တိုင်းဒေသကြီး / ပြည်နယ် လူငယ်ရေးရာကော်မတီ
နေပြည်တော်ကောင်စီ / တိုင်းဒေသကြီး / ပြည်နယ်လူငယ်ရေးရာကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၄-၆-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၃/၂၀၂၂)ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ( ၁၁၃ /၂၀၂၂ )
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်
(၂၀၂၂ ခုနှစ်၊ ဇွန် လ ၂၄ ရက်)
နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း
၁။ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် “နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်သည်-
(က) ဥက္ကဋ္ဌ / ဝန်ကြီးချုပ် ဥက္ကဋ္ဌ
နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့
( ခ ) အဖွဲ့ဝင်/ လူမှုရေးရာဝန်ကြီး ဒုတိယဥက္ကဋ္ဌ
နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့
( ဂ ) အတွင်းရေးမှူး အဖွဲ့ဝင်
နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့
(ဃ) တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့
( င ) တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူး အဖွဲ့ဝင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပြန်ကြားရေးဝန်ကြီးဌာန
( စ ) တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူး အဖွဲ့ဝင်
သာသနာရေးဦးစီးဌာန
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
(ဆ) တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူး အဖွဲ့ဝင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
( ဇ ) တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး အဖွဲ့ဝင်
ပြည်သူ့အင်အားဦးစီးဌာန
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
( ဈ ) တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူး အဖွဲ့ဝင်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
အလုပ်သမားဝန်ကြီးဌာန
(ည) တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူး အဖွဲ့ဝင်
အခြေခံပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန
( ဋ ) တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး အဖွဲ့ဝင်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန
( ဌ ) တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူး အဖွဲ့ဝင်
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
( ဍ ) တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူး အဖွဲ့ဝင်
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
( ဎ ) ကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင်
မြန်မာနိုင်ငံကင်းထောက်အဖွဲ့
(ဏ) ကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင်
တိုင်းဒေသကြီး/ ပြည်နယ်
ကြက်ခြေနီကြီးကြပ်မှုကော်မတီ
(တ) ညွှန်ကြားရေးမှူး အတွင်းရေးမှူး
တိုင်းဒေသကြီး/ ပြည်နယ်
လူငယ်ရေးရာဦးစီးဌာန
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
၂။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီက တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
( ခ ) သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လူငယ်ရေးရာကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးရမည်။
( ဂ ) သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်လူငယ်ရေးရာကော်မတီများမှ တင်ပြလာသော ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကို တာဝန်ခံမှုဖြင့် မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီတွင် ဆွေးနွေးတင်ပြရမည်။
၃။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီကို ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်ဖွဲ့စည်းနိုင်သည်။