မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ
သမိုင်းအကျဉ်း
(၁) မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ (၁၉.၄.၁၉၉၃) ရက်စွဲပါ ဥပဒေအမှတ် (၆/၉၃) ဖြင့် ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။
(၂) မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီဥပဒေအရ အဖွဲ့ဝင်(၇)ဦး ပါဝင်သော “မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂.၁.၁၉၉၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၉၇) ဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၂.၁.၂၀၀၄) ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၉၃/၂၀၀၄) ဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
(၃) အမိန့်ကြော်ငြာစာအမှတ် (၁/၉၇) ဖြင့် ဖွဲ့စည်းခဲ့သည် “မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီ” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ (၃၁.၅.၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၁၁)ဖြင့် ဖျက်သိမ်းခဲ့ပြီး “မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီ” အဖြစ် နိုင်ငံတော်သမ္မတရုံး၏ (၂၀.၄.၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၁၁)ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
(၄) “မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ” ကို နိုင်ငံတော်သမ္မရုံး၏ (၂၉.၃.၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၁၆) ဖြင့်ဖျက်သိမ်းခဲ့ပါသည်။
(၅) နိုင်ငံတော်သမ္မတရုံး၏ (၂၂.၂.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၉) ဖြင့် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် (၇) ဦးဖြင့် “မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
(၆) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ (၂၄.၉.၂၀၂၁) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၇၆/၂၀၂၁) ဖြင့်အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် (၈) ဦးဖြင့် “မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
(၇) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ (၁၉.၁.၂၀၂၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၂၅)ဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် (၉) ဦးဖြင့် “မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
(၈) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ (၄.၂.၂၀၂၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၂၅)ဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင်(၉)ဦးဖြင့် “မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
(၉) နိုင်ငံတော်သမ္မတရုံး၏ (၄.၅.၂၀၂၆)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၆၂/၂၀၂၆)ဖြင့် အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောာင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် (၁၁)ဦးဖြင့် “ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် ၆၂ / ၂၀၂၆
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်
( ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် )
၁။ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီဥပဒေအရ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
| (က) |
ပြည်ထောင်စုဝန်ကြီး အားကစားရေးရာဝန်ကြီးဌာန |
ဥက္ကဋ္ဌ |
| ( ခ ) | ဒုတိယဝန်ကြီး ပို့ဆောင်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ( ဂ ) | ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ( ဃ ) | ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ( င ) | ဒုတိယဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ( စ ) | ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ( ဆ ) | ဒုတိယဝန်ကြီး ပညာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| ( ဇ ) | ဒုတိယဝန်ကြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန |
အဖွဲ့ဝင် |
| (ဈ ) | ဒုတိယဝန်ကြီး ကျန်းမာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| (ည) | ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
| (ဋ) | ဒုတိယဝန်ကြီး အားကစားရေးရာဝန်ကြီးဌာန |
အတွင်းရေးမှူး |
မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ၏ လုပ်ငန်းတာ၀န်များ
(က) မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီဥပဒေပါ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ်ပေးခြင်း၊
( ခ ) မြန်မာ့အားကစား ကမ္ဘာ့အဆင့်အတန်းမီစေရေးအတွက် ကျန်းမာသန်စွမ်းစေရန် အားကစားနှင့်ကာယပညာဆိုင်ရာ စီမံကိန်းနှင့် စီမံချက်များ ချမှတ်ပေးခြင်း၊
( ဂ ) တစ်မျိုးသားလုံး ကိုယ်လက်ကြံ့ခိုင်ရေးနှင့် လူထုအားကစားလှုပ်ရှားမှုများကို ကျင်းပခြင်းနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊
(ဃ) အားကစားအဆင့်အတန်းအား နိုင်ငံတကာနှင့်ရင်ဘောင်တန်း တိုးတက်မြင့်မားလာစေရန် “အားကစားဆေးပညာလုပ်ငန်း”နှင့် “အားကစားသုတေသနလုပ်ငန်းများ”နှင့် စပ်လျဉ်း၍ မူဝါဒ ချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊
( င ) ပြည်တွင်း၊ ပြည်ပအားကစားပြိုင်ပွဲများကို အဆင့်မီစွာနှင့် တရားမျှတသန့်ရှင်းသော ပွဲစဉ်များ ဖြစ်မြောက်အောင် ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်ပပြိုင်ပွဲယှဉ်ပြိုင်မှုများတွင် မိမိတို့နိုင်ငံ အနေဖြင့် အောင်မြင်မှုရရှိစေရေးတို့အတွက် ပြိုင်ပွဲကြီးကြပ်ရေးတာဝန်ပေးစေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ မူဝါဒ ချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊
( စ ) အားကစားသိပ္ပံ၊ အားကစားတက္ကသိုလ်များဖွင့်လှစ်ခြင်း၊ အားကစားအမျိုးအစားအလိုက် သင်တန်းများ ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊
(ဆ) အားကစားအရည်အသွေး မြင့်မားလာစေရန် နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာအားကစား ပြိုင်ပွဲများ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊
( ဇ ) ပြည်ပတွင်ကျင်းပသည့်အားကစားပြိုင်ပွဲများတွင် အားကစားသမားများ၊ အားကစားအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ရေးအတွက် သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ရွေးချယ်စေလွှတ်ခြင်း။
(ဈ) ပြည်ပတွင်ကျင်းပသည့် အားကစားဆိုင်ရာသင်တန်းများ၊ ဆွေးနွေးပွဲများသို့ တက်ရောက်ရန် သင့်လျော်သည့်ပုဂ္ဂိုလ်များအား သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ရွေးချယ်စေလွှတ်ခြင်း၊
(ည) အားကစားဆိုင်ရာလေ့လာရေးနှင့် ချစ်ကြည်ရေးအဖွဲ့များကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ပြည်ပသို့စေလွှတ်ခြင်း၊
( ဋ ) ပြည်ပအားကစားအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ အားကစားပညာရှင်များ၊ အားကစားအသင်း အဖွဲ့များ၊ အကူအညီပေးသူများကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ဖိတ်ကြားခြင်း။
(ဌ) နိုင်ငံခြားနည်းပြများကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ဖိတ်ကြားခြင်း ၊ ငှားရမ်းခြင်း၊
( ဍ ) အစိုးရဌာနအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များထံမှ အလှူငွေများ၊ ထောက်ပံ့ငွေများ လက်ခံခြင်း၊
( ဎ ) အစိုးရဌာနအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များထံမှ အားကစား အဆောက်အဦ၊ အားကစားကွင်း၊ အားကစားရုံ၊ အားကစားပစ္စည်းများကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ လွှဲပြောင်းရယူ အသုံးပြုခြင်း၊
(ဏ) ပြည်တွင်း၊ ပြည်ပမှ အားကစားပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့်စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လမ်းညွှန်ခြင်း၊
(တ) အားကစားနှင့်စပ်လျဉ်း၍ ရရှိသည့်ဝင်ငွေများ၊ အလှူငွေများအပေါ် ဝင်ငွေခွန်၊ အမြတ်ခွန် စည်းကြပ်ခြင်းမှ သက်သာခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ရရှိရန် သက်ဆိုင်ရာ ဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း။