အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ

အိုလံပစ်နောက်ခံသမိုင်း

ရှေးဟောင်းအိုလံပစ် အားကစားပြိုင်ပွဲများ (The Ancient Olympic Games)

  • အိုလံပစ်အားကစားပြိုင်ပွဲသည် လွန်ခဲ့သောနှစ်ပေါင်း (၂၈၀၀) (ခရစ်တော် မပေါ်မီ B. C. 776) ခန့်ကပင်   ဂရိနိုင်ငံ၊   အေသင်မြို့အနီးရှိအိုလံပီယာ (Mount Olympia) တောင်ခြေတွင် ကျင်းပခဲ့သော ဂရိလူမျိုးတို့၏ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များမှ စတင်ခဲ့သည်။
  • သမိုင်းသုတေသီများ၏ တူးဖေါ် တွေ့ရှိချက်များအရ အဆိုပါ ပြိုင်ပွဲများကို B.C (1300) မတိုင်မီကပင် ကျင်းပခဲ့ကြကြောင်း လေ့လာသိရှိရသည်။
  • ဂရိတို့၏ ကိုးကွယ်ရာ အဓိကနတ်ဘုရားမ (Mother Goddes RHEA) ကို အလေးထားကိုးကွယ်မှုပြုရာမှ အဆိုပါပြိုင်ပွဲများကို ပွဲလမ်းသဘင်အဖြစ် ထည့်သွင်းကျင်းပခဲ့ကြပြီး၊ နောက်ပိုင်းတွင် အိုလံပစ်ပြိုင်ပွဲ၏ အဓိက နတ်ဘုရားမှာ (ZEUS) ဖြစ်လာခဲ့သည်။
  • ပြိုင်ပွဲများကို (၄)နှစ် တစ်ကြိမ် ကျင်းပခဲ့ကြပြီး၊ B. C (600) တွင် အားကစားပြိုင်ပွဲများအဖြစ် မြင်းစီးပြိုင်ပွဲ၊ ငါးမျိုးစုံပြိုင်ပွဲ (အလျားခုန်၊ လှံတန်ပစ်၊ သံပြားဝိုင်းပစ်၊ အပြေးပြိုင်ခြင်းနှင့် နပမ်းပြိုင်ပွဲ)၊ လက်ဝှေ့ပြိုင်ပွဲတို့ ပါ၀င်ခဲ့ကြကာ၊ ပြိုင်ပွဲကို (၅)ရက်တိုင်တိုင် ကျင်းပခဲ့ကြသည်။
  • ရှေးခေတ် အိုလံပစ်အားကစားပြိုင်ကွင်းကြီးမှာ ပရိသတ်(၄)သောင်း ၀င်ဆံ့ပြီး၊ ပြိုင်ပွဲသို့ ဂရိနေပြည်တော်နှင့် မြေထဲပင်လယ်ဒေသတစ်ဝိုက်ရှိ ဂရိကိုလိုနီနိုင်ငံများမှ ပြည်သူများ ပါ၀င်ဆင်နွှဲခဲ့ကြသည်။
  • ပြိုင်ပွဲကာလတွင် ယာယီ စစ်ပြေငြိမ်းကြပြီး၊ ၎င်းကို ဂရိဘာသာစကားဖြင့် (EKECHEIREA) ဟုခေါ်သည်။
  • ပြိုင်ပွဲတွင် အမျိုးသားများသာ ၀င်ရောက်ယှဉ်ပြိုင်၊ ကြည့်ရှုခွင့်ရှိသည်။
  • ပြိုင်ပွဲတွင် အနိုင်ရရှိသူအား သံလွင်ခက်နှင့် ပြုလုပ်ထားသော သရဖူကို ဆုအဖြစ် ချီးမြှင့်သည်။
  • ရောမဘုရင်(Alexander the Great) လက်ထက်တွင် အားကစားပြိုင်ပွဲ အသွင်သဏ္ဌာန်မှာ စီးပွားရေးဆန်ခဲ့ပြီး၊ အားကစားသမားများ၏ ဆုလာဘ်များအပေါ် မျှော်ကိုးမှုမှာ တစ်ဆထက် တစ်ဆ ကြီးထွားလာခဲ့သဖြင့် အားကစားတန်ဖိုးနှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်း သဘင်၏ အရေးပါမှုမှာ မှေးမှိန်ခဲ့ရသည်။
  • အဆိုပါ အခြေခံအကြောင်းများကြောင့် AD (393) – Theodosius I ဘုရင်လက်ထက်တွင် အိုလံပစ်အားကစားပြိုင်ပွဲများကို ရပ်ဆိုင်းပိတ်ပင်ခဲ့ပြီး၊ AD (426) – Theodosius II လက်ထက်တွင် အားကစားဆိုင်ရာ အဆောက်အအုံများအားလုံးကို အမိန့်ထုတ်ပြန် ဖျက်ဆီးခဲ့ကြသည်။

