အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ ၁၀ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိ သူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏ သီရိမြို့နယ်နှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းကြမ်းဖောက်လုပ်ခြင်း၊ မြေသားပြေးလမ်း ခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ရေဂါလံ ၈၀၀၀၀ ဆံ့(Ground Water Tank)တူးဖော်မည့် မြေနေရာများအားလည်းကောင်း ဥတ္တရသီရိ ခရိုင်၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်းအတွင်းရှိ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆို နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ တက်ရောက်သည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆို နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ တက်ရောက်သည့်သတင်း

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၈ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာ ချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေး ယဉ်ကျေးမှု အဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု၏ မြေပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု၏ မြေပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်း များ၏ မြေပြင်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၂၃ ခု၊ နှစ်ဆက်လုပ်ငန်း ၁ ခုနှင့် Third Party (QA/QC) ငှားရမ်းခြင်းလုပ်ငန်း ၆ ခု၏ သက်ဆိုင်ရာကုမ္ပဏီများအား မြေပြင်၌ […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်း ဖြစ်သည့် ရွှေကြာပင်အားကစားကွင်း အတွင်းရှိ ဘောလုံးကွင်း ဂျပန်မြက်များ ပြန်စိုက်နိုင်ရေးအတွက် ကွင်းမြေညှိခြင်းအား ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်း ဖြစ်သည့် ရွှေကြာပင်အားကစားကွင်း အတွင်းရှိ ဘောလုံးကွင်း ဂျပန်မြက်များ ပြန်စိုက်နိုင်ရေးအတွက် ကွင်းမြေညှိခြင်းအား ကြည့်ရှုစစ်ဆေးသည့်သတင်း

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သည့် ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ဂျပန်မြက်များ ပြန်စိုက်နိုင်ရေးအတွက် ကွင်းမြေညှိခြင်း၊ မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းကျင်းခြင်းနှင့် မိုးလုံလေလုံ အားကစားရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သည့် ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ဂျပန်မြက်များ ပြန်စိုက်နိုင်ရေးအတွက် ကွင်းမြေညှိခြင်း၊ မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းကျင်းခြင်းနှင့် မိုးလုံလေလုံ အားကစားရုံ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီလ ၅ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မ အားကစားကွင်းဖြစ်သည့် ရွှေကြာပင်အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ဂျပန်မြက်များပြန်စိုက်နိုင်ရေးအတွက် ကွင်းမြေညှိခြင်း၊ မီတာ ၄၀၀ Synthetic […]

ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီး သင်တန်းနှင့် (GYM) သင်တန်းများဖွင့်လှစ်

Loading

ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီး သင်တန်းနှင့် (GYM) သင်တန်းများဖွင့်လှစ် ပဲခူး ဇန်နဝါရီ ၅ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် လူငယ်များအား အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီးသင်တန်းနှင့် (GYM)သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ ‌ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး အတွေးအခေါ်မှန်ကန်ရေးနဲ့ ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေး အတွက် […]

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီလ ၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့် (၄)တို့၌ ကျင်းပခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၈ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဝန်ကြီးဌာန ပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ကျင်းပခဲ့ရာ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲတတိယလုပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာန အသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ တတိယလု ပွဲစဉ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲသို့တက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲသို့တက်ရောက် နေပြည်တော်၊ ဇန်နဝါရီလ ၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၆)နှင့် ပူးပေါင်း၍ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-၆)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဉက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ ဦးဖြိုးဇော်စိုး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂ဝ၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲ ရွှင်ပွဲ များနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်သည့်သတင်း

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂ဝ၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲ ရွှင်ပွဲ များနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်သည့်သတင်း