အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ် ၁၆။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးတွင် စည်းမျဉ်း/စည်းကမ်းများ ခိုင်မာပြီး အငြင်းပွားစရာများ မရှိစေရေးအတွက် အားကစားနည်း(၇)နည်းနှင့် ဆွေးနွေးပြီးအတည်ပြု ဆုံးဖြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများသည် မိမိနေထိုင်သည့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် အနည်းဆုံး ၂ နှစ် ကိုယ်စားပြုယှဉ်ပြိုင်ကစားပေးပြီးမှသာ အခြားပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် ယှဉ်ပြိုင်ကစားခွင့်ပြုမည်ကို စည်းမျဉ်း/စည်းကမ်းများတွင် ထည့်သွင်းရေးဆွဲသွား မည်ဖြစ်ကြောင်း၊ အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပြိုင်ပွဲအား ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ တတိယအကြိမ်အစည်းအဝေးကို ဩဂုတ်လတွင် ထပ်မံကျင်းပ သွားမည်ဖြစ်၍ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍ ဆွေးနွေးပြီးအတည်ပြု ဆုံးဖြတ်နိုင်ရန် ယခုအစည်းအဝေးအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ စည်းမျဉ်း/ စည်းကမ်းများ၊ အမှတ်ပေးစနစ် များ၊ မျိုးဆက်သစ်အားကစားသမားရွေးချယ်မှုများနှင့် ပတ်သက်ပြီး အကြီးအကဲများက မေးမြန်းလာ ခဲ့ပါက အချက်အလက်မှတ်တမ်းမှတ်ရာများဖြင့် တိတိကျကျ ပြန်လည်ဖြေကြားနိုင်ရန်အတွက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ကန့်ကွက်မှု ကိစ္စများမဖြစ်စေရေးအတွက် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများကို အဖွဲ့ချုပ်များအနေဖြင့် ယခုကတည်းက စနစ်တကျ ပြုစုဆောင် ရွက်ထားရန်လိုကြောင်း၊ ပြိုင်ပွဲမတိုင်ခင်ကာလ၊ ပြိုင်ပွဲကာလနှင့် ပြိုင်ပွဲပြီးကာလများအထိ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ (အသက်/အဆင့်) ကန့်သတ်ချက်များ၊ ဒိုင်လူကြီးတာဝန်ပေးအပ်မှုများ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ နည်းစနစ် ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် တာဝန်ပေးအပ်မည့် ဒိုင်လူကြီးများနှင့် နည်းပြများကို ပြောင်းလဲလာသည့် နည်းစနစ်များ၊ စည်းမျဉ်း/စည်းကမ်းများကို သိရှိစေရန်အတွက် သင်တန်းပေးမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး အသီးသီး အသေးစိတ်ဆွေးနွေးအကြံပြုတင်ပြခဲ့ရာ ပဉ္စမအကြိမ် အမျိုးသား အားကစား ပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက လိုအပ်သည်များကို ဖြည့်စွက်အတည်ပြုဆုံးဖြတ်ပေးခဲ့ပြီး ယခုအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ် ချက်များကို နောက်ပိုင်းတွင် ပြန်လည်ပြုပြင်ပေးသွားမည်မဟုတ်ကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့်  ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍ အချက်(၁၅)ချက်ပါ Technical Hand Book ကို ၁၀ ရက်အတွင်း ပေးပို့သွားရန်နှင့် လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။          

အဆိုပါအစည်းအဝေးသို့ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ(ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ ဘတ်စကက်ဘောနှင့် ကရာတေးဒို ) အားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။