မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အမှတ်တံဆိပ်
သမိုင်းအကျဉ်း
(၁) ၁၉၆၄ ခုနှစ်၊ နို၀င်ဘာလ (၂၆) ရက်တွင် စတင်ဖွဲ့စည်းသည်။
(၂) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၉) ရက်တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီမှ အဖွဲ့၀င်အဖြစ် တရား၀င်သတ်မှတ်သည်။
(၃) ၁၉၉၃ ခုနှစ်၊ဧပြီလ (၁၉) ရက်တွင် နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၆/၉၃)ဖြင့် အမျိုးသားအိုလံပစ်ကောင်စီဥပဒေကို သတ်မှတ်ပြီး ဥပဒေ အခန်း (၅) အရ အိုလံပစ်ကော်မတီကို ဖွဲ့စည်းတာ၀န်ပေးခဲ့သည်။
(၄) ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်၊ အမိန့်ကြော်ငြာစာအမှတ် (၁/၉၉) ဖြင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့သည်။
(၅) နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး၏ (၂၆.၄.၂၀၀၅) ရက်စွဲပါ စာအမှတ်၊ ၁၀၀/ နယက(ဥ)ကစ ခွင့်ပြုချက်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ကို ပြင်ဆင်ဖွဲ့စည်းတာ၀န်ပေးအပ်ခဲ့သည်။
(၆) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် အားကစားလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ၏ (၂၂.၁.၂၀၁၂) ရက်စွဲပါ အမိန့်စာအမှတ် (၁/၂၀၁၂) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
(၇) မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်(၃၀)ဦး ပါဝင်သော “ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ” ကို မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ၏ (၂၂.၄.၂၀၂၀) ရက်စွဲပါ အမိန့်စာအမှတ် (၁၂၈/၂၀၂၀)ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ခဲ့သည်။
(၈) မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်(၂၈)ဦး ပါဝင်သော “ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ” ကို မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ၏ (၂၄.၄.၂၀၂၅) ရက်စွဲပါ အမိန့်စာအမှတ် (၆/၂၀၂၅)ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ခဲ့သည်။
မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ
နေပြည်တော်
ရုံးအမိန့်စာအမှတ် ၆ / ၂၀၂၅
နေပြည်တော်၊ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်
၁။ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် “မြန်မာနိုင်ငံအိုလံပစ်ကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များပါဝင်သော အဖွဲ့ဝင်(၂၈)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
(၁) | ပြည်ထောင်စုဝန်ကြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန |
ဥက္ကဋ္ဌ |
( ၂ ) | ဒုတိယဝန်ကြီး(အားကစား) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန |
ဒုတိယဥက္ကဋ္ဌ |
( ၃ ) | ဦးဇော်ဇော် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် |
တွဲဖက်ဥက္ကဋ္ဌ |
( ၄ ) | ဦးမိုးမြင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် |
တွဲဖက်ဥက္ကဋ္ဌ |
( ၅ ) | ဦးထွန်းထွန်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် |
တွဲဖက်ဥက္ကဋ္ဌ |
( ၆ ) | ဦးပြုံးမောင်မောင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် |
တွဲဖက်ဥက္ကဋ္ဌ |
( ၇ ) | ဦးရဲမြင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် |
တွဲဖက်ဥက္ကဋ္ဌ |
( ၈ ) | ဦးရှိန်ဝင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် |
တွဲဖက်ဥက္ကဋ္ဌ |
