အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အာရှအိုလံပစ်ကောင်စီ

အာရှအိုလံပစ်ကောင်စီ (Olympic Council of ASIA)

ဆောင်ပုဒ်

“Ever Onward အစဉ်အမြဲရှေ့သို့ချီ”

အာရှအိုလံပစ်ကောင်စီ (Olympic Council of Asia (OCA))သည် အဖွဲ့ဝင် ၄၅ နိုင်ငံပါဝင်သော အာရှအားကစားအဖွဲ့ချုပ် ဖြစ်သည်။ ကူဝိတ်နိုင်ငံတွင် ဌာနချုပ် တည်ရှိပြီး လက်ရှိဥက္ကဋ္ဌတာဝန်ယူထားသူမှာ အိန္ဒိယနိုင်ငံသား Raja Randhir Singh ဖြစ်သည်။  

၁၉၄၈ ခုနှစ် လန်ဒန်နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် အာရှအားကစားအဖွဲ့ချုပ်များမှ အာရှအားကစားပွဲတော် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး အာရှအားကစားပွဲတော်အဖွဲ့ချုပ်ကို ၁၉၄၉ ခုနှစ်တွင် တည်ထောင်ပြီးနောက် အာရှအိုလံပစ်ကောင်စီကို ၁၉၈၂ နိုဝင်ဘာ ၁၆ တွင် နယူးဒေလီမြို့၌ ဖွဲ့စည်းခဲ့သည်။ ထိုနှစ်မှာပင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) မှ အာရှအိုလံပစ်ကောင်စီကို အသိအမှတ်ပြုခဲ့သည်။

အဓိက ရည်မှန်းချက်မှာ အာရှတိုက် အတွင်းရှိ လူငယ်များတွင် အားကစား၊ ယဉ်ကျေးမှု နှင့် ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည်။

မကာအို အမျိုးသားအိုလံပစ်ကောင်စီကို အာရှအိုလံပစ်ကောင်စီက အသိအမှတ်ပြုသော်လည်း အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီမှ အသိအမှတ် မပြုထားသဖြင့် အိုလံပစ်အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။ 

OCA – အဖွဲ့၀င်နိုင်ငံများ

(၁)

အရှေ့အာရှနိုင်ငံများ

(East Asia)

(၈) နိုင်ငံ

(၂)

အရှေ့တောင်အာရှနိုင်ငံများ

(South East Asia)

(၁၁) နိုင်ငံ

(၃)

တောင်အာရှနိုင်ငံများ

(South Asia)

(၈) နိုင်ငံ

(၄)

အရှေ့အလယ်ပိုင်းနိုင်ငံများ

(Cental Asia)

(၅) နိုင်ငံ

(၅)

အနောက်အာရှနိုင်ငံများ

(West Asia)

(၁၃) နိုင်ငံ

 

 

စုစုပေါင်း

(၄၅) နိုင်ငံ

Asian Sports Federations

Loading