ခေတ်သစ်အိုလံပစ် အားကစားပြိုင်ပွဲများ (The Modern Olympic Games)

  • ခေတ်သစ်အိုလံပစ်အားကစားပြိုင်ပွဲများကို ပညာရေးစီမံချက်ပါ လုပ်ငန်းတစ်ရပ်အဖြစ် ပြန်လည် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
  • ကိုယ်ကာယလှုပ်ရှားမှု အစီအစဉ်များကို နိုင်ငံ၏ပညာရေးသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းဆောင်ရွက်ခဲ့ရာမှ စတင်ပြန်လည် အသက် ၀င်လာခြင်းဖြစ်သည်။
  • ဦးဆောင်လမ်းပြဆောင်ရွက်ခဲ့သူမှာ ပြင်သစ်လူမျိုး ပညာတတ်ကြေးရတတ်အနွယ်မှ ဆင်းသက်လာသော (Pierre de COUBERTIN) ဖြစ်သည်။
  • (Pierre de COUBERTIN) ကို ၁၈၆၃ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ တွင်မွေးဖွားခဲ့ပြီး ၁၉၃၇ ခုနှစ် အသက် (၇၄) နှစ်အရွယ်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကွယ်လွန်ခဲ့သည်။
  • ၁၈၉၄ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ (၂၃) ရက်အထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ (SORBONNE) တက္ကသိုလ်တွင် အပျော်တမ်းအားကစားဆိုင်ရာ (Amateurism) လေ့လာချက် ကွန်ဂရက် တစ်ရပ်ကို ကျင်းပခဲ့ပြီး၊ ၎င်းကွန်ဂရက်တွင် “ On the possibility of restoring the Olympic Games” ဟူသော ခေါင်းစဉ်တစ်ရပ်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ကွန်ဂရက်သို့ ပြင်သစ်နိုင်ငံသားများသာမက (၁၅) နိုင်ငံမှ ကိုယ်စားလှယ် (၇၉) ဦး တို့လည်း တက်ရောက်ခဲ့ကြသည်။
  • အဆိုပါ ကွန်ဂရက် ဆုံးဖြတ်ချက်များအရ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (International Olympic Committee – IOC)ကို ဖွဲ့စည်းခဲ့ကြပြီး (ပထမအကြိမ်) ခေတ်သစ် အိုလံပစ်အားကစားပြိုင်ပွဲကို ၁၈၉၆ ခုနှစ်၊ ဂရိနိုင်ငံ၊ အေသင်မြို့တွင် စတင်ကျင်းပခဲ့ရာမှ ခေတ်သစ်အိုလံပစ် အားကစားပြိုင်ပွဲကြီး ပြန်လည် အသက်၀င်လာခဲ့ရသည်။
  • Pierre de Coubertin သည် ခေတ်သစ်အိုလံပစ်အားကစားပြိုင်ပွဲကြီး ပြန်လည်ရှင်သန်လာရေးအတွက် ဦးဆောင်စီစဉ်သူဖြစ်ခဲ့သည်။
  • အိုလံပစ် ပဋိညာဉ်ဥပဒေ၊ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားအစီအစဉ်များ၊ အားကစားသစ္စာအဓိဋ္ဌာန်၊ အိုလံပစ်ကွင်း(၅)ကွင်း စသည်တို့ မှာ ၎င်း၏ဖန်တီးချက်များဖြစ်သည်။

