မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီ
မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ
နေပြည်တော်
ရုံးအမိန့်စာအမှတ် ၉၃ / ၂၀၂၅
၁၃၈၇ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်)
၁။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူများ၏ အားကစားနှင့်ကာယပညာ တိုးတက်ဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်-
(က) |
ပြည်ထောင်စုဝန်ကြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန |
နာယက |
( ခ ) |
ဒုတိယဝန်ကြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(အားကစား) |
ဥက္ကဋ္ဌ |
(ဂ ) |
လူမှုရေးရာဝန်ကြီးများ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ |
အဖွဲ့ဝင် |
(ဃ) | အမြဲတမ်းအတွင်းဝန်၊ ကာကွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
( င ) | အမြဲတမ်းအတွင်းဝန်၊ပြည်ထဲရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
( စ) | အမြဲတမ်းအတွင်းဝန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန | အဖွဲ့ဝင် |
(ဆ) | အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
(ဇ ) | အမြဲတမ်းအတွင်းဝန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန | အဖွဲ့ဝင် |
( ဈ ) | အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
(ည) | အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
(ဋ ) |
ညွှန်ကြားရေးမှူးချုပ် /အမြဲတမ်းအတွင်းဝန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန |
အတွင်းရေးမှူး |
( ဌ ) |
ညွှန်ကြားရေးမှူးချုပ် အားကစားနှင့်ကာယပညာဦးစီးဌာန |
တွဲဖက် အတွင်းရေးမှူး |
မြန်မာနိုင်ငံအားကစားနှင့်ကာယပညာကော်မတီ၏ လုပ်ငန်းတာ၀န်များ
(က) မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီမှ ချမှတ်ပေးသည့် မူဝါဒများ လမ်းညွှန်ချက်များနှင့်အညီ အားကစားနှင့်ကာယပညာလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရမည်။
(ခ) ဝန်ကြီးဌာနအားကစားနှင့်ကာယပညာကော်မတီများ၊ ပြည်နယ်/တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီများ၊ ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာကော်မတီနှင့် ဒေသအလိုက်အားကစားနှင့် ကာယပညာကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ရမည်။
( ဂ ) တစ်မျိုးသားလုံး ကိုယ်လက်ကြံ့ခိုင်ပြီး ကျန်းမာသန်စွမ်းစေရန် အားကစားနှင့် ကာယပညာဖြင့် အကောင်အထည်ဖော်ရမည်။
(ဃ) လူတစ်စုအားကစားမှ လူထုအားကစားအဖြစ်ရောက်ရှိစေရန် အကောင် အထည်ဖော်ဆောင်ရွက်ရမည်။
(င) ဌာနတွင်း အားကစားပြိုင်ပွဲများ၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊ ဒေသအလိုက် အားကစားပြိုင်ပွဲများ အဆင့်ဆင့်ပြုလုပ်ပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်စေရန် ဆောင်ရွက်ရမည်။
(စ ) ဝန်ကြီးဌာနပိုင်မြေနေရာများတွင် ဝန်ကြီးဌာန အားကစားကွင်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ်များ၊ အခြေခံပညာကျောင်းများတွင် အားကစားကွင်း/ အားကစားရုံများနှင့်ပြည်နယ်/ တိုင်းဒေသကြီးများရှိ မြေနေရာလွတ်များတွင် အားကစားကွင်း/ အားကစားရုံများ ဦးစားပေး အစီအစဉ်ဖြင့် လိုအပ်သလိုတည်ဆောက်ခြင်းနှင့် ရပ်ကွက်/ကျေးရွာ ဘောလုံးကွင်းများဖော်ထုတ်ပေးရမည်။
(ဆ) အားကစားနည်းပြများ/ ဒိုင်များမွေးထုတ်ပေးခြင်း၊ ပြိုင်ပွဲကျင်းပရေးကော်မရှင် သင်တန်းနှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရမည်။
( ဇ ) အမျိုးသားအားကစားပွဲတော်များကျင်းပနိုင်ရေး၊ အားကစားနည်းအလိုက် ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများကျင်းပနိုင်ရေးနှင့် တက္ကသိုလ်ကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲများ၊ အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများ၊ အခြား အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေးရမည်။
(ဈ) ကော်မတီ၏လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ အမျိုးသား အိုလံပစ်ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီရန်ပုံငွေရှာဖွေသုံးစွဲရမည်။
(ည) ကော်မတီအစည်းအဝေးများ ပုံမှန်ကျင်းပခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီသို့ နှစ်စဉ်သုံးသပ် တင်ပြရမည်။
( ဋ ) မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီက အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ရမည်။