အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ

သမိုင်းအကျဉ်း

(၁) မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ (၁၉.၄.၁၉၉၃) ရက်စွဲပါ ဥပဒေအမှတ် (၆/၉၃) ဖြင့် ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။

(၂) မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီဥပဒေအရ အဖွဲ့ဝင်(၇)ဦး ပါဝင်သော “မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂.၁.၁၉၉၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၉၇) ဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၂.၁.၂၀၀၄) ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၉၃/၂၀၀၄) ဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

(၃) အမိန့်ကြော်ငြာစာအမှတ် (၁/၉၇) ဖြင့် ဖွဲ့စည်းခဲ့သည် “မြန်မာနိုင်ငံအမျိုးသား အိုလံပစ်ကောင်စီ” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ (၃၁.၅.၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၁၁)ဖြင့် ဖျက်သိမ်းခဲ့ပြီး “မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီ” အဖြစ် နိုင်ငံတော်သမ္မတရုံး၏ (၂၀.၄.၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၁၁)ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

(၄) “မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ” ကို နိုင်ငံတော်သမ္မရုံး၏ (၂၉.၃.၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၁၆) ဖြင့်ဖျက်သိမ်းခဲ့ပါသည်။

(၅) နိုင်ငံတော်သမ္မတရုံး၏ (၂၂.၂.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၉) ဖြင့် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် (၇) ဦးဖြင့် “မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

(၆) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ (၂၄.၉.၂၀၂၁) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၇၆/၂၀၂၁) ဖြင့်အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် (၈) ဦးဖြင့် “မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ” ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။