အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားလှုပ်ရှားမှုပြခန်းရှိ မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် ၁၅။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အားကစားလှုပ်ရှားမှုပြခန်းရှိ မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ပြင်ဆင်ပြုပြင်သင့်သည့် မှတ်တမ်းဓာတ်ပုံများနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။