(၉ ) | ဦးမောင်မောင်လွင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၀ ) | ဦးခင်မောင်ဝင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၁ ) | ဦးကိုကိုအေး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၂ ) | ဦးကျော်ကျော် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၃ ) | ဦးမြဟန် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၄ ) | ဦးကျော်မိုးဝင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၅ ) | ဦးဖြိုးကိုကိုတင့်ဆန်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၆ ) | ဦးကိုကိုအောင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၇ ) | ဦးဥဂ္ဂါအေး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၈ ) | ဦးရဲဝင့်ထွဋ်တင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၁၉ ) | ဦးမျိုးသူရ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၂၀ ) | ဦးရဲနိုင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၂၁ ) | ဒေါက်တာတင်အောင်လွင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၂၂ ) | ဦးသောင်းထိုက်မင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၂၃ ) | ဦးဇာနည်ဝင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလေကြောင်းဆိုင်ရာအားကစားအဖွဲ့ချုပ် |
အဖွဲ့ဝင် |
(၂၄ ) | ဒုတိယအမြဲတမ်းအတွင်းဝန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန |
ဘဏ္ဍာရေးမှူး |
(၂၅ ) | အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန |
တွဲဖက်အတွင်းရေးမှူး(၁) (မူဝါဒ/သင်တန်း) |
(၂၆ ) | ညွှန်ကြားရေးမှူးချုပ် အားကစားနှင့်ကာယပညာဦးစီးဌာန |
တွဲဖက်အတွင်းရေးမှူး(၂) (စီမံ/အုပ်ချုပ်) |
(၂၇ ) | ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) အားကစားနှင့်ကာယပညာဦးစီးဌာန |
တွဲဖက်အတွင်းရေးမှူး(၃) (နည်းစနစ်ရေးရာ) |
(၂၈ ) | ညွှန်ကြားရေးမှူး ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) အားကစားနှင့်ကာယပညာဦးစီးဌာန |
တွဲဖက်အတွင်းရေးမှူး(၄) (ရုံးအဖွဲ့မှူး-ရုံးတာဝန်ခံ) |
(၂၉ ) | ဒုတိယဝန်ကြီး(အားကစား) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန |
အထွေထွေအတွင်းရေးမှူး |
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လုပ်ငန်းတာ၀န်များ
( က) အိုလံပစ်လုပ်ငန်း၏ မူဝါဒများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို ပြည်သူအများ သိရှိနားလည်စေရန် ဆောင်ရွက်ခြင်း။
( ခ) နိုင်ငံတကာအားကစားစာမျက်နှာတွင် ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့အစည်းများ၊ နိုင်ငံအလိုက် အမျိုးသား အိုလံပစ်ကော်မတီများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း။
( ဂ) အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC)၊ အိုလံပစ်သွေးစည်းညီညွတ်ရေး အစီအစဉ်(OS)နှင့် နိုင်ငံတကာအိုလံပစ်ကော်မတီများအဖွဲ့(ANOC)၊ အာရှအိုလံပစ်ကောင်စီ (OCA)တို့မှ ချမှတ်ပေးသော အုပ်ချုပ်မှုလုပ်ငန်းများ၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းများ၊ သင်တန်းများ၊ ဘဏ္ဍာရေးလုပ်ငန်းများ အစရှိသော နှစ်စဉ်သတ်မှတ်ချက် လုပ်ငန်းများကို ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ (ဥပမာ National Sports Administrator Course, Technical Courses for Coaches သင်တန်း များဖွင့်လှစ်ခြင်း)
(ဃ) ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှပြိုင်ပွဲများသို့ အိုလံပစ်ကော်မတီဝင်များ အတွေ့အကြုံ ရရှိစေရန် သွားရောက်လေ့လာစေခြင်း။
( င) ကမ္ဘာ့အိုလံပစ်၊ အာရှ၊ အရှေ့တောင်အာရှပြိုင်ပွဲများနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအားကစားအဖွဲ့များ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရေးအတွက် ကော်မတီ၏ လမ်းညွှန်မှုခံယူဆောင်ရွက်ခြင်း။
( စ ) အဖွဲ့ချုပ်များနှင့် နိုင်ငံတကာအိုလံပစ်ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များ အကြား ဆက်သွယ်ပေါင်းကူးပေးခြင်း။
(ဆ) အားကစားနည်းအလိုက် အဖွဲ့ချုပ်ဥက္ကဋ္ဌများကို စိစစ်ရွေးချယ်၍ ကော်မတီ၏ အတည်ပြုချက် ရယူကာခန့်အပ်တာဝန်ပေးခြင်းနှင့် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ အဖွဲ့ဝင်များကို ဦးရေသတ်မှတ်ပေးခြင်း၊ စိစစ်ခန့်အပ် အစားထိုးတာဝန်ပေးခြင်း။
( ဇ ) နိုင်ငံတကာအားကစားအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များ၏ အကူအညီဖြင့် ပြည်တွင်း၌ သင်တန်းများ ဖွင့်လှစ်နိုင်ရန်နှင့် ပြည်ပ၌ ဖွင့်လှစ်သော သင်တန်းများသို့ သင်တန်းသားများ စေလွှတ်နိုင်ရန် အဖွဲ့ချုပ်များသို့ လမ်းညွှန်ဆောင်ရွက်ပေးခြင်း။