အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်အတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရေးနှင့် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲများတွင် စနစ်တကျ သရုပ်ပြသနိုင်ရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီခွဲတွင် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၌ ၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အခမ်းအနားတွင် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁/၂/၃)နှင့် Fitness Dance သီချင်းများ ကို သင်ကြားပို့ချခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ ဌာနခွဲအသီးသီးမှ သင်တန်းသား/ သင်တန်းသူ(၁၄)ဦး […]

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ နိုဝင်ဘာ ၂ ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၈း၀၀)နာရီအချိန်၌ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးများ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ (၃၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို  ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မွန်ပြည်နယ်အသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထောင်စုနယ်မြေ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၃၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ယနေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရခိုင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ […]

(၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲမှ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ပြန်လည်ရောက်ရှိ

Loading

(၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲမှ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ပြန်လည်ရောက်ရှိ ရန်ကုန်၊ အောက်တိုဘာ(၃၀)။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်မှ (၂၈)ရက်နေ့ထိ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Hangzhou မြို့၌ ကျင်းပခဲ့သည့် (၄)ကြိမ်မြောက်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိပြီးယ‌နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အတွင်း‌ရေးမှူး၊ နည်းပြ၊အုပ်ချုပ်သူနှင့် အားကစားသမားများ ပြန်လည်‌ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေး၀န်ကြီး ဦးအောင်၀င်းသိန်း၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှတာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ကျောင်းသူများကြိုဆိုကြသည်။ အဆိုပါ ပြိုင်ပွဲ၌ မြန်မာကစားသမားစိုးပေသည် အမျိုးသားမီတာ(၂၀၀)အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)နှင့် အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)တွင် ကြေးတံဆိပ်တစ်ခုစီ၊ အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)တွင် လော်လာဝင်း တို့က တတိယကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့ကြ‌ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ (၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကယားပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို(၃)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာလ(၂၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ပါသည်။ ယနေ့ ဘော်လီဘောအမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကယားပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကယားပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကယား ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသ ကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက […]

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ မုံရွာ၊ အောက်တိုဘာ၂၄။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်) နှင့် Physical Fitness Dance ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ပရိတ်သတ်များတက်ရောက်အားပေးခဲ့ကြပါသည်။ ပထမဦးစွာ ဆုရအသင်းများမှ သရုပ်ပြဖျော်ဖြေခဲ့ကြပြီး Physical Fitness Dance ပြိုင်ပွဲတွင် တတိယဆုနှင့်ဒုတိယဆုရရှိသောအသင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ပထမဆုရရှိသောအသင်းအား တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ (၁)ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအားစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး […]

၂၀၂၃ ခုနှစ် ၊ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ညောင်ရွှေမြို့၊ အောက်တိုဘာ ၂၃။ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲကျင်းပရေးကော်မတီမှ နှစ်စဥ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိရာ ဘော်လီဘောအားကစားလောကတိုးတက်လာစေရေးနှင့် မြန်မာ့လက်ရွေးစင်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ၊ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော် အဆင့်မြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၅း၀၀)နာရီအချိန်၌ ညောင်ရွှေမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ၊ ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘော်လီဘောအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဥ်များကို ဆက်လက်ယှဥ်ပြိုင်ကစားကြရာတွင် ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် မိုင်းပျိုးအသင်းနှင့် သလဲဦးအသင်းတို့ ယှဥ်ပြိုင်ကစားရာ […]

(၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ထွက်ခွာ

Loading

(၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ ထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ(၁၆)ရက်။ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ(၂၂) ရက်နေ့မှ (၂၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ မသန်စွမ်းအားကစားအဖွဲ့သည် ယနေ့ ညနေ(၁၆း၁၀)နာရီအချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနဦ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် မြန်မာနိင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ရန်နှင့် မြန်မာအားကစား အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်လှမိုး နှင့်အတူ အတွင်းရေးမှူး(၁)ဦး၊ အုပ်ချုပ်သူ/ […]