အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းက ဘရူနိုင်းကလပ် ကာဆူကာအသင်းကို အနိုင်ရရှိ
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်။
၂၀၂၄ – ၂၀၂၅ ခုနှစ် ၊ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ် (ASEAN CLUB CHAMPIONSHIP – Shopee Cup) ပြိုင်ပွဲခြေစစ်ပွဲ Play -Off ဒုတိယအကျော့ ပြိုင်ပွဲကို ယနေ့ ည ၆ နာရီအချိန်က ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏ ၊ လူငယ်လေ့ကျင့်ရေးစခန်း(YTC) ကွင်းတွင်ကျင်းပရာ၊ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်နှင့် မြန်မာနိုင်ငံဘောလုံးပွဲအချုပ်မှတာဝန်ရှိပုဂ္ဂိုလ်များ ၊ အားကစားနဲ့ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံဆိုင်ရာဘရူနိုင်းနိုင်ငံ သံရုံးမှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင် ပရိသတ်များ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုကလပ် ရှမ်းယူနိုက်တက် အသင်းက၊ ဘရူနိုင်းနိုင်ငံ ကိုယ်စားပြုကလပ် ကာဆူကာ အသင်းကို သုံးဂိုး – တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။


