အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက် တောင်ကြီး၊ မေလ(၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြားသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက အားကစားဆိုင်ရာကိစ္စရပ်များတင်ပြရာ နိုင်ငံတကာအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ချီးမြှင့်မှုများသည့် ရေကူးအားကစားနည်း သင်တန်းဖွင့်လှစ်နိုင်ရေးနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဌာန၏အားကစားရည်မှန်းချက်များအောင်မြင်ရေးနှင့် ရှမ်းပြည်နယ်၏အားကစား ယခုထက် ပိုမို ဖွံ့ဖြိုးရေးအတွက် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီးအားကစားကွင်းရုံများအား စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ နံနက်(၁၀:၀၀)နာရီအချိန် […]