မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ
မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၄-၆-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၂/၂၀၂၂)ဖြင့် အောက်ပါအတိုင် ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ( ၁၁၂ /၂၀၂၂ )
၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်
(၂၀၂၂ ခုနှစ်၊ ဇွန် လ ၂၄ ရက်)
မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း
၁။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ ဆောင်ရွက်နေသောလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးရန်နှင့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီများမှ ဆောင်ရွက်ချက်များအား တာဝန်ယူ၍ လူငယ်ရေးရာဗဟိုကော်မတီသို့ တင်ပြရန်အတွက် “မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ”ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ဒုတိယဝန်ကြီး ဥက္ကဋ္ဌ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
( ခ ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန
( ဂ ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
စီမံကိန်းရေးဆွဲရေးဦးစီးဌာန
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
(ဃ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပြန်ကြားရေးဝန်ကြီးဌာန
( င ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
သာသနာရေးဦးစီးဌာန
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
( စ ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(ဆ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ပြည်သူ့အင်အားဦးစီးဌာန
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
( ဇ ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
အလုပ်သမားဝန်ကြီးဌာန
( ဈ ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
အခြေခံပညာဦးစီးဌာန
ပညာရေးဝန်ကြီးဌာန
(ည) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
( ဋ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန
( ဌ ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
လူမှုဝန်ထမ်းဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
( ဍ ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
(ဎ ) ကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင်
မြန်မာနိုင်ငံကင်းထောက်အဖွဲ့
(ဏ) ကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင်
မြန်မာနိုင်ငံကြက်ခြေနီအသင်း
(တ) ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
လူငယ်ရေးရာဦးစီးဌာန
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန
၂။ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ပြည်ထောင်စုဝန်ကြီးဌာန အချင်းချင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များကြား၊ လူမှုအဖွဲ့အစည်းများ နှင့်လူငယ်များကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ရန်။
( ခ) မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီ တို့ကြား ဆက်စပ် ဆောင်ရွက် ပေးရန်။
( ဂ ) မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရန်။
၃။ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ပါက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ ခွင့်ပြုချက်ဖြင့် ပြင်ဆင်ဖွဲ့စည်းနိုင်သည်။