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (International Olympic Committee – IOC) 

ပေါ်ပေါက်လာပုံ

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၊ ဆွစ်ဇာလန်နိုင်ငံ၊ လော်ဇန်မြို့

  • ၁၈၉၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှ (၂၃) ရက်အထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ (SORBONNE) တက္ကသိုလ်တွင် အပျော်တမ်းအားကစားဆိုင်ရာ (Ama- teurism) လေ့လာချက် ကွန်ဂရက် တွင် “ On the possibility of restoring the Olympic Games “ ဟူသော ခေါင်းစဉ်တစ်ရပ်ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
  • အဆိုပါ ကွန်ဂရက် ဆုံးဖြတ်ချက်များအရ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (International Olympic Committee – IOC)ကို ၁၈၉၄ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့ တွင် ဖွဲ့စည်းခဲ့ကြသည်။
  • (ပထမအကြိမ်) ခေတ်သစ် အိုလံပစ်အားကစားပြိုင်ပွဲကို ၁၈၉၆ ခုနှစ်၊ ဂရိနိုင်ငံ၊ အေသင်မြို့တွင် စတင်ကျင်းပခဲ့သည်။  
  • ပါ၀င်ဖွဲ့စည်းပြီးသည့် အမျိုးသားအိုလံပစ်ကော်မတီပေါင်း = (၂၀၆) ခု
  • အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ အသိအမှတ်ပြု = (၆၇) ခု 

         အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့ချုပ်ပေါင်း

  • အိုလံပစ်အားကစားပြိုင်ပွဲ၀င်အားကစားနည်းပေါင်း = (၄၀) နည်း

         နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲ၀င် အားကစားနည်းပေါင်း (၃၃) နည်း

         ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ၀င် အားကစားနည်းပေါင်း – (၇) နည်း

  • အိုလံပစ် ပဋိညာဉ် ဥပဒေအရ နိုင်ငံတစ်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ၏ အသိအမှတ်ပြုအားကစားနည်း အနည်းဆုံး (၅) နည်းရှိမှသာလျှင် အမျိုးသားအိုလံပစ်ကော်မတီ (NOC)ကို ဖွဲ့စည်းခွင့်ရှိသည်။

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌများ

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) ကို၊ ၁၈၉၄ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့ တွင် စတင်ဖွဲ့စည်းပြီး၊ ယနေ့အထိ ဥက္ကဋ္ဌ (၉)ဦး အဆင့်ဆင့် တာ၀န်လွှဲပြောင်း ဆောင်ရွက်လျက်ရှိပါသည်။ (၉) ဦးမြောက် လက်ရှိဥက္ကဋ္ဌမှာ ဂျာမနီနိုင်ငံသား၊ Dr. Thomas Bach   ဖြစ်ပါသည်။

The Olympic Creed

” The most important thing in the Olympic Games is not to win but to take part, just as the most important thing in life is not for the triumph but the struggle. The essential thing is not to have conquered but to have fought well. “

Baron Pierre de Coubertin

Paris Congress, 1894

OLYMPISM

is a philosophy of life, exalting and combining in a balanced whole the qualities of body, will and mind. Blending sport with culture and education, it seeks to create a way of life based on joy found in effort, educational value of good example and respect for universal fundamental ethical principles.

