိ လူငယ်လက်ရွေးစင်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံတွင် အလေးမအားကစားနည်းမှ လက်ရွေးစင်အားကစားသမား၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဖူဆယ်အားကစားရုံ၌ ဝူရှူး အားကစားနည်းမှ ထောက်လုအားကစားသမားများနှင့် ဆန်းဆိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဘိလိယက်အားကစားရုံတွင် အားကစာသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ Training Center Hall No.2 ၌ (Youth Camp)မှ လူငယ်လက်ရွေးစင်အလေးမ အားကစားသမားများ၏ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက် နေပြည်တော်၊ ဖေဖော်ဝါရီ(၁၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း(Fitness Dance) ကစားမှုများ ပြုလုပ်ဆောင်ရွက်သွားရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ဝန်ထမ်းများ၊ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone)အတွင်းရှိ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားကွင်း/ အားကစားရုံဌာနခွဲ၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးတို့မှ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးချိန် ညနေ(၄)နာရီမှ (၄:၃၀)နာရီအထိ မိနစ်(၃၀)ခန့် စုပေါင်းကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားပြခန်းများသို့ သွားရောက်လေ့လာ
![]()
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အားကစားပြခန်းများသို့ သွားရောက်လေ့လာ နေပြည်တော်၊ ဖေဖော်ဝါရီ(၁၅)။ ၂၀၂၄ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်၍ မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစားလှုပ်ရှားမှုပြခန်းများဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများ၊ မြန်မာ့အားကစားမော်ကွန်းခန်းမ၊ ၂၀၁၆-၂၀၂၀ခုနှစ် အတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများ၊ (၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင် ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် […]