အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရှမ်းပြည်နယ်အတွင်းရှိ ရွှေညောင်၊ အောင်ပန်းနှင့်ကလောမြို့နယ်တို့ရှိ အားကားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရှမ်းပြည်နယ်အတွင်းရှိ ရွှေညောင်၊ အောင်ပန်းနှင့်ကလောမြို့နယ်တို့ရှိ အားကားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ(၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရှိ ရွှေညောင်အားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကိုမှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားရုံအတွင်း ခိုဌက်များမဝင်ရောက်နိုင်စေရေးအတွက် ဝင်ရောက်နိုင်သည့်အပေါက်များကို သံဇကာအသေးများဖြင့်ကာရံသွားရန်၊ ပွဲကြည့်စင်တွင် တပ်ဆင်ရန်၊ စတီးအလံတိုင်ပြုလုပ်သွားရန်နှင့် အားကစားကွင်းတွင် ရုံးဆိုင်းဘုတ်တပ်ဆင်ထားရှိရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ် အားကစားကွင်းသို့ သွားရောက်ခဲ့ပြီး အားကစားရုံပတ်လည်ရှိ ရေမြောင်းအဖုံးများအား ရေရှည်တည်တံစေရေးအတွက် သံဖြင့်ပြုလုပ် ဆောင်ရွက်သွားရန်၊ မီတာ ၄၀၀ ကျောက်စလစ်ပြေးလမ်းနှင့် ဘောလုံးကွင်းပတ်လည် ရေနုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အတွင်းရှိ အဆောက် အဦများအား လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အတွင်းရှိ အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ(၂၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်းနှင့် ကျောင်းသားအားကစားကွင်းများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးနှင့် အားကစားကွင်းပတ်လည် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲတမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပွဲကြည့်စင်အောက်ဘက်ရှိအခန်းများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်နှင့် အားကစားပစ္စည်းများကို စနစ်တကျထားရှိဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဦးဝိစာရအမျိုးသားရေကူးကန်၊ သိမ်ဖြူတင်းနစ်အားကစားရုံအမိုး လဲလှယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးတို့မှ အရာထမ်း/အမှုထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များ၊ အခက်အခဲများနှင့် လိုအပ်ချက်များအား […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂၇)။ ဘတ်စကက်ဘော အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘော မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပသည်။ ယနေ့ ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ်(၆၆) မှတ်၊ (၃၆)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ်(၆၅)မှတ်၊ (၆၀)မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်း ကို ရမှတ်(၈၇)မှတ်၊ (၂၄)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို […]
ဒုတိယဝန်ကြီးဦးမျိုးလှိုင် အား/ကာသိပ္ပံ(လွိုင်ကော်)နှင့် ကယားပြည်နယ် အား/ကာဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သူများအတွက် လိုအပ်သည်များဖြည့်ဆည်းထောက်ပံ့

ဒုတိယဝန်ကြီးဦးမျိုးလှိုင် အား/ကာသိပ္ပံ(လွိုင်ကော်)နှင့် ကယားပြည်နယ် အား/ကာဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သူများအတွက် လိုအပ်သည်များဖြည့်ဆည်းထောက်ပံ့ နေပြည်တော်၊ ဇန်နဝါရီ(၂၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ ရောက်ရှိနေကြသည့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ အရာထမ်း/အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ သင်တန်းသား/သင်တန်းသူများနှင့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ရုံးသို့ ရောက်ရှိနေကြသည့် ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် လိုအပ်သည့် မီးဖိုချောင်သုံးပစ္စည်းများ၊ ရေမြုပ်အိပ်ရာခင်း၊ ဆန်နှင့်ဆီတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ပြီးနောက် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ သင်တန်းသား/သင်တန်းသူများ၏ အခက်ခဲများနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သင်တန်းသူများအတွက် အားကစားနှင့်လူငယ်ရေးရာရေးရာဝန်ကြီးဌာနမှ ပစ္စည်းတန်ဘိုး (၅၅)သိန်းခွဲနှင့် ငွေသားသီးသန့် ကျပ်(၂၂)သိန်းတို့ကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ထောက်ပံ့ပေးခဲ့ပြီးနောက် […]
ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် လူငယ်ကင်းထောက်သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တင်ပြခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် လူငယ်ကင်းထောက်သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တင်ပြခြင်းအခမ်းအနားကျင်းပ
Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ တောင်ကြီး၊ ဇန်နဝါရီလ(၂၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ လူငယ်ရေးရာဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ” Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူး၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး နှင့် အားကစားနှင့်ကာယပညာသိပ္ပံ ဒုတိယကျောင်းအုပ်ကြီးများ၊ သင်တန်းသား/သူများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။ အဆိုပါသင်တန်းအား (၂၆.၁.၂၀၂၄)ရက်နေ့မှ (၁.၂.၂၀၂၄)ရက်နေ့ထိ သင်တန်းကာလ(၇)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး […]
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ စတင်ကျင်းပ

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ စတင်ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၂၆)။ ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ ယနေ့ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ရမှတ်(၆၁)မှတ်၊ (၄၂) မှတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ရမှတ်(၅၅) မှတ်၊ (၄၁)မှတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အသင်းကို ရမှတ်(၅၄)မှတ်၊ (၄၄)မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ်(၂၃)မှတ်၊ (၁၆)မှတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ်(၃၃)မှတ်၊ […]
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ဦးရွှေကြိမ်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကတ်ဘောပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ဦးရွှေကြိမ်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကတ်ဘောပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော် ဇန်နဝါရီ ၂၆ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အနိုင်မခံ၊ အရှုံးမပေးဘဲ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကိုလည်း လေးစားလိုက်နာကြစေလိုကြောင်း၊ ထို့ပြင် ပြိုင်ပွဲကို […]
ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တည်ဆောက်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများနှင့် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တည်ဆောက်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများနှင့် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ(၂၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းယားကန်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်လှေလှော်အားကစားအဖွဲ့၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစားအဖွဲ့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဇွဲကပင်အားကစားကွင်း၊ အားကစားသမား(၅)ထပ်အိပ်ဆောင် တည်ဆောက်နေမှုနှင့် အဆင့်မြင့်အားကစားရုံတည်ဆောက်မည့် မြေနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြည်နယ်ဖူဆယ်အားကစားခန်းမ၊ လူငယ်ရေးရာစင်တာတည်ဆောက်မည့်မြေနေရာ၊ တည်ဆောက်လျက်ရှိသည့် GYM အားကစားခန်းနှင့် စားပွဲတင်တင်းနစ်အားကစားရုံ၊ ရေကူးကန်နှင့် တင်းနစ်အားကစားကွင်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံး၊ […]