အိုလံပစ်လှုပ်ရှားမှု (The Olympic Movement)

ကူဘာတန်၏ အမြင်ရှုထောင့်အရ အိုလံပစ်အားကစားပြိုင်ပွဲများမှာ  ကစားခုန်စား  သဘောသက်သက်မဟုတ်   အားကစားလှုပ်ရှားမှုများမှ တဆင့်လူသားတို့၏ ဖွံဖြိုးတိုးတက်မှုနှင့် အပြည်ပြည်ဆိုင်ရာ နားလည်မှုတို့ကို ဖွံ့ဖြိုးတိုးတက်စေသော ကျယ်ပြန့်သည့် လူမှုလှုပ်ရှားမှုကြီးဖြစ်သည်။

အိုလံပစ်လှုပ်ရှားမှုသည် အမျိုးသားအိုလံပစ်ကော်မတီများ၊ အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် အိုလံပစ်အားကစားပြိုင်ပွဲများ၊ အိုလံပစ်အတွေးအခေါ်များကို မြှင့်တင်လိုသော အလားတူအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာသော ရလာဒ်တစ်ခုဖြစ်သည်။

အိုလံပစ်လှုပ်ရှားမှု၏ အမှတ်အသားများ (Symbols of the Olympic Movement)

အိုလံပစ်ကွင်းများ အိုလံပစ်မီးတောက်နှင့်မီးရှူး၊ အိုလံပစ်အလံ၊ အိုလံပစ်ဆောင်ပုဒ်၊ အိုလံပစ်သီချင်းနှင့် အိုလံပစ်တံဆိပ်များ၊

အိုလံပစ်အလံ

ကူဘာတန်၏ ဖန်တီးမှုဖြစ်ပြီး ၁၉၁၄ ခုနှစ်၊ အိုလံပစ်ကွန်ဂရက်တွင် ပထမဦးဆုံး ခင်းကျင်း ပြသခဲ့သည်။ ၁၉၂၀ ပြည့်နှစ်၊ ဘယ်ဂျီယမ်နိုင်ငံ (Antwerp)တွင် ကျင်းပပြုလုပ်သော အိုလံပစ် အားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် လွှင့်ထူခဲ့သည်။ 

အိုလံပစ်ဆောင်ပုဒ်

CITIUS ALTIUS FORTIUS

(FASTER HIGHER STRONGER)

အိုလံပစ်မီးရှူး

ဂရိနိုင်ငံ၊ အိုလံပီယာတောင်ခြေတွင် ရှေးထုံးစံအတိုင်း ထွန်းညှိပြီး အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပသည့်နေရာသို့ လက်ဆင့်ကမ်းသယ်ယူကြသည်။

အိုလံပစ် သစ္စာအဓိဋ္ဌာန်

ကျွန်ုပ်တို့သည် အိုလံပစ်ပွဲတော်ကြီးတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ပါမည်။ အိုလံပစ်ကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းများအား လိုက်နာပါမည်။ အားကစားသမားတစ်ဦးအနေဖြင့် ရှိသင့်ရှိထိုက်သော အားကစားစိတ်ဓာတ်ဖြင့် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့်အောင်မြင်မှုတို့ကို စွမ်းဆောင်မြှင့်တင်ပါမည်ဟူ၍ ဖြစ်သည်။

We will compete in the Olympics with a full sense of sportsmanship. We will abide by the rules set by the Olympic Committee. As an athlete, we will enhance the country’s reputation and success with the right sportsmanship.

