အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အမှတ်တံဆိပ်

သမိုင်းအကျဉ်း

(၁)    ၁၉၆၄ ခုနှစ်၊ နို၀င်ဘာလ (၂၆) ရက်တွင် စတင်ဖွဲ့စည်းသည်။

(၂)    ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၉) ရက်တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီမှ အဖွဲ့၀င်အဖြစ် တရား၀င်သတ်မှတ်သည်။

(၃)    ၁၉၉၃ ခုနှစ်၊ဧပြီလ (၁၉) ရက်တွင် နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၆/၉၃)ဖြင့် အမျိုးသားအိုလံပစ်ကောင်စီဥပဒေကို သတ်မှတ်ပြီး ဥပဒေ အခန်း (၅) အရ အိုလံပစ်ကော်မတီကို ဖွဲ့စည်းတာ၀န်ပေးခဲ့သည်။

(၄)    ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်၊ အမိန့်ကြော်ငြာစာအမှတ် (၁/၉၉) ဖြင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့သည်။

(၅)   နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး၏ (၂၆.၄.၂၀၀၅) ရက်စွဲပါ စာအမှတ်၊ ၁၀၀/ နယက(ဥ)ကစ ခွင့်ပြုချက်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့သည်။

(၆)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် အားကစားလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ၏ (၂၂.၁.၂၀၁၂) ရက်စွဲပါ အမိန့်စာအမှတ် (၁/၂၀၁၂) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

(၇)     မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်(၃၀)ဦး ပါဝင်သော “ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ”  ကို မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ၏ (၂၂.၄.၂၀၂၀) ရက်စွဲပါ အမိန့်စာအမှတ် (၁၂၈/၂၀၂၀)ဖြင့်  ပြင်ဆင်ဖွဲ့စည်းလိုက်ခဲ့သည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လုပ်ငန်းတာ၀န်များ

 (၁)    မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီက ချမှတ်ပေးသည့် မူဝါဒများ၊ လမ်းညွှန်မှုများနှင့်အညီ အားကစားလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

 (၂)    အိုလံပစ်လုပ်ငန်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို လုပ်သားပြည်သူတို့ သိရှိနားလည်စေရေးအတွက် ဆောင်ရွက်ခြင်း။

 (၃)    ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် ဒေသဆိုင်ရာ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ပါ၀င်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း။

 (၄)    ဤဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့ချုပ်များနှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ တို့အကြား ဆက်သွယ်ပေါင်းကူးပေးခြင်း။

 (၅)   ကမ္ဘာ့အိုလံပစ်ကော်မတီ၏ အကူအညီဖြင့် ပြည်တွင်း၌ သင်တန်းများ ဖွင့်လှစ်နိုင်ရန်နှင့် ပြည်ပ၌ ဖွင့်လှစ်သောသင်တန်းများသို့ သင်တန်းသားများ စေလွှတ်နိုင်ရန် အဖွဲ့ချုပ်များနှင့်   ညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးခြင်း။

 (၆)   ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် ဒေသဆိုင်ရာ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်နိုင်ရန် ဆက်သွယ်ဆောင်ရွက်ခြင်း။

 (၇)   မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီက အခါအားလျော်စွာ ပေးအပ်သည့် တာ၀န်များကို ဆောင်ရွက်ခြင်း။