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ ရည်မှန်းချက်များ

(Aims of the International Olympic Committee)

  • အားကစားလုပ်ငန်းနှင့် အားကစားပြိုင်ပွဲများ တိုးတက်မြင့်မားရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် စည်းရုံးကျင်းပရေးတို့အတွက် အားပေးမှုများပြုရန်၊
  • အိုလံပစ်အားကစားပွဲတော်များ ပုံမှန်ကျင်းပသွားနိုင်ရေးအတွက် အာမခံချက်ပေးရန်၊
  • အိုလံပစ် လှုပ်ရှားမှုကို ထိခိုက်စေမည့် မည်သည့် ဖိနှိပ်ချုပ်ခြယ်မှုမျိုးကိုမဆို ဆန့်ကျင် တိုက်ဖျက်ရန်၊
  • အားကစား ကျင့်၀တ်ကောင်းများ တိုးတက်မြင့်မားလာစေရေးအတွက် ထောက်ခံအားပေးမှုများ ပြုလုပ်သွားရန်၊
  • အားကစားလုပ်ငန်းများအတွင်း သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားမှုစိတ်ဓါတ် ကိန်းအောင်းနေစေရန်နှင့် ကြမ်းတမ်းစွာကစားမှုများမှ တားဆီးပိတ်ပင်ရန်အတွက် ကြိုးစားအားထုတ်မှု လုပ်ငန်းများကို အစဉ်အားပေးရန်၊
  • အားကစားလုပ်ငန်းကို လူသားတို့အတွက် အရေးကြီးသော လုပ်ငန်းရပ်အဖြစ် ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာ အများပြည်သူ (သို့မဟုတ်) ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
  • အားကစားတွင် တားမြစ်ဆေးဝါး သုံးစွဲခြင်းမှ ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းများကို ဦးဆောင်ရန်၊
  • အားကစားသမားများ၏ ကျန်းမာရေးအပေါ် အန္တရာယ်ပြုစေမည့် အခြေအနေများမှ ကာကွယ်ပေးနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရည်မှန်းချက်များထားရှိ ဆောင်ရွက်ပေးရန်၊
  • အိုလံပစ်အားကစားပွဲတော်များအား ပတ်၀န်းကျင်ဖြစ်ပေါ်မှု အခြေအနေများအလိုက်၊ လိုက်လျောညီထွေ တာ၀န်ယူ ကျင်းပသွားရေးအတွက် စောင့်ကြပ်ထိန်းသိမ်းရန်၊
  • အားကစားနှင့်အားကစားသမားများအပေါ် ကျရောက်လာမည့် မည်သည့် နိုင်ငံရေးနှင့် စီးပွားရေးအလွဲသုံးစားမှုမျိုးကိုမဆို ဆန့်ကျင်ရန်၊
  • အားကစားသမားများ၏ အနာဂါတ်လူမှုဘ၀နှင့် အသက်မွေး၀မ်းကြောင်းမှုဆိုင်ရာ လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် အားကစားအဖွဲ့အစည်းများနှင့် အများပြည်သူ အာဏာပိုင်များကို အားပေးမှုများပြုရန်၊
  • အပြည်ပြည်ဆိုင်ရာအိုလံပစ်အကယ်ဒမီကို ထောက်ခံအားပေးမှုများပြုရန်၊
  • အိုလံပစ် ပညာပေးရေးဆိုင်ရာ လုပ်ငန်းများကို နှစ်မြှပ် အားပေးဆောင်ရွက်လျက်ရှိသော အခြားအဖွဲ့အစည်းများကို ထောက်ခံအားပေးမှုများပြုရန်၊

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ လုပ်ငန်းတာ၀န်များ (The Responsibilities of IOC)

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသည် အိုလံပစ်လှုပ်ရှားမှုများနှင့်ပါတ်သက်၍ အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး၊ အောက်ပါ လုပ်ငန်းတာ၀န်များကို တာ၀န်ယူဆောင်ရွက်ရသည် –

  • အားကစား၏ အခြေခံအချက်များဖြစ်ကြသော ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊
  • အိုလံပစ်အတွေးအခေါ်များနှင့် အိုလံပစ်လှုပ်ရှားမှုများ ကမ္ဘာတစ်၀န်း တိုးတက်ကျယ်ပြန့် လာစေရန်၊
  • နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲများနှင့် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲများ ကျင်းပရေးအတွက် သတ်မှတ်ပေးရန်နှင့် ကျင်းပပေးရန်၊
  • အားကစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားပေးမှုများပြုရန်၊
  • အမျိုးသားအိုလံပစ်ကော်မတီများနှင့် အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များအား ထောက်ပံ့ကူညီမှုများပြုရန်၊

ကော်မရှင်နှင့် လုပ်ငန်းအဖွဲ့အစည်းများ (Commissions and Working Groups)

Appointed by the president, the permanent and ad hoc commissions (and workings groups) have and advisory function. Their activities and the duration of their mandate are defined by the president.

The IOC currently includes the following Commissions:

  • Athletes 
  • Culture and Olympic Education
  • Olympic Games and Youth Olympic Games Coordination
  • Ethics
  • Finance
  • Juridical
  • Medical
  • International Relations 
  • Marketing
  • Olympic Programme 
  • Press
  • Radio and Television
  • Olympic Solidarity
  • Sport and Law
  • Sport for All
  • Olympic Philately, Numismatic and Memorabilia
  • TV Rights and New Media
  • Sport and Environment
  • Women and Sport
  • Nominations
  • Olympic Congress 

Each commission meets for a plenary session at least once a year.

အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များ (The International Federations)

In order to discuss common problems and decide on their events calendars, the summer federations, the winter federations and the recognised federations have formed associations: the Association of Summer Olympic International Federations (ASOIF), the Association of International Olympic Winter Sports Federations (AIOWF), and the Association of IOC Recognised International Sports Federations (ARISF).

  1. Badminton World Federation
  2. Fédération internationale d’haltérophilie
  3. International Association Football Federation
  4. International Basketball Federation
  5. International Biathlon Union
  6. International Bobsleigh and Skeleton Federation
  7. International Boxing Association +++
  8. International Canoe Federation
  9. International Equestrian Federation
  10. International Fencing Federation
  11. International Golf Federation
  12. International Gymnastics Federation
  13. International Handball Federation
  14. International Hockey Federation
  15. International Ice Hockey Federation
  16. International Judo Federation
  17. International Luge Federation
  18. International Modern Pentathlon Union
  19. International Shooting Sport Federation
  20. International Skating Union
  21. International Ski Federation
  22. International Surfing Association
  23. International Swimming Federation
  24. International Table Tennis Federation
  25. International Tennis Federation
  26. International Volleyball Federation
  27. The International Federation of Sport Climbing
  28. Union Cycliste Internationale
  29. United World Wrestling
  30. World Archery Federation
  31. World Athletics
  32. World Curling Federation
  33. World Rowing
  34. World Rugby
  35. World Sailing
  36. World Skate
  37. World Taekwondo
  38. World Triathlon

Sports governed by International Federations recognised by the International Olympic Committee

  1. Air Sports
  2. American Football (Provisional)
  3. Automobile
  4. Bandy
  5. Baseball Softball
  6. Billiard Sports  
  7. Bowling  
  8. Bridge
  9. Cheerleading
  10. Chess  
  11. Cricket  
  12. Floorball  
  13. Flying Disc  
  14. Icestocksport
  15. Karate
  16. Kickboxing
  17. Korfball
  18. Lacrosse
  19. Life saving  
  20. Motorcycle racing  
  21. Mountaineering and Climbing
  22. Muaythai
  23. Netball  
  24. Orienteering  
  25. Pelota Vasca
  26. Polo  
  27. Powerboating  
  28. Racquetball
  29. Sambo
  30. Ski Mountaineering
  31. Squash  
  32. Sumo 
  33. Tug of War
  34. Underwater sports  
  35. Water Ski
  36. Wushu 

  

Sports on the Paris 2024 Olympic Games programme – as part of the Organising Committee proposal

  1. Skateboarding 
  2. Sport climbing
  3. Surfing
  4. Breakin 